Chapter 50

3.8K 731 25
                                    

[Unicode]

ရန်ရိ ​ဈေးသို့ပြန်သွား​​သော်၊ ရှိသမျှလူအကုန်လုံးသည် ​ကောင်းကယ်အား ရှာနေကြသည်ကို​တွေ့လိုက်ရသည်။ သူ ​မေးလိုက်သည် :

“ ပစ္စည်းထားတဲ့ခန်းမှာ လူမရှိဘူးဆိုတာ ​သေချာလား ?”

“ မရှိဘူး၊ ကျွန်​​တော်တို့အားလုံး ရှာပြီးပြီ။ ”

“ ​နောက်ဆုံး သူ့ကို ဘယ်သူမြင်လိုက်တာလဲ ?”

အကုန်လုံးသည် အချင်းချင်းသူ့မျက်နှာကိုယ့်မျက်နှာ ပြန်ကြည့်ကြည့်လိုက်ကြသည်။

စွန်းတင့်ယိသည် ကမန်းကတန်း​ပြောလိုက်သည် :

“ ကျွန်​တော်တို့……ဖြစ်မယ်။ ”

“ Alarm ​ရော ? သူ့ရဲ့ alarm မမြည်ဘူးလား ?”

မီးသတ်သမားအ​ယောက်တိုင်း၏ကိုယ်​ပေါ်တွင် Alarm တစ်ခုစီရှိပြီး၊ သယ်​ဆောင်ထားသည့်သူ လဲကျမကျကို စစ်​ဆေးနိုင်သည်။ လဲကျ​နေသည်မှာ စက္ကန့် 20 ကျော်သွားပြီဆိုလျှင်၊ Decibel မြင့်သည့် အချက်​ပေးသံထွက်​ပေါ်လာတတ်သည်။ အခင်း​နေရာပတ်ဝန်းကျင်သည် ဆူညံ့​နေသည်ဆို​သော်ငြားလည်း၊ ထိုအသံကို မကြားမိဘူးဆိုသည်မှာ မဖြစ်နိုင်​ချေ။

“ အကုန်လုံး မကြားမိကြဘူး။ ”

ရန်ရိတစ်​ယောက် အနည်းငယ်မူး​ဝေလာရသည်။ သက်ရှိလူကြီးတစ်​ယောက်က ဘယ်လိုလုပ်ပြီး အ​ခြေအမြစ်မရှိ​ပျောက်ဆုံးသွားနိုင်ရမှာလဲ?!သူ အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်ပြီး :

“ ငါတို့ တစ်​ခေါက်စစ်ကြည့်ကြည့်ရ​အောင်။ မင်း၊ ငါနဲ့​ကောင်းကယ်တို့က အစတုန်းက​ ရေဖြန်း​နေခဲ့ကြတာ။ နောက်​တော့ အဖွဲ့တစ်ဖွဲ့လဲတယ်၊ ​နောက်တစ်ဖွဲ့က ဘယ်သူလဲ ?”

“ ကျွန်​တော်တို့ပါ။ ”

လျို​ဟွေးက ​ပြောသည်၊

“ ကျွန်​တော်တို့ သုံး​ယောက်။ ”

“ ငါတို့ထွက်လာတုန်းက၊ ​ကောင်းကယ်က ငါတို့အ​နောက်မှာ၊ သူ ဘယ်သွားလဲဆိုတာကို ဘယ်သူမြင်လိုက်လဲ ?”

လျို​ဟွေးတို့သုံး​ယောက်သည် ကူကယ်ရာမဲ့စွာဖြင့် တစ်​ယောက်မျက်နှာတစ်​ယောက်ကြည့်လိုက်ကြသည် :

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now