Chapter 11

5.2K 832 37
                                    

[Unicode]

နောက်တစ်နေ့ နေ့လည်တွင်၊ မီးသတ်စုံစမ်းစစ်ဆေးရေးဌာနဓါတ်ခွဲခန်းမှ ကုံးရင့်ရှန် အခင်းနေရာမှ ကောက်လာခဲ့သော ထိုအရည်ပျော်နေသည့်ဖန်စ၏ အဖြေထွက်လာလေရာ၊ သူ ခန့်မှန်းထားသည်အတိုင်းပင်၊ Alcohol burner မှ ဖြစ်နေခဲ့သည်။

ရန်ရိသည် ချိုးဝန်အား အစီရင်ခံစာကို ဟုန်ဝူဌာနခွဲသို့ ပို့ခိုင်းလိုက်သည်။ ထို့နောက် ကုံးရင့်ရှန် စစ်ဆေးထားသည့်ရလဒ်ကို message ပို့ပြီး အသိပေးလိုက်သည်။

ဤကဲ့သို့ ခိုင်လုံသည့်သက်သေရှိလျှင် အများသောအားဖြင့် အမှုအဆုံးသတ်လို့ ရနိုင်ပေသည်။ အမှုစဖြစ်ကတည်းက ယနေ့အထိ လေးရက်သာ ကုန်သေးသည်။ ဤကဲ့သို့ ခရီးပေါက်ရောက်သည်ကို ခေါင်းဆောင်နှင့် ပြည်သူလူထံသို့ ချပြ၍ ရတော့ပေမည်။

ရန်ရိသည် အစက ဤအမှုသည် ပြီးဆုံးသွားပြီဟု ထင်လိုက်သည်။ သို့သော် နေဝင်ရီတရောအချိန်တွင် ကုံးရင့်ရှန်ဆီမှ ဖုန်းကို ထပ်မံလက်ခံရရှိခဲ့သည်။

" မင်း စစ်ဆေးချက်အစီရင်ခံစာ ရပြီးပြီလား ?"

" ရပြီးပြီ၊ ငါ မင်းနဲ့ အတည်ပြုစရာကိစ္စတစ်ခုရှိလို့။ "

ကုံးရင့်ရှန်က ပြောသည်။

" ဘာလဲ?"

" မင်းတို့ အကြောင်းကြားချက်ရတဲ့အချိန်ကနေပြီးတော့၊ အခင်းနေရာရောက်တာ၊ အရေးပေါ်ထွက်ပေါက်တံခါးဖွင့်တာ၊ မီးငြှိမ်းသတ်ပြီးတာ၊ အဲ့ဒါတွေရဲ့ အချိန်အတိအကျကို။ "

" ငါ အစီရင်ခံစာ ရေးလို့တော့ မပြီးသေးဘူး၊ မင်းကို အရင်ပို့ပေးလိုက်လို့တော့ ရတယ်၊ အထဲမှာ အသေးစိတ်မှတ်ထားတာတွေ ရှိတယ်။ ဘာဖြစ်လို့လဲ ?"

" အမှုက အပြောင်းလဲရှိနိုင်တယ်။ "

ရန်ရိသည် ခန္ဓာကိုယ်ကို မတ်မတ်ထိုင်လိုက်ပြီး :

" ဘာအပြောင်းအလဲလဲ ?အမှုပိတ်လိုက်လို့ရပြီ မဟုတ်ဘူးလား ?"

" ချိုက်ဝမ်က မူးယစ်ဆေး ရှူတာကို ဝန်ခံလိုက်တယ်။ Alcohol burner က ဆိုဖာကို မီးလောင်သွားတယ်ဆိုတာကို သူဝန်ခံလိုက်တယ်။ ဒါပေမဲ့ သူပြောတာက အဲ့အချိန်တုန်းက အခန်းထဲမှာ တစ်ခြားလူရှိတယ်တဲ့၊ သူစိမ်းယောကျာ်းတစ်ယောက်တဲ့။ သူ့ အသိက ဝေဝါးနေတာမလို့ တစ်ဖက်လူရဲ့ ပုံစံကို မမှတ်မိဘူးတဲ့။ သူပြောတာက၊ အဲ့ဒီလူက Alcohol burner ကို တမင်ရိုက်ခွဲပစ်လိုက်တာတဲ့။ အစတုန်းက သူ မူးယစ်ဆေးသုံးတာကို သိမှာစိုးလို့ အာ့ကြောင့် မပြောရဲတာတဲ့။ "

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now