[Unicode]
ကုံးရင့်ရှန် ပြင်ဆင်၍ပြီးသော်၊ စက်ခန်းထဲသို့ စိမ့်ဝင်လာသည့် ammonia များကို ရန်ရိသည် မီးသတ်ပိုက်နှင့် စဖျော်တော့သည်။ Ammonia ပမာဏသာ နည်းနေမည်ဆိုလျှင် မီးပွားတစ်စက်လောက်ကလေးလောက်ကတော့ အန္တရာယ်မများနိုင်ချေ။
မီးသတ်ဆေးဘူးနှစ်ဘူးဖြန်းပြီး၊ ရန်ရိမှာ စိတ်မချသေးသဖြင့် mask ကို ချွတ်ကာ လူ့အရေပြားဖြင့် ammonia ပမာဏကို စမ်းကြည့်ကြည့်လိုက်သည်။ အနည်းငယ် မွန်းကြပ်ပြီး စူးသော်လည်း၊ သို့သော် ပမာဏမှာ အရမ်းမမြင့်နေချေ။
ကုံးရင့်ရှန်သည် အလွယ်ကိရိယာများကို တံခါးဘက်သို့ ရွှေ့လိုက်ပြီး wire ကို ရန်ရိအား ပေးကာ:
" ငါ ဖွင့်လို့ပြောရင် မင်း ဖွင့်လိုက်။ အသက်မအောင့်နိုင်တော့ရင် ငါနဲ့လာလဲ။ "
ရန်ရိ :
" ကိစ္စမရှိဘူး၊ ကြိုးစားပြီး ရှူလို့ရတယ်။ "
ကုံးရင့်ရှန်သည် ရန်ရိအား မျက်မှောင်တစ်ချက်ကြုတ်ကြည့်လိုက်သည်။ ရင်နာရသော်လည်း ယခုအချိန်တွင် အတတ်နိုင်ဆုံးအမြန်ဖျက်ဖွင့်ရမည်ကို သူ သိသဖြင့် ပြောလိုက်သည် :
" ဖွင့်။ "
ရန်ရိသည် wire ကြိုးနှစ်ကြိုးကို တစ်ကြိုးတည်းဖြစ်အောင်လိမ်လိုက်ပြီး mains နှင့် ဆက်လိုက်တော့သည်။
ကုံးရင့်ရှန်လက်ထဲက heating wire က စပြီး မီးပွားထွက်လာခဲ့သည်။ ဤအလွယ်လျှပ်စစ်ဖြတ်စက်၏နိယာမမှာ resistance ကို အသုံးချပြီး ကြီးမားသည့်လျှပ်စစ်စီးကြောင်းကို ထုတ်လုပ်ခြင်းပင်။ အဆက်မပြတ်ထုတ်လွှတ်နေသည့် မြင့်မားသည့်အပူချိန်က သတ္တုကို အရည်ပျော်စေလေသည်။ သို့သော် လက်ရှိ,ရှိအရာမှာ အကန့်အသတ်ရှိသည့်ကိရိယာများဖြင့် ပြုလုပ်ထားသည့်အတွက်ကြောင့် လုပ်ဆောင်နိုင်စွမ်းမှာ အလွန့်ကို သေးငယ်ပေသည်။ ပလတ်စတစ်ကဲ့သို့သောအရာများကို ဖျက်လျှင်တော့ ရနိုင်ပေသည်။ ၄င်း၏အစွန်းက အရှေ့ရှိအလူမီနီယမ်သတ္တုစပ်တံခါးကို ထိလိုက်သည့်အခါတိုင်း ဆန်စေ့မျှသာနက်သည့်အပေါက်ငယ်လေးကိုသာ ဖောက်နိုင်လေသည်။
YOU ARE READING
Fight The Fire 《火焰戎装》Myanmar Translation
General FictionOriginal Author : 水千丞 (Shui Qian Cheng) Myanmar Translation of Fight the Fire 《火焰戎装》 196 Chapters + 4 Extras Disclaimer : I don't own this story and any picture that I used in this story. All credits go to author 水千丞 and original artists. I transla...