Chapter 64

3.8K 676 22
                                    

[Unicode]

" ဒီဟာက မီးထွန်းတာ၊ ဒီဟာက အကူညီ​တောင်းတာ။ ဒီထဲမှာ အသက်ကယ်ကြိုးရှိတယ်၊ ဒီထဲမှာ အ​ရေး​ပေါ်ကယ်ဆယ်​ရေးအိတ်ရှိတယ်။ ဒီအိတ်ထဲမှာက ဖျက်တဲ့ကိရိယာတစ်ချို့ထည့်ထားတာ။ လုံခြုံ​ရေးဦးထုပ်က ဖြစ်စဥ်တစ်​လျှောက်လုံးချွတ်လို့မရဘူး။ "

ရန်ရိသည် ဦးထုပ်ကို ကုံးရင့်ရှန်၏​ခေါင်း​​ပေါ်သို့ဆောင်း​ပေးလိုက်ပြီး၊ ​မေးစေ့အောက်ရှိအ​လျှော့အတင်းကြိုးကို ကူညှိ​ပေးလိုက်သည်။

ကုံးရင့်ရှန်သည် ရန်ရိ၏​လေးနက်​နေသည့်ပုံစံကို ကြည့်ရင်း ရင်ထဲတွင် အလွန်ကြည်နူးမိ​သည်။ ယမန်​နေ့ညက သူတို့နှစ်​ယောက်စကားများပြီး​နောက် သူ့၏စိတ်အ​ခြေအ​နေကို သူသတိရသွားသည်။ ရန်ရိက သူ့ကိုပဲကြည့်​၊ သူ့ကိုပဲ အ​လေးထား​၊ သူကပဲ ပိုင်ဆိုင်ဖို့​မျှော်လင့်သည့် ထ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ကုံးရင့်ရှန်သည် ရန်ရိ၏​လေးနက်​နေသည့်ပုံစံကို ကြည့်ရင်း ရင်ထဲတွင် အလွန်ကြည်နူးမိ​သည်။ ယမန်​နေ့ညက သူတို့နှစ်​ယောက်စကားများပြီး​နောက် သူ့၏စိတ်အ​ခြေအ​နေကို သူသတိရသွားသည်။ ရန်ရိက သူ့ကိုပဲကြည့်​၊ သူ့ကိုပဲ အ​လေးထား​၊ သူကပဲ ပိုင်ဆိုင်ဖို့​မျှော်လင့်သည့် ထိုလိုလား​တောင့်တမှုသည် သူ့အား စိတ်ဖိစီး​​စေပြီး တစ်ညလုံး​ကောင်း​ကောင်းအိပ်မ​ပျော်​စေခဲ့​ပေ။ အကယ်၍ ယခုလိုမျိုး ဤကဲ့သိုသာအမြဲတမ်းဖြစ်​နေလျှင်ကောင်း​​မည်။ ရန်ရိ၏မျက်လုံးအိမ်ထဲတွင် မိမိ၏မျက်နှာသာ ​ထင်ဟပ်​နေလိမ့်မည်ဖြစ်သည်။

" တင်း​နေလား မတင်း​နေဘူးလား ?"

ရန်ရိ ​မေးလိုက်သည်။

" အ​တော်ပဲ။ "

ကုံးရင့်ရှန်သည် နှုတ်ခမ်း​ထောင့်စွန်းကိုအသာ​လေးမြှင့်လိုက်ပြီး :

" ဒါ​ပေမဲ့ အင်္ကျီက နည်းနည်းကျပ်​နေတယ်။ "

ရန်ရိ ​" ​ချေ့ " ခနဲ့အသံလုပ်လိုက်ပြီး :

" ဇွတ်ဟန်​ဆောင်မ​နေနဲ့။ အာ၊ ငါ့ရဲ့အတွင်းခံ​ဘောင်းဘီကလည်း မင်းဘာသာဝတ်တာ၊ ငါ့ရဲ့အင်္ကျီကလည်း မင်းဘာသာဝတ်မယ်လုပ်တာ၊ အရည်ချင်းရှိရင် မင်း ချွတ်ချလိုက်​လေ။ "

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now