Chapter 24

4.8K 861 34
                                    

[Unicode]

ခုနစ်ထပ်ရှစ်ထပ်သို့ တက်ပြီး​သောအခါ၊ အကုန်လုံးသည် စတင်ပြီး ဟောဟဲလိုက်​နေကြပြီဖြစ်သည်။ မိမိ၏​ချွေးများသည် ရင်ဘတ်တစ်​လျှောက်စီးကျ​​နေသဖြင့် အနည်းငယ်ယားစိစိဖြစ်​နေသည်ကို ရန်ရိတစ်​ယောက်ခံစားမိလိုက်သည်။

ထိုစဥ်၊ ​ကြိုးမဲ့စကား​ပြောစက်မှ ရွှီကျင့်၏အသံသည် ​ပျံ့လွင့်လာခဲ့သည် :

" ရန်ရိ၊ မင်းတို့ ဘယ်အထပ်​ရောက်ပြီလဲ ?"

" ဆယ်ထပ်​မြောက်။ "

" ငါ ခုနက သတင်းရတယ်၊ ဆယ့်သုံးလွှာဓါတ်​လှေကားမှာ ပိတ်မိ​နေတဲ့လူရှိနိုင်တယ်တဲ့။ "

" ​ကောင်းပါပြီ။ ကျွန်​​တော် နှစ်​ယောက်ကိုလွှတ်ပြီး သွားခိုင်းလိုက်ပါ့မယ်။ "

ရန်ရိသည် ဝမ်မန်၏တပ်ဖွဲ့​ခေါင်း​ဆောင်တစ်​ယောက်အား လူနှစ်​ယောက်ကိုခေါ်သွားခိုင်းကာ၊ ဓါတ်​လှေကားကို သွားစစ်​ဆေးခိုင်းလိုက်သည်။ ကျန်သည့်လူများမှာ အ​ပေါ်သို့ဆက်​ပြီးပြေးကြ​လေသည်။

ဤကွန်ဒို၏ အ​ရှေ့နှင့်အ​နောက်နှစ်ဖက်တွင် ​​လှေကားနှစ်ခုစီရှိ​ပေသည်။ မီး​လောင်သည့်​နေရာသည် အ​နောက်ဘက်နှင့်နီးသဖြင့်၊ ထို့​ကြောင့် သူတို့သည် အ​​ရှေ့ဘက်​လှေကားမှတက်သွားလိုက်ကြ​သည်။ 21လွှာသို့ ခက်ခက်ခဲခဲနှင့်တက်ပြီး​​သောအခါ၊ လူတိုင်းသည် ​ဟောဟဲလိုက်​ပြီး ​ခြေကုန်လက်ပန်းကျ​နေကြပြီဖြစ်သည်။

21လွှာတွင် မီးခိုး​​ငွေ့များနှင့် ပြည့်နှက်​နေခဲ့သည်။ သို့​သော် မီး​လောင်​နေသည့်ရာကို ဘယ်လိုမှမမြင်ရ​​သဖြင့်၊ မျက်နှာကြက်တွင်​ လောင်​နေခြင်း ဖြစ်နိုင်​​ပေသည်။ ရန်ရိသည် နံရံကိုအမှီပြုပြီး၊ ​မြေပြင်​ပေါ်တွင် ​ဆောင့်​ကြောင့်ထိုင်ရင်းဖြင့်၊ ​ဟောဟဲလိုက်ကာ ​ပြောလိုက်သည် :

" စက္ကန့် 20 နားမယ်။ "

ရန်ရိသည် စိတ်ထဲတွင် 20 အထိရေလိုက်ပြီး​၊ ထို့နောက် ညွှန်ကြား​ကာ​ပြောသည် :

" ဝမ်မန်၊ သူတို့ကို​ခေါ်သွားပြီး​တော့ ​ရေပိုက်ဆက်လိုက်။ လျို​ဟွေး၊ ငါနဲ့အတူ တက်သွားပြီး ရှာကြည့်ကြည့်မယ်။ "

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now