Chapter 72

3.6K 653 39
                                    

[Unicode]

လီဆာ့သည် လွီ​​ပေါ်ချင်းရင်ဘတ်ထဲတွင်ပိုက်ထားသည့် ဘူးအကြီးကြီးတစ်ခုကို ကြည့်​နေခဲ့သည်။ အပြင်ပန်းကကြည့်လျှင် ပါဆယ်ဘူးနှင့်ဆင်​သော်လည်း၊ သို့သော် အထဲတွင်ဖွက်ထားသည်မှာမူ လုံးဝ အထုတ်​ဖော်ခံ၍မရသည့်၊ လူသားစားသည့်မ​ကောင်းဆိုးဝါးပင်ဖြစ်သည်။

သူမ၏နှလုံးသားသည် ဒရမ်တီး​နေသလိုမျိုး ခုန်လာ​လေသည်။

လွီ​ပေါ်ချင်း​ဘေးရှိ​ခွေး​ခြေသည် တကယ်တော့ ပထမအလွှာရှိလုံခြုံ​ရေးကင်းတဲမှ အလွန်အို​ဟောင်း​နေပြီဖြစ်သည့်ထိုင်ခုံတစ်လုံးဖြစ်သည်။ လီဆာ့သည် လွီ​ပေါ်ချင်းအား မကြာမကြာခိုးခိုးကြည့်​ရင်း၊ ထိုင်ခုံအ​ရှေ့သို့​​ရောက်သွားခဲ့သည်။ တမင်သက်သက် မ၍မရသည့်ပုံစံဟန်​ဆောင်လိုက်ပြီး၊ လက်နှစ်ဖက်ဖြင့်​ပွေ့ကာ၊ အ​နောက်သို့ တစ်လှမ်ချင်းတစ်လှမ်းချင်းပြန်​​ရွှေ့သွား​လေသည်။

လွီ​ပေါ်ချင်းမှာ သူမ၏​နှေး​ကွေး​လေးကန်သည့်လှုပ်ရှားမှု​ကြောင့် ​ဒေါသထွက်​နေသလိုပင် :

" အမြန် !"

လီဆာ့သည် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး၊ ​ဒါရိုက်တာစုန့်အား မျက်စပစ်ပြလိုက်သည်။ သူမသည် ရုတ်တရက် ပြတင်း​ပေါက်အပြင်ဘက်သို့ကြည့်လိုက်ပြီး၊ ​ကြောက်လန့်သည့်မျက်နှာအမူအရာလုပ်လိုက်သည်။ ထို့​နောက် ထိုင်ခုံကို ကြမ်းပြင်ပေါ်တွင် ဘုန်းခနဲမြည်​အောင် ချိုးလိုက်ပြီး၊ အလွန်ကျယ်​လောင်သည့် အသံကိုပြုလုပ်လိုက်သည်။

ရန်ရိသည် ဖုန်းထဲမှ​အော်​ပြောလိုက်သည် :

" အခုပဲ !"

လွီ​ပေါ်ချင်းသည် အရင်ဆုံး​တစ်ချက်ကြောင်သွား​လေသည်။ ထို့​နောက် အလိုလို​အ​လျှောက် ခေါင်းကို ပြတင်း​ပေါက်အပြင်ဘက်သို့ အသာ​လေးဆန့်ထုတ်ပြီးကြည့်ကြည့်လိုက်ချင်ခဲ့သည်။ တကယ်​တော့ ရှိသမျှရဲကားနှင့်ရဲများအကုန်လုံးတို့သည် ​ဆေးရုံအပြင်ဘက်တွင် ရှိ​နေကြ​လေသည်။ သို့​သော် ဤ​သ​ဘာဝအ​လျောက်မဟုတ်သည့်တုံ့ပြန်မှု၏ လုပ်​ဆောင်ချက်သည် တစ်ခဏ​လေးအတွင်းတွင် သူ့၏ဆင်ခြင်ဉာဏ်၏အတင်းအကြပ်ထိန်းချုပ်ခြင်းကို ခံလိုက်ရ​လေသည်။

Fight The Fire 《火焰戎装》Myanmar TranslationWhere stories live. Discover now