[Unicode]
နှစ်သစ်ကူးပိတ်ရက်ကုန်ဆုံးသွားသည့် ပထမနေ့တွင် ရန်ရိသည် ချိုးယန်၏ဖုန်းကောကို လက်ခံရရှိခဲ့သည်။ အမှုတွင် တိုးတက်မှုရှိပြီး၊ ဌာနခွဲသို့ သူ သွားပြီး ကူညီစစ်ဆေးပေးရန်လိုအပ်ကြောင်းကို ပြောလာသည်။
ရန်ရိသည် ဖုန်းထဲတွင် ခဏမျှ တိတ်ဆိတ်နေခဲ့ပြီး အဖြေကို တိုက်ရိုက်မပေးသေးဘဲနှင့် ရုတ်တရက် မေးလိုက်သည် :
" ခင်ဗျားလည်း သိတယ်မလား။ "
ချိုးယန် ခဏမျှကြောင်သွားရပြီး စကားမပြောချေ။
ရန်ရိ ဆက်ပြောလိုက်သည် :
" ခင်ဗျားကလည်း ကျွန်တော့်အဖေကို သံသယဝင်တာလား၊ ဟုတ်လား။ "
ချိုးယန် ရပ်သွားခဲ့ပြီး :
" တောင်းပန်ပါတယ်၊ ခေါင်းဆောင်ရန်၊ ကျွန်မက ကျွန်မရဲ့တာဝန်ကို လုပ်ခဲ့ရုံပါပဲ။ ဒါပေမဲ့ ခေါင်းဆောင်ဟောင်းအပေါ် ရင့်ရှန်လုပ်ခဲ့တဲ့ကိစ္စကိုတော့ ကျွန်မ လုံးဝမသိခဲ့ဘူး။ သူ တကယ်ကို အမှားလုပ်ခဲ့တာပါ။ "
" အဲ့လိုဆို အိပ်မွေ့ချပြီးနောက်မှာရော၊ ကျွန်တော့်အဖေရဲ့သံသယက ပယ်သွားပြီလား ?"
ရန်ရိသည် ဤမေးခွန်းကို ကုံးရင့်ရှန်အား လုံးဝမမေးခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ဤစကားကို အစဖော်လိုက်တိုင်း ဒေါသများတလိပ်လိပ်ထွက်လာရခြင်းကြောင့်ပင်။ သူ မကြားချင်သည့်အဖြေကို ကုံးရင့်ရှန်၏နှုတ်မှ ပိုပြီးတော့မကြားချင်ပေ။ မိမိ၏ဖခင်အပေါ်တွင် သံသယလေးတစိုးတစိတောင်မှ မရှိသော်လည်း၊ သို့သော် အိပ်မွေ့ချခြင်းက သက်သေမတည်နိုင်ကြောင်းကိုလည်း သူ သိပေသည်။
" အိပ်မွေ့ချတဲ့ရလဒ်အရ ခေါင်းဆောင်ဟောင်းမှာ ဘာမူမမှန်တဲ့အမူအရာမှ မရှိပါဘူး။ "
ချိုးယန်သည် စိတ်ရင်းအတိုင်းပြောလိုက်သည်၊
" ခံစားချက်အရပြောရမယ်ဆိုရင် ခေါင်းဆောင်ဟောင်းမှာ သံသယရှိတယ်ဆိုတာကို ကျွန်မလည်း မယုံပါဘူး။ ဒါပေမဲ့ ကျွန်မက ရဲဆိုတော့ သဲလွန်စတစ်ခုချင်းစီတိုင်းကို ကျွန်မက သွားပြီးတော့အတည်ပြုစစ်ဆေးရမှာပဲ။ ရင့်ရှန်လည်း အတူတူပဲ၊ ဒါပေမဲ့ သူက နည်းလမ်းကို မှားသုံးမိခဲ့တယ်။ "
YOU ARE READING
Fight The Fire 《火焰戎装》Myanmar Translation
General FictionOriginal Author : 水千丞 (Shui Qian Cheng) Myanmar Translation of Fight the Fire 《火焰戎装》 196 Chapters + 4 Extras Disclaimer : I don't own this story and any picture that I used in this story. All credits go to author 水千丞 and original artists. I transla...