Chapter 2(Unicode)

10.2K 714 4
                                    

သူမလက်ထဲက ဖုန်းဟာ ကြမ်းပြင်ပေါ် ကျယ်လောင်စွာ ပြုတ်ကျသွားခဲ့ပြီး အဲဒါကို ခုလေးတင် ရေချိုးခန်းထဲက ထွက်လာတဲ့သူဟာ အကုန်မြင်လိုက်လေသည်။ သူ့ပုံစံဟာ ငယ်ငယ်ရွယ်ရွယ် အသက် ၂၀ ကျော်ပုံ ပေါက်နေပြီး ချောမောတယ်လို့ သတ်မှတ်လို့ရတဲ့ မျက်နှာရယ် မျက်နှာသုတ်ပဝါပဲ ပတ်ထားတာကြောင့် အချိုးကျတဲ့ကိုယ်ကိုပါ မြင်နေရလေသည်။

သူဟာ ကျူးကျူးတုန်လှုပ်နေတာကို ကြည့်ရင်း သူ့နှုတ်ခမ်းဖျားဟာ အနည်းငယ်တွန့်သွားပေမဲ့ မျက်လုံးတွေကတော့ ရင်းနှီးနူးညံ့နေလေသည်။

"ငါ ရေချိုးပြီးသွားပြီ ငါတို့ ဘယ်အချိန်စကြမှာလဲ။"

ကျူးကျူး ။ "ဘာကို စမှာလဲ?? နင်ဘယ်သူလဲ"

တဖက်လူဟာ စိတ်မရှည်တော့ပဲ ပြုံးရင်းနဲ့ ရှေ့ကိုတိုးလာခဲ့တယ်။

" ဘာလဲ ချန်ကျမ်းကို ကွာရှင်းပြီး ငွေတွေရလာတော့ ငါ့ကို မမှတ်မိတော့ဘူးပေါ့"

"မင်းငါ့ကို ငွေနဲ့လက်ထပ်ချင်တာ မဟုတ်ဘူးလား"

"ထပ်ပြီးနောင်တရတော့မလို့လား"

သူ့ရှေ့က အမျိုးသမီးဟာ သူဒီလိုမျိုး တွက်ချက်ပြရုံနဲ့တင် ချက်ချင်းအရှုံးပေးပြီး သူ့ကိုတွယ်ကပ်ကာ လက်ထပ်ဖို့ကို ဦးဆောင်လိုက်ရုံနဲ့ ပျော်လွန်းနေမဲ့သူဆိုတာကို သူဟာ ကောင်းကောင်းကြီးသဘောပေါက်နေလေတယ်။

ဒါပေမယ့် သူ့ရှေ့မှာရှိနေတဲ့ ကျူးကျူးဟာတော့ သူတွေးထားသလိုမျိုး တုံးသူတယောက်ဟုတ်မနေခဲ့ဘူး။

ကျူးကျူးဟာ သူမရှေ့မှာရှိနေတဲ့ လူကိုကြောင်ကြည့်နေရင်း သူမစိတ်ထဲမှာ ဒါကိုရင်းနှီးနေသလို ခံစားနေရတယ်။

'မဖြစ်နိုင်ဘူး'

'ဒါမနေ့ညက ငါဖတ်ခဲ့တဲ့ rebirth novel ရဲ့ ဇာတ်ကြောင်းကြီး မဟုတ်ဘူးလား???'

အဲဒီစာအုပ်နာမည်ဟာ "မစေ့စပ်ခင် ပြန်လည်မွေးဖွားခြင်း" ဆိုတဲ့ rebirth စာအုပ် တအုပ်ဖြစ်လေသည်။ အမျိုးသမီးဇာတ်ကောင်ဟာ ပိုင်ယွဲ့ကွမ် ချန်ကျမ်းကို သူမတဘ၀လုံး ချစ်မိနေခဲ့လေတယ်။ အချစ်အတွက်နဲ့ သူမဟာ နူးညံ့ပြီး ကြင်နာတတ်တဲ့ နယ်မြင်းရုပ်လေးကို စွန့်လွှတ်ပြီး ပိုင်ယွဲ့ကွမ် ချန်ကျမ်းရှိတဲ့မြို့ကို သူမစေ့စပ်မဲ့နေ့မှာပဲ တိတ်တဆိတ်ထွက်ပြေးသွားခဲ့တော့တယ်။

အမှန်တရားက ခါးသီးလွန်းခဲ့တယ်။ ပိုင်ယွဲ့ကွမ်နဲ့ အဆက်အသွယ်ရဖို့ကြိုးစားခဲ့ပေမဲ့ တဖက်သူဟာ ရုပ်ချောပေမဲ့ ဘာတခုကိုမှ လုပ်ကိုင်မှုမရှိလေဘူး။ သူမတကြိမ် လက်ထပ်ခဲ့ဖူးပြီ။ ဒါပေမယ့် သူ့ရဲ့ အေးစက်တဲ့ စိတ်နေစိတ်ထားဟာ သူမကို မရှိတဲ့သူလိုမျိုးပဲ သဘောထားလေတယ်။

အမျိုးသမီးဇာတ်လိုက်ရဲ့ အိပ်မက်ဟာ တစစီပျက်စီးသွားလေတော့တယ်။ အဲဒီအချိန်ကျမှ သူမစွန့်ပစ်ထားခဲ့တဲ့ ဇူးမာဟာ e-sport လောကရဲ့ ၁၀ မီလီယံတန်တဲ့ ကစားသမားသစ်တယောက် ဖြစ်နေခဲ့ပြီ။ တီဗီမှာပေါ်နေတဲ့ နယ်မြင်းရုပ်လေးကိုကြည့်ရင်း ပျော်နေတဲ့သူ့ချစ်သူဟောင်းမျက်နှာကိုကြည့်နေရင်း အမျိုူသမီးဇာတ်လိုက်ဟာ သူ့ကိုသူရှက်မိရင်း စီတ်ဓာတ်ကျမှုကြောင့် သတ်သေလိုက်တော့တယ်။

သူမပြန်လည်နိုးလာချိန်မှာတော့ လွန်ခဲ့တဲ့အချိန် ၃နှစ်ကို ပြန်ရောက်သွားတာကို သတိထားမိခဲ့တယ်။

ဘာမှ မဖြစ်ပျက်ရသေးဘူး။

အမျိုူသမီးဇာတ်လိုက်ဟာ ဒီဘ၀မှာတော့ သူမ မထွက်ပြေးတော့ပဲ ဇူးမာရဲ့ တုတ်ခိုင်တဲ့ခြေသလုံးကိုသာ ဖက်ပြီး သူမဘ၀ရဲ့ ပျော်ရွှင်မှုကိုသာ ရအောင်လုပ်တော့မယ်လို့ ကျိန်ဆိုခဲ့တယ်။

ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်းWhere stories live. Discover now