Chapter 52 (Unicode)

3.8K 406 2
                                    

သူမကုတ်အင်္ကျီကောက်ဝတ်လိုက်ပြီး သန်မာတဲ့ ယောင်္ကျားတယောက်ရဲ့သတ္တိရှိတဲ့ဆုံးဖြတ်ချက်မျိုးနဲ့အောက်ကို ဆင်းသွားလိုက်သည်။ တောက်ပနေတဲ့ BMW တစီးဟာ အောက်ထပ်အများသုံးနေရာမှာ ရပ်လျက်ရှိနေသည်။ ကြူဝေဟာ  မိုးရေမစိုစေရန် တိုက်ဆံစက်မြိတ်‌‌ေအာက်က လှေကားမှာရပ်နေသည်။

ကျူးကျူး ။ "ကျွန်မ ရှင့်ကားပေါ်ကနေ ဆင်းလာမယ်လို့ လုံးဝမမျှော်လင့်ထားတာ"  ' ပုံမှန် တီဗွီရှိူးတွေမှာဆိုရင် တဖက်လူက အမြဲကားထဲဝင်ထိုင်ရတာမဟုတ်ဘူးလား?'

ကြူဝေသူမနေကာမျက်မှန်ကို ချွတ်လိုက်ပြီး အေးစက်နေတဲ့မျက်နှာထားနဲ့ "နင် ငါ့ကားကို ညစ်ပေအောင်လုပ်မိသွားမှာကြောက်လို့ "

ကျူးကျူး နင်သွားပေမဲ့ ချက်ချင်းပြန်ပြောလိုက်သည်။ "ကျွန်မလည်း ရှင့်ရဲ့အသက်ကြီးနေတဲ့ ခြေလက်တွေ ထိခိုက်မိသွားမှာကြောက်လို့ပါ"

ကြူဝေ သူမနေကာမျက်မှန်ကို ချိုးမိမတတ်ဖြစ်သွားသည်။

"......."

ကြူဝေ VS  ကျူးကျူး

ကြူဝေ K.O

ကြူဝေ ဟာ ရှေ့ကို တလှမ်းတိုးလိုက်ပြီး သူမရဲ့ အရှိန်အဝါနဲ့ ကျူးကျူးကို ဖိနှိပ်ဖို့ ကြိုးစားလိုက်သည်။ "နင် ဘာအကွက်တွေ ထပ်ရွေ့နေတာလဲ? ငါသေချာရှင်းလင်းအောင် ပြောပြပြီးသားလို့ထင်တယ်နော်"

ကျူးကျူး တည်ငြိမ်စွာနဲ့ မေးလိုက်သည်။ "တကယ်လို့ ကျွန်မမကွာရှင်းဘူးဆိုရင် ရှင်ကျွန်မကို ဘယ်လိုလုပ်မယ်လို့ တွေးထားလဲ?"

"ဒီလိုဆိုရင်ရော"

သူမနှာခေါင်းရှုံ့လိုက်ပြီး "ငါ နင့်ရဲ့ဘဏ်ကဒ်တွေကို အကုန်ပိတ်လိုက်ပြီး နင် သွားစရာနေစရာမရှိအောင် လုပ်ပစ်မယ်၊ နင်ကွာရှင်းအောင် ငါ့မှာနည်းလမ်းရှိပြီးသား ၊ ငါက နင့်ကို လိုအပ်နေတယ်လို့ ထင်နေတာလား? ဒါက အရှိးရှင်းဆုံးနည်းလမ်းမို့လို့ပဲ ဒါပေမဲ့ ငါက ပြသာနာကို ကြောက်နေတာတော့မဟုတ်ဘူး"

'.....ကောင်းပြီ၊ ဒါက တကယ်ပဲ ရက်စက်တဲ့ဇာတ်ကောင်ပါလား '

သူမ တခြားသူတွေရဲ့ အိမ်တွင်းရေးတွေ စိတ်ဝင်စားတာ မဟုတ်ပေ။ သူမလက်ထဲမှာ အမွေတွေ ဘယ်လောက်ရှိနေတာဆိုတာ လည်း သူမအတွက် အရေးမပါပေ။

တခြားသောဇာတ်လမ်းအမျိုးအစားတွေက ဇာတ်ကောင်တွေနဲ့ မတူတာက သူမကကိုယ်ခံပညာမျိုးစုံကို တတ်ကျွမ်းထားပေသည်။ သူမချမ်းသာတဲ့အိမ်တအိမ်သွားကာ သက်တော်စောင့်သွားလုပ်မယ်။ သူမက သူမနဂိုဘဝတုန်းက လူလတ်တန်းစားမိသားစုက သာမန်လူတယောက်ပါ၊ ပြသာနာတွေ ဆက်တိုးအောင် သရုပ်မဆောင်တတ်ဘူး။

အဲဒါက ချန်ကျမ်းပဲ နစ်နာရမဲ့ကိစ္စလေ။ လူလေးကိုယ်က ကွဲပြားနေပြီး ဆန်တွေက အစာမခြေနိုင်ပေ။

ကျူးကျူး ။ "ဒါဆိုရင် ကျွန်မ ၃ မီလီယံထပ်တိုးမယ်၊ အဲဒါက ကျွန်မလိုချင်တဲ့ အခြေအနေပဲ"

'ဒီလိုမျိုးပဲ ငါတတ်နိုင်တော့တယ်'

'အချိန်ဆွဲပေးထားတာ၊ ဒါမှ  ကြူဝေဆန္ဒစောကာ ငွေတွေပိုထွက်လာမှာ။ ကြူဝေပေးတဲ့ ငွေသား ၃ မီလီယံနဲ့ အိမ်နှစ်လုံးထဲက တလုံးကို ချန်ကျမ်းကို ပေးလိုက်မယ်၊ သူ့မှာ ငွေတပြားမှ မရှိရင်တောင် သူ့တဘဝလုံး စိုးရိမ်စရာမလိုပဲ စားလိုက် သောက်လိုက်နဲ့ နေလို့ရမှာပါ၊ ဒါတခုပဲ ကျူးကျူးစဉ်းစားလို့ရတဲ့ ဆုလာဒ်ပဲ'

ကြူဝေရဲ့မျက်လုံးထဲမှာတော့ ကျူးကျူးရဲ့တည်ငြိမ်နေတဲ့ ပုံစံဟာ အတော်လူပါးဝကာ အရှက်မရှိပုံပေါက်နေသည်။

သူမ ပျက်ရယ်ပြုကာ ပြောလိုက်သည်။ "ငါက နင်စိတ်ပြောင်းသွားပြီလို့တောင် ထင်နေတာ အချိန်အကြာကြီးနေမှ ငါငွေထပ်ဖြည့်ချင်စိတ်ပေါက်သွားတာပဲ"

ကျူးကျူး ။ "ဒီတော့? မလိုအပ်တာတွေ ပြောတာ တော်လိုက်ကြတာပေါ့"

ကြူဝေ ။ "အပေးအယူဖြစ်ပြီ"

မိုးရေစက်တွေဟာ မြေပြင်ကို ကျဆင်းနေပြီး တတောက်တောက်အသံထွက်ပေါ်နေသည်။ အမဲရောင်ကိုယ်တခုဟာ အဆောက်အအုံထောင့်မှာ ရပ်နေပြီး ပြောနေကြတာတွေကို ရှင်းရှင်းလင်းလင်းကြားသွားလေသည်။ 

ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်းWhere stories live. Discover now