အန်ရူ သူ့ရဲ့နှိမ့်သိမ့်မှုကြောင့် ကိုယ်တဝက်သေသွားသလိုခံစားလိုက်ရသည်။
'ဒီမှာ၊ အခုချိန်က အချစ်တွေနဲ့ပြည့်နေတာတွေကို တွေးနေကြတာမဟုတ်ဘူး'
လမ်းတလျှောက်လုံး အနေရခက်နေတော့သည်။
ကျူးကျူးဟာ တက္ကစီပေါ်မှာ ဘာမှမဖြစ်သလိုထိုင်နေပြီး သူမဘေးနားက ချန်ကျမ်းကလည်း စကားတခွန်းမှမပြောတာကြောင့် နှစ်ယောက်သားတိတ်ဆိတ်နေတော့သည်။ အပြစ်ရှိစိတ်ကို အသာထားပြီး တိတ်ဆိတ်မှုကို ဖြိုခွဲချင်တာကြောင့် ကျူးကျူးအရင်ပြောလိုက်သည်။ "ဟိုလေ....နင်သေချာတောင်မစားခဲ့၇သေးဘူးထင်တယ်။ ဗိုက်ဆာနေသေးလား?"
ချန်ကျမ်း ။ "အဆင်ပြေပါတယ်။ အသက်ရှင်နိုင်သေးတယ်"
ကျူးကျူး ။ "...."
'အင်း၊ ဒီတခေါက်က လက်ပူးလက်ကျပ်မိသွားတာပဲ၊ ငါကိုက ကံမကောင်းတာ '
ကျူးကျူး လည်ချောင်းရှင်းလိုက်ပြီး အပြစ်ဒဏ်ခံဖို့ စဉ်းစားလိုက်ပြီး "ငါ နင့်အတွက်တခုခုချက်ပေး၇မလား?"
ချန်ကျမ်း ။ "အစာနည်းနည်းပဲစားပြီး အသက်ရှင်ရင်၇ပြီ"
ကျူးကျူး ။ "..."
သူမပါးစပ်ကို ပိတ်ထားလိုက်တော့သည်။
သူမကားပြတင်းအပြင်ဘက်ကို တိတ်တဆိတ်ပဲ ငေးကြည့်နေတော့သည်။ တက္ကစီထဲမှာ အနည်းငယ်အိုက်နေတာကြောင့် ကျူးကျူး ပြတင်းပေါက်ကိုနှိမ့်လိုက်ပြီး လေအေးတွေကို အထဲကို ဝင်စေလိုက်သည်။ လေအေးအေးလေးက မျက်နှာတွေကို ဖြတ်ပြေးသွားသည်။ အအေးဒဏ်ကို မခံနိုင်ပဲနှာချေမိလိုက်သည်။
ချန်ကျမ်းရဲ့အသံက သူမဘေးနားကနေထွက်လာသည်။ "မင်းစားပြီးခဲ့ပြီလား?"
ကျူးကျူး မျက်ရည်တောင် ကျတော့မတတ်ပေ။
သူမအစားသရဲကို အမှားလုပ်မိတဲ့နာကျင်စရာသင်ခန်းစာကို သေချာနားလည်သွားပြီ။ 'ငါနောက်တခါတယောက်တည်းမစားတော့ဘူး။ သေချာပေါက်ပဲ!!'
တက္ကစီက အဆင်း မိုးလည်းတိတ်သွားတော့သည်။
မြေပြင်မှာ စိုစွတ်ပြီး ၇ွှံထနေသည်။ ကံကောင်းတာက ချန်ကျမ်းက ရှောပင်းအိတ်ကို ကိုင်ထားပေးတာကြောင့် ကျူးကျူး သူမလက်တွေနဲ့ ကုတ်အင်္ကျီရှည်ကို ၇ွှံ့မပေအောင် မထားနိုင်သည်။
ချန်ကျမ်းကတော့ ဖြေးဖြေးချင်း မသွားပဲ ကျူးကျူးက နောက်ကနေ တလျှောက်လုံးလိုက်လာနေရတာကြောင့်သူမရဲ့ဒေါက်ဖိနပ်သံဟာ လှေကားပေါ်မှာ အသံကျယ်ကျယ်ထွက်လာသည်။
"ဟုတ်သား " ကျူးကျူး မရှင်းသေးတဲ့ အချက်အကြောင်းကို တွေးကာမေးလိုက်သည်။ "ဇူးမာက ဘာလို့နင်နဲ့ညစာအတူတူစားတာလဲ ? ဂိမ်းကြောင့်လား?"
ချန်ကျမ်းအသံတိုးတိုးလေးထွက်လိုက်သည်။
ကျူးကျူးက နောက်ကနေလိုက်လာမဲ့ ရှင်းပြချက်ကို စောင့်နေပေမဲ့ ချန်ကျမ်းကတော့ ရှေ့ကို ပဲဆက်လျှောက်သွားသည်။
ကျူးကျူး ။ "??"
'ဒီကောင်က လက်စားချေတာ ပြင်းထန်လိုက်တာ'
ကျူးကျူးဟာ ချန်ကျမ်းနောက်ကျောကို ကုတ်ခြစ်တော့မလို ပြင်လိုက်ပေမဲ့ ချန်ကျမ်းက ရုတ်တရက်နောက်ကို လှည့်လာတာကြောင့် သူမရဲ့တုံးအတဲ့လက်သည်းတွေကို တွေ့သွားတော့သည်။်
အချိန်တခဏလောက် ရပ်တန့်သွားသည်။
"....."
"....."
ကျူးကျူး ။ "အဟမ်း၊ နောက်တခါလှည့်ကြည့်မယ်ဆိုရင် ကြိုပြောထား"
ချန်ကျမ်း သူမကို အကြာကြီးစိုက်ကြည့်နေသည်။ မီးရောင်မှိန်မှိန်အောက်မှာ သူ့မျက်လုံးတွေက မဲနက်နေပြီး အဆုံးကို မမြင်၇အောင်ထိကိုပေ။ ဒါကြောင့် ကျူးကျူးဘာပြော၇မလဲတောင်မေ့သွားသည်။
"မင်းဇူးမာကို အဲလောက်တောင် ဂရုစိုက်တာလား ?" ဆိုတဲ့ မေးခွန်းကို ချန်ကျမ်း မမေးတော့ပဲ ပြန်လည်မျိုချလိုက်တော့သည်။
သူဖြေးဖြေးချင်းပြောလိုက်သည်။ "ငါ ကြက်ဥခေါက်ဆွဲစားချင်တယ်"
"....အာ" 'အဲဒါပြောချင်လို့ကို'
ကျူးကျူး ချက်ချင်းအသိစိတ်ပြန်ဝင်လာသည်။ ချန်ကျမ်း တခုခုအရေးကြီးတာများပြောမလားလို့ သူမ တွေးနေတာပေ။ ဒါပေမဲ့ ဒီကောင်ကတော့ စားစရာကလွဲရင် ဘာမှအရေးမကြီးပေ။
"ပြသာနာမရှိဘူး "
STAI LEGGENDO
ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်း
Umorismoရွမ်ကျူးကျူးတယောက် အရင်ဘ၀က အမျိုးသမီးဇာတ်လိုက်မရရှိခဲ့တဲ့ ငယ်ချစ်ဦးဆိုတဲ့ rebirth novel ထဲကို ကူးပြောင်းရောက်ရှိလာခဲ့တယ်။ ဇာတ်ကြောင်းမှာ ငယ်ချစ်ဦးဖြစ်တဲ့ ချန်ကျမ်းဟာ ရုပ်ချောပေမဲ့ အောင်မြင်မှုဘာမှမရှိတဲ့ အသုံးမကျတဲ့ ဇာတ်ကောင်တခု ဖြစ်တယ်။ သူ့ရဲ့ အေး...