အိမ်ဟာ သိပ်မကြီးပဲ မီတာ ၁၀၀ ဝန်းကျင်လောက်ပဲ ရှိလေသည်။ ကျူးကျူးဟာ မီးတွေဖွင့်ရင်း ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်လိုက်လေသည်။ အိမ်တွင်းဖွဲ့စည်းပုံဟာ အခန်းနှစ်ခန်းနဲ့ ဟောခန်းနှစ်ခန်းပါလေသည်။ အိပ်ခန်းတခန်းရဲ့ တံခါးဟာ ပွင့်နေပြီး တခန်းကတော့ ပိတ်ထားလေသည်။ ဖွင့်ထားတဲ့ အခန်းမှာ မိန်းမအသုံးအဆောင်တွေနဲ့ ပြည့်နေတာကြောင့် မှန်းစရာမလိုလောက်အောင် နှစ်ယောက်ဟာ တအိပ်ရာတည်းမအိပ်ဖူးဘူးဆိုတာ သိသာနေလေသည်။
ကျူးကျူးဟာ အဝတ်ဗီဒိုကို ဖွင့်ပြီး ပုံမှန်ရှပ်အင်္ကျီနဲ့ ဂျင်းဘောင်းဘီကိုယူကာ ခုံပေါ်တင်ထားလိုက်လေသည်။ ပြီးတော့ မှန်တင်ခုံရှေ့ ထိုင်ပြီး မိတ်ကပ်ဖျက်နေလိုက်သည်။ သူမအလုပ်များနေတုန်းမှာပဲ ကလစ်တချက်မြည်သံနဲ့အတူ တံခါးဟာ ပွင့်သွားတော့သည်။
အရပ်ရှည်ပြီး သေးသွယ်တဲ့တယောက်ဟာ အခန်းထဲကိုဝင်လာတာကြောင့် ကျူးကျူးဟာ ခေါင်းလှည့်ကြည့်လိုက်ပေမဲ့ သူမဟာ မှင်သက်သွားမိတော့သည်။
သူမတွေးမိသွားတာက စာအုပ်က ဘာကြောင့် သူ့မှာ ရုပ်ချောတဲ့မျက်နှာရှိကြောင်း ရှုဘီယန်(အမျိုးသမီးဇာတ်လိုက်)ရဲ့ အချစ်ဦးဖြစ်ရကြောင်း အဲဒီဇာတ်လိုက်မဟာ စွဲလမ်းပြီး နှစ်ပေါင်းများစွာ သူ့ကို ပြန်ကြည့်လာမဲ့နေ့ကို မျှော်လင့်ချက်ကြီးစွာ စောင့်နေခဲ့ရကြောင်း ဖော်ပြထားတာဟာ အံ့ဩစရာမဟုတ်ပေ။
တံခါး၀မှာ ရပ်နေတဲ့သူဟာ အရပ်ရှည်ပိန်ပါးပြီး ဝတ်ထားတဲ့ အမဲရောင် hoodie ဟာ ရေစိုနေတာကြောင့် သူ့မျက်နှာဟာ ဖြူလျော့နေလေသည်။ သူ့လက်ထဲမှာ ရှိတဲ့ ပလတ်စတစ်ဖိုင်အိတ်ဟာတော့ သေချာကာကွယ်ထားတာကြောင့် သန့်ရှင်းပြီး ရေစိုမနေပေ။
သူ့မျက်လွှာချရင်းနဲ့ အိမ်တွင်းဖိနပ်ကို ယူစီးလိုက်လေသည်။
အမဲရောင်ဆံပင်ဖျားတွေဟာ မိုးရေစိုနေတာကြောင့် အနည်းငယ်ရှုပ်ပွနေပေမဲ့ သူ့မျက်နှာကို ပိုပြီးဖြူပုံပေါက်သွားလေသည်။ သူ့မှာ ပုံမှန်မဟုတ်တဲ့ မျက်လုံးပုံစံဖြစ်တဲ့ သေးသွယ်တဲ့မျက်လုံးနဲ့ အနည်းငယ်ပေါ်နေတဲ့မျက်ရစ်တို့ကြောင့် သူ့ပုံစံဟာ ဘာကိုမှဂရုမစိုက်တဲ့ နူးညံ့ပြီး အိပ်ရေးမ၀ပုံပေါက်နေလေသည်။
အောက်မေးရိုးလိုင်းဟာ ချွန်ထက်နေပြီး နှုတ်ခမ်းတွေဟာ ပါးလျှပြီး သေးငယ်လေသည်။ အဲဒါတွေဟာ တကယ်ဆို မျက်နှာထားတင်းပြီး ရက်စက်မဲ့ပုံပေါ်ရမှာပေမဲ့ သူ့မျက်လုံးတွေကြောင့် အများကြီးဖော်ရွှေပုံပေါ်သွားလေသည်။
ကျူးကျူးဟာ အတန်ကြာပြောစရာစကားမရှိဖြစ်သွားပြီး သူမဟာ ဘာကြောင့် ချန်ကျမ်းဟာ ဇာတ်လိုက်မအချိန်ကြာ ဆွဲဆောင်မှုကို ဂရုမစိုက်ခဲ့သလဲ ရုတ်တရက်နားလည်သွားတော့သည်။ သူ့ရုပ်ရည်နဲ့ဆိုရင် ဘယ်မိန်းမကများ သူ့ထက်ပိုချောနိုင်ပါ့မလဲ။
"....."
ချန်ကျမ်းဟာ ကျူးကျူးငေးကြည့်နေတာကို မသိသလိုမျိုး အခန်းထဲဝင်လာပြီး အိတ်ကိုဖွင့်ကာ စာချုပ်ကိုခုံပေါ်တင်လိုက်တော့သည်။ သူဟာ အစကနေအဆုံးထိ သူမကို တခေါက်တောင်မှ မကြည့်ပေ။
ခုံပေါ်မှာ ကွာရှင်းစာချုပ်နှစ်စောင်ဟာ ရှိနေလေသည်။ ဒီဟာကြောင့်သာမဟုတ်ရင် ဒီလောက်နောက်ကျနေချိန် ပြန်လာခဲ့မှာမဟုတ်ပေ။
ကျူးကျူးဟာ ချန်ကျမ်းမီးဖိုချောင်ဆီ လျှောက်သွားတဲ့အထိ သူ့ထံမှ မျက်လုံးမခွာခဲ့ပေ။

DU LIEST GERADE
ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်း
Humorရွမ်ကျူးကျူးတယောက် အရင်ဘ၀က အမျိုးသမီးဇာတ်လိုက်မရရှိခဲ့တဲ့ ငယ်ချစ်ဦးဆိုတဲ့ rebirth novel ထဲကို ကူးပြောင်းရောက်ရှိလာခဲ့တယ်။ ဇာတ်ကြောင်းမှာ ငယ်ချစ်ဦးဖြစ်တဲ့ ချန်ကျမ်းဟာ ရုပ်ချောပေမဲ့ အောင်မြင်မှုဘာမှမရှိတဲ့ အသုံးမကျတဲ့ ဇာတ်ကောင်တခု ဖြစ်တယ်။ သူ့ရဲ့ အေး...