Chapter 23(Unicode)

5.8K 551 6
                                    

အခုလက်ရှိမှာ နှစ်ယောက်ရဲ့ဆက်ဆံရေးပုံစံကအဆင်ပြေနေသည်။  သူစိမ်းနှစ်ယောက် တယောက်ကိုတယောက်ကူညီရင်းနေထိုင်တာက  သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို အဓိပ္ပာယ်ဖွင့်ဆိုချက်ပဲ။ 

"နင် ဒီနေ့အပြင်သွားမှာလား"

ကျူးကျူးအကြောင်းအရင်းမရှိမေးလိုက်တယ်။

ရုံးတက်ရတဲ့နေ့တွေမှာဆိုရင် စာကြည့်ခန်းထဲမှာပဲ တချိန်လုံးနေတဲ့ချန်ကျမ်းဟာ သူ့ရဲ့ဆွယ်တာနဲ့ အားကစားဝတ်စုံတွေဝတ်ပြီးအပြင်ထွက်တာကလွဲရင် ပွဲလမ်းသဘင်တွေ မသွားတတ်ပေ။ ဒါကြောင့် ကျူးကျူးမေးလိုက်တဲ့မေးခွန်းရဲ့အဖြေက တခုတည်းပေ။

'တချို့လူတွေကျတော့ ခပ်တည်တည်နေကြပြီး ကွန်ပြူတာထဲမှာ အမှိုက်တွေဘယ်လောက်ပြည့်နေမှန်းတောင်မသိဘူး တအိမ်လုံးလက်ဝင်တဲ့ အလုပ်တွေအပြည့်ပဲ။'ကျူးကျူးတွေးလိုက်သည်။

ချန်ကျမ်းဟာ သူ့ရဲ့ထူးဆန်းတဲ့မျက်နှာအမူအရာကို ကျူးကျူးဘာတွေးနေမှန်းမသိပဲ ကျူးကျူးကို နွေးထွေးစွာနဲ့ စိုက်ကြည့်နေလိုက်သည်။

"ကောင်းပြီလေ"

"ဒါဆိုရင် ငါ့ကိုခဏစောင့်၊ အတူတူအပြင်သွားကြမယ်" သူမအခန်းထဲကပစ္စည်းအတော်များများ လွှင့်ပစ်စရာရှိနေတာနဲ့အတော်ပဲ၊ ထူးဆန်းတဲ့အတွင်းဝတ်တွေပါပစ်ရမယ်။

မိန်းမတွေ ခဏစောင့်ပါလို့ပြောတာဟာ သေချာပေါက် အချိန်အကြာကြီး စောင့်ပါလို့ပြောတာပဲ။

နာရီဝက်ကြာပြီးနောက်........

တနာရီကြာပြီးနောက်...........

ချန်ကျမ်းကိုးကြိမ်မြောက်ဖုန်းကို ကြည့်လိုက်ချိန်မှာ ကျူးကျူးဟာ အခန်းထဲကနေ အမဲရောင်အိတ်တလုံးကို ချွေးလုံးလုံးနဲ့ ပင်ပင်ပန်းပန်းဆွဲလာပြီး "အောက်ထပ်ကို အတူတူဆင်းပြီး ဒါကို သွားပစ်ကြမယ်"

ချန်ကျမ်းဟာ ဘာမှအထွန့်မတက်ပဲ ထိုင်ရာကနေထကာ အရင်ဆင်းသွားလေသည်။ ကျူးကျူးကတော့ နောက်ကနေ လက်ကိုင်အိတ်လေးလွယ်ပြီး အေးအေးသက်သာလိုက်လာသည်။

ချန်ကျမ်းဟာ အရပ်ရှည်တာကြောင့် ကျူးကျူးသူမနဲ့ယှဉ်ပြီး တွက်ချက်ကြည့်လိုက်တော့ သူမဒေါက်ဖိနပ်ဝတ်ရင်တောင် သူ့မေးရိုးတောင်မှီမှာမဟုတ်ဘူးလို့ တွေးမိလိုက်သည်။ ပြုတ်ကျထားတဲ့ အရှိန်ကြောင့် ခြေကျင်းဝတ်ဟာ နာလာတာကြောင့် ကျူးကျူးဟာ နှေးနှေးလေးပဲ နောက်ကနေလိုက်လာသည်။

အဲဒီအချိန်မှာပဲ လူတယောက်ဟာ ကျူးကျူးကို ဖြတ်ကာ အရှေ့ကို အမြန်လျှောက်သွားလိုက်သည်။

သူတို့အဆောက်အအုံကနေ လမ်းလျှောက်ထွက်လာရင် တံခါးအပြင်ဘက်မှာ လှေကားရှိလေသည်။ ကျူးကျူးသူမကို ဖြတ်သွားတဲ့ကောင်မလေးကို သိတယ်။ သူမကအပေါ်ထပ်အိမ်ရဲ့ သမီးပဲ။ သူမတံခါးနားမှာ အမှိုက်ပစ်မလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ဝေ့လည်ကြောင်ပတ်လုပ်နေတာကို ကျူးကျူးမကြာခဏတွေ့ဖူးတယ်။ ကျူးကျူးရဲ့ အကြည့်တွေထဲမှာ ဖြူစင်ပေမဲ့ ရှင်းမပြနိုင်တဲ့အရိပ်တချို့ဖြတ်သွားသည်။

ကြာပန်းဖြူလေးလို ဂါဝန်ဖြူလေးနဲ့ဒေါက်မြင့်ဖိနပ်လေးစီးထားတဲ့ ကောင်မ‌လေးဟာ ချန်ကျမ်းရှိတဲ့ဘက်ကို ခုန်လွှားသွားလိုက်သည်။

ကျူးကျူးဟာ အဲဒီကောင်မလေးဘာကြံနေမှန်း နားမလည်နိုင်ပေ။ သူမကြောင်ကြည့်နေတုန်းမှာပဲ တဖက်လူဟာ ရုတ်တရက်ညည်းလိုက်ပြီး ချန်ကျမ်းနောက်ကျောဆီကို ပြင်းထန်စွာ တွန်းခံလိုက်ရသလို ဟန်ဆောင်လိုက်တော့သည်။


ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်းWhere stories live. Discover now