သူ့အကြည့်ဟာ ကျူးကျူးရပ်နေတဲ့နေရာဆီ ရောက်လာလေသည်။ ဧည့်ခန်းထဲက မီးဟာ မဖွင့်ရသေးပေ။ အဲဒီနက်မှောင်တဲ့မျက်လုံးတွေဟာ ရှည်လျားပြီး ကျဉ်းမြောင်းပေမဲ့ သူတို့မှာစူးရှမှုမရှိတဲ့ အပျင်းထူတဲ့အလှမျိုးရှိလေသည်။ သူ့အကြည့်တွေဟာ စစ်ဆေးပုံမပေါက်ပေမဲ့ ကျူးကျူးအမြင်မှာတော့ သူ့အကြည့်ကနေ စကားတွေအများကြီးပြောပြီးသွားသလို ခံစားနေရလေတယ်။
နဂိုပိုင်ရှင်ဟာ သေချာပေါက်မချက်ပြုတ်ပေ။ အဲဒီကျောက်စိမ်းလိုမျိုး သေးသွယ်တဲ့ လက်တစုံဟာ ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင်အောင် ထားထားတာဖြစ်လေသည်။ ဒါကြောင့် ဘယ်လိုလုပ် မီးဖိုမီးကို ထိမယ်ဆိုတာဖြစ်နိုင်မှာလဲ။ လက်သည်းရှည်တွေဟာ ကောင်းပေမဲ့ တဖက်ကကြည့်ရင် အဆင်မပြေပေ။ ဒါကြောင့် ကျူးကျူးဟာ လက်သည်းဖျက်ဆေးနဲ့ သေချာဖျက်ပြီး လက်သည်းတွေကို တိုအောင် ညှပ်ထားလေသည်။
ကျူးကျူးဟာ တောင့်တင်းသွားလေသည်။
'ဟိုက်၊ သူမအရမ်းဂုဏ်ဖော်မိသွားတာလား၊ ချန်ကျမ်းများ သံသယဝင်သွားပြီလား'
ကျူးကျူးဟာ ကိုယ့်ကိုယ်ကို အပြစ်တင်နေတုန်းမှာပဲ ဘယ်လိုမျိုး ပြန်လည်ဖာထေးရမလဲတွေးနေချိန်မှာပဲ ချန်ကျမ်းဟာ လက်သုံးချောင်းထောင်ပြလိုက်လေသည်။
ကျူးကျူး ။ '?'
ချန်ကျမ်း ။ "ကြက်ဥသုံးလုံး"
ကျူးကျူး ။ "........"
ကြက်ဥကြော်၊ ham၊ ပေါင်မုန့်၊ နို့တို့ကို microwave ထဲမှာ အပူပေးလိုက်လေသည်။ 'အခုမှပဲ ပူပူနွေးနွေးဖြစ်သွားတော့တယ်' ကျူးကျူးဟာ မနက်စာအများကြီးမစားပေ။' ဒီလောက်ဆိုရင် အများကြီးကျန်ခဲ့မယ်လို့ ထင်ရတယ်။' ဘယ်သူဘယ်လိုတွေးတွေး ကျန်ခဲ့တာတွေကို ချန်ကျမ်းက လက်စသတ်ပေးလိမ့်မယ်။
သူဟာ မြန်မြန်မစားပေမဲ့ အများကြီးစားလေသည်။ ကျူးကျူးရဲ့ အံ့ဩနေတဲ့မျက်လုံးတွေရှေ့မှာ ချန်ကျမ်းဟာ ကျန်နေတဲ့အစားအစာတွေကို အကုန်စားလိုက်တော့သည်။
ချန်ကျမ်းဟာ ကျူးကျူးကို တိတ်တဆိတ်ပြန်စိုက်ကြည့်နေလိုက်သည်။
"....ဘာမှမဟုတ်ဘူး" ကျူးကျူးဟာ သူ မနက်စောစောစီးစီး ဒီလောက်အများကြီးစားမယ်လို့ မထင်ထားတာကြောင့် ဗိုက်ပေါက်ထွက်သွားမလားတောင် ကြောက်နေမိလေသည်။
သူမချက်ပြုတ်ရတာကြိုက်သည်။ ဒါပေမယ့် သူမမကြိုက်ဆုံးတခုက အိုးဆေးရတာပါပဲ။ ချန်ကျမ်းဟာ ဗု
ဒ္ဓလမ်းစဉ်နဲ့ ပတ်သက်ပြီး အေးအေးဆေးဆေးပဲရှိနေလေသည်။ သူဟာ ဒေါသမထွက်သည့်အပြင် နှစ်ယောက်လုံးရဲ့ စားပြီးသားခွက်တွေကိုယူပြီး ဆေးနေလိုက်သည်။
ကျူးကျူးဟာ သူ့ကို စိတ်ထဲကနေ အမှတ်တွေပေးနေလိုက်သည်။
'ငါ အင်္ကျီရွေးဖို့ စောစောစီးစီးလုပ်ရမယ်' ကျူးကျူးဟာ တဗီဒိုလုံးအပြည့်ရှိနေတဲ့ တောင်ပြောင်နေတဲ့ ကျားသစ်ပုံအကွက်နဲ့ အင်္ကျီတွေကို ကြည့်ရင်းတွေးနေလိုက်တယ်။ 'ဒီလိုမျိုး လှပတဲ့မျက်နှာရှိနေလို့ ဘာလုပ်လို့ရမှာလဲ၊ ငါကဒီလိုမျိူး အပေါစားဆန်ပြီး ဒီဇိုင်းအောက်တာတွေကို ဝတ်ရမှာတဲ့လား၊ ဒါက လှပမှုတွေကို ဖြုန်းတီးပစ်တာပဲ'
သူမသည်းမခံနိုင်ဆုံးအရာတခုကတော့ ခေါက်ဆွဲခြောက်လိုမျိုး ကောက်နေတဲ့ဆံပင်ပဲဖြစ်လေသည်။ ဒါကြောင့်ကျူးကျူးဟာ ပထမဆုံးဆံပင်ကို အရင်ဆုံးသွားပြင်ရမယ်လို့ ဆုံးဖြတ်ချက်ချလိုက်တော့သည်။
![](https://img.wattpad.com/cover/286624410-288-k813980.jpg)
YOU ARE READING
ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်း
Humorရွမ်ကျူးကျူးတယောက် အရင်ဘ၀က အမျိုးသမီးဇာတ်လိုက်မရရှိခဲ့တဲ့ ငယ်ချစ်ဦးဆိုတဲ့ rebirth novel ထဲကို ကူးပြောင်းရောက်ရှိလာခဲ့တယ်။ ဇာတ်ကြောင်းမှာ ငယ်ချစ်ဦးဖြစ်တဲ့ ချန်ကျမ်းဟာ ရုပ်ချောပေမဲ့ အောင်မြင်မှုဘာမှမရှိတဲ့ အသုံးမကျတဲ့ ဇာတ်ကောင်တခု ဖြစ်တယ်။ သူ့ရဲ့ အေး...