Chapter 61 (Unicode)

3.6K 424 9
                                    

ပိုင်လုံမန်ဟာ ဂရုရဲ့သီးသန့်စကားပြောခန်းကို အသုံးချပြီး ကျူးကျူးကို စာပို့လိုက်သည်။ 

ပိုင်လုံမန် ။ "မိန်းမတယောက်ရဲ့ ပရောပရည်လုပ်တာက လုံးဝကို လူသတ်သမားလိုပဲ"

ကျူးကျူး ။ "....ဟုတ်လို့လား?"

ပိုင်လုံမန် ။ "အစ်မလည်းသုံးလေ၊ ယောင်္ကျားတွေ လုံးဝစားမှာ အသေအချာပဲ"

ကျူးကျူး ။ "ဟမ်...."

ပြောနေရင်းနဲ့ မြေပုံက ပွင့်လာသည်။

နတ်ဘုရားရဲ့ နူးညံ့တဲ့အသံထွက်လာပြီး "မင်းအနောက်မှာ ကျောက်စိမ်းနတ်ဘုရားနှစ်ယောက်ရှိနေမယ်။ မင်းက စောင့်ရှောက်ခံရတာကို စိတ်ချထားလို့ရတယ်"

ဂိမ်းက အရမ်းခက်ခဲပေသည်။ ခေါင်းဆောင်က သွေးထူထပ်ပြီး သူ့သွေးကို ပြန်မခေါ်နိုင်ပေမဲ့ သေသွားတဲ့ စစ်သားတွေကို ပြန်ခေါ်နိုင်သည်။ ကျူးကျူးဟာ သူမက ဗုဒ္ဓဘာသာဝင်ကစားသမားတယောက်အနေနဲ့ အဲလို ရက်စက်တဲ့ မြင်ကွင်းမှာ ထိတ်လန့်သွားပေမဲ့ ရှေ့တန်းမှာ ကြိုးကြိုးစားစားနဲ့ ကာကွယ်ပေးနေသည်။

"ပြန်ဆုတ်မယ်၊ ပြန်ဆုတ်မယ်!!! ငါသေတော့မယ်!!! သွေးပြန်ဖြည့်ရတော့မယ်!!!"

"ပတ်ပြီးသွားလိုက်၊ အပစ်မခံရစေနဲ့!"

"ခေါင်းအေးအေးထားကြမယ်" နတ်ဘုရားရဲ့ အသံတခုကပဲ တည်ငြိမ်စွာနဲ့ ထွက်ပေါ်နေသည်။

ကျူးကျူးဟာ သူမလက်ချောင်းတွေ ကြွက်တက်တော့မလိုတောင် ဖြစ်နေပြီလို့တွေးလိုက်သည်။ တိုက်ခိုက်မှုကို သေချာရှောင်ပြီး နောက် စွမ်းရည်တွေပြန်ဖြည့်တာကို ဂရုစိုက်နေပြီး အသင်းသားတွေကို အချိန်တိုင်း ထောက်ပံ့ပေးနေသည်။ သူမရဲ့စွမ်းရည်တွေက အရမ်းမမြင့်ပေမဲ့ ကြိုးစားမှုနဲ့ လက်နက်ကောင်းတွေကြောင့် ပွဲတွေနိုင်နေသည်။

တဖက်မှာ ကျူးကျူးနဲ့မတူစွာ ချင်ဖန်ဘီယင်ဟာ သူမထက် အဆင့်တွေ အများကြီး မြင့်ပေမဲ့လည်း အသင်းထဲက တယောက်သောသူကိုသာ ဂရုစိုက်လေသည်။ သူ့ရဲ့ဝါးမြင်းရုပ်လေးအတွက်ပဲ သွေးထောက်ပံ့ပြီး ကျန်လူတွေကို ဘေးကိုပစ်ထားလေသည်။

ပွဲဟာ အရမ်းကို ခက်ခဲခဲ့ပြီး ပွဲပြီးပြီးချင်း တန့်ဖေးရှောင်ဟာ ချက်ချင်းပဲ စကားပြောလေသည်။

"ဟိုလေပြေနဲ့ အပြာရောင်အရိပ်၊ ဘာလို့နတ်ဘုရားကိုပဲ ကယ်နေရတာလဲ? ငါတို့က လူမဟုတ်ဘူးလား?"

"ကံကောင်းလို့ ကျူးမိန်းကလေး ရှိနေလို့ မဟုတ်ရင် ငါစိတ်ဓာတ်ကျလို့သေသွားမလားပဲ"

"ဟုတ်တယ်၊ နင်အရမ်းဘက်လိုက်တာပဲ"

.....

လူအများကြီးဟာ မကျေမနပ်ဖြစ်နေပြီး ရပ်တန့်မဲ့ပုံမ‌ပေါ်ပေ။ အဲဒီအချိန်မှာ ဇူးမာက "အကောင်းဆုံးလက်နက်ကို ကျူးကျူးကျူးကို ပေးလိုက်။ တခြားသူတွေ ဘာမှပြောတော့မှာမဟုတ်ဘူး"

လက်နက်ဟာ သွေးပြည့်မြန်တဲ့လက်နက်ဖြစ်ပြီး ထောက်ပံ့ပေးတဲ့နေရာအတွက် အရမ်းကိုက်ညီ‌ေနသည်။ အကုန်လုံးသဘောတူကြပေမဲ့ ချင်ဖန်ဘီယင်တယောက်သာ မကျေမနပ်နဲ့ မြည်တွှန်နေသည်။ "ဒါကအကို့ဆီက ရထားတာလေ"

ဒီတခါမှာတော့ အိမ်ရာချန်ယုရဲ့ အသံဟာ အနည်းငယ်လေးလံနေသည်။ "ဘီယင်မပြောနဲ့တော့"

ကျူးကျူး လက်နက်ကို ယူလိုက်ရပေမဲ့ ပျော်ရွှင်မနေပေ။ 'ရှုဘီယင်တော့ ငါ့ကို မုန်းနေတော့မှာပဲ၊ ဒါပေမဲ့ တဖက်လူက ငါ့အပေါ်ကို ဘယ်လိုအကွက်တွေ ရွေ့လာမလဲမသိဘူး?'

ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်းWhere stories live. Discover now