ကျူးကျူး နံရံကိုမှီလိုက်ပြီး လက်ပိုက်ကာမေးလိုက်သည်။ "ခရီးနဲ့ပတ်သက်ပြီးနင် စဉ်းစားထားတာရှိလား?"
ချန်ကျမ်း သူ့အိတ်ထဲလက်ထည့်လိုက်သည်။
"မင်းငါ့ကိုဖိတ်ချင်လို့လား?
ကျူးကျူး မဝံ့မရဲနဲ့ နှာခေါင်းကိုပွတ်ကာ ပြောလိုက်သည်။ "...အင်း"
ချန်ကျမ်း သက်ပြင်းချလိုက်သည်။ "ပစ္စည်းတွေသိမ်းရအုန်းမယ်၊ လေယာဉ်စီးရတာက အရမ်းပင်ပန်းပြီး အဆင်မပြေဘူး၊ လေယာဉ်ကကျွေးတဲ့အစားအသောက်ကလည်း မကောင်းဘူး..."
ကျူးကျူး မျက်ခုံးတဖက်ပင့်လိုက်ပြီး သူပြောနေတာကို ဖြတ်ပြောလိုက်သည်။
"ဒီတော့၊ အတူတူသွားမှာလား?"
"သွားမယ်"
"..."
ရုံးခန်းထဲက တုနွမ်ဟာ ပျော်လွန်းလို့ အော်ဟစ်လိုက်ပြီး ငိုမိတော့မလိုပေ။ "ကောင်းလိုက်တာ! သူဌေးက အားလပ်ရက်ခရီးသွားမယ်တဲ့! ငါတို့နောက်ဆုံးတော့ ပျော်ပျော်ရွှင်ရွှင်ကစားလို့ရပြီ!"
သူပြောနေတုန်း အန်ရူဟာ အချိန်ကိုက် ရောက်လာသည်။
အန်ရူရဲ့မျက်နှာဟာအနည်းငယ်ပျက်နေသည်။ 'အရင်တုန်းကဆိုရင် ချန်ကျမ်းက အခုချိန်လောက် ကုမ္ပဏီမှာပဲရှိနေမှာ၊ အခုတလော ချန်ကျမ်း အိမ်ကိုပဲ စောစောပြန်နေတယ်'
တုနွမ်စကားကိုကြားလိုက်ရချိန်မှာ အန်ရူ ယုံတောင်မယုံနိုင်ပေ။ "သူခရီးထွက်သွားတယ်ပေါ့?"
'ချန်ကျမ်းက ခရီးထွက်တယ်ဆိုတာ ရှိဖူးလို့လား?'
တုနွမ်ပျော်ရွှင်စွာပြောလိုက်သည်။ "ဒါပေါ့၊ မရီးနဲ့အတူတူလေ၊ အပန်းဖြေစခန်းက ကောင်းတယ်၊ သူတို့ပျော်နေကြမှာပဲ"
'တလက်စတည်း နှစ်ယောက်သားရဲ့ခံစားချက်တွေလည်း ပြန်လို့အဆင်ပြေသွားရင်ကောင်းမယ်'
အန်ရူရဲ့အပြုံးဟာ အနည်းငယ်တောင့်တင်းနေသည်။ ဒါပေမဲ့ သူမရဲ့ ပုံမှန်အခြေအနေသို့ပြန်ထိန်းလိုက်သည်။ "ဟုတ်သား၊ ငါ့ရဲ့တနှစ်စာခွင့်ရက်တွေလည်းမသုံးရသေးဘူး၊ အရင်တုန်းက ထွက်လည်ချင်ပေမဲ့ မလည်ခဲ့ရဘူး"
တုနွမ် မကောင်းတဲ့ခံစားချက်ရနေသည်။ "မင်းပြောချင်တာက..."
"ငါလည်း အဲအပန်းဖြေစခန်းကိုသွားချင်တယ်"
"မရဘူး၊ မသွားရဘူး၊ အန်ရူ"
"ငါကဘာဖြစ်နေလို့လဲ? ငါတို့အတူတူအလုပ်လုပ်ကြတာပဲလေ၊ အတူတူထွက်လည်လို့ ရတာပဲ၊ အရမ်းတုန်လှုပ်မနေပါနဲ့"
တုနွမ် သူမကိုဖြောင်းဖြဖို့ ကြိုးစားလိုက်သည်။ "မင်းတယောက်တည်း ဘာသွားလုပ်မှာလဲ?"
အန်ရူ ။ "ကျောင်းဖန်နဲ့ အတူတူသွားလိုက်မယ်"
တုနွမ် ။ "လီးပဲ!" သူဒေါသထွက်နေပေမဲ့ အန်ရူကိုတော့ အပြစ်မတင်ပေ။ တုနွမ် မျက်ခုံးပင့်ပြီးအလေးအနက်ပြောလိုက်သည်။ "မင်း ဒီလိုလုပ်တာရဲ့အကျိုးဆက်ကိုသိမှာပါ၊ မင်းအထုပ်သိမ်းပြီး ထွက်သွားရ
နိုင်ခြေရှိတယ်နော်"
အန်ရူ ။ "ငါက ဒီကိုချန်ကျမ်းအတွက်ပဲလာခဲ့တာ"
'မဟုတ်ရင် ဘယ်လိုလုပ် သူမ ပင်လယ်ရဲ့တဖက်ခြမ်းကို ပြန်လာခဲ့မှာလဲ'
အခုချိန်မှာ ဂိမ်းအသစ်ရဲ့ထုတ်လုပ်မှုကလည်း အဆင့်တခုကိုရောက်နေပြီဆိုတော့ ဒီဇိုင်းခေါင်းဆောင်တယောက်အနေနဲ့ အဓိက animation ဒီဇိုင်းတွေအတွက် တာဝန်အရှိဆုံးသူဖြစ်နေတာကြောင့် သူမကို အလုပ်ဖြုတ်ရန်မဖြစ်နိုင်ပေ။ 'ငါထပ်သည်းမခံတော့ဘူး၊ အကွက်ရွေ့မလား၊ အလုပ်ဖြုတ်ခံရမလား နှစ်ခုထဲကတခုပဲ၊ လှုပ်ရှားမယ်ဆိုရင် မြန်မြန်လှုပ်ရှားရမယ်'
တုနွမ် ။ "မင်း တာဝန်ကနေရပ်စဲခံရလိမ့်မယ်"
အန်ရူ သူ့က်ုကြည့်ပြီး ပြောလိုက်သည်။ "ငါမယုံဘူး"
'တကယ်လို့ ချန်ကျမ်းသာ ငါ့ကိုသတိမထားမိဘူးဆိုရင် ဘာလို့ ငါ့ရဲ့အချက်ပြမှုတွေကို မငြင်းဆန်ခဲ့တာလဲ?'
အန်ရူမသိတာက ချန်ကျမ်းဟာ သူမရဲ့အချက်ပြမှုတွေကို ဂရုတောင်မစိုက်ခဲ့တာကိုပေ။
VOUS LISEZ
ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်း
Comédieရွမ်ကျူးကျူးတယောက် အရင်ဘ၀က အမျိုးသမီးဇာတ်လိုက်မရရှိခဲ့တဲ့ ငယ်ချစ်ဦးဆိုတဲ့ rebirth novel ထဲကို ကူးပြောင်းရောက်ရှိလာခဲ့တယ်။ ဇာတ်ကြောင်းမှာ ငယ်ချစ်ဦးဖြစ်တဲ့ ချန်ကျမ်းဟာ ရုပ်ချောပေမဲ့ အောင်မြင်မှုဘာမှမရှိတဲ့ အသုံးမကျတဲ့ ဇာတ်ကောင်တခု ဖြစ်တယ်။ သူ့ရဲ့ အေး...