အခုကြည့်ရတာကတော့ နှစ်ယောက်ကြားဆက်ဆံရေးကောင်းပုံပါပဲ။ ဒါပေမယ့်ချန်ကျမ်းက သူ့ခံစားချက်တွေကို မပြတာက သူ့ရဲ့ထိန်းထိန်းသိမ်းသိမ်းနေတတ်တဲ့စရိုက်ကြောင့်လား။
"သူ့မိန်းမက ကွာရှင်းမလို့လုပ်နေတယ်လို့ မကြားမိကြဘူးလား။" တဦးတည်းသောဝန်ထမ်းဖြစ်တဲ့ အန်ရူက သူမနှုတ်ခမ်းကိုကိုက်ရင်း သတိတထားနဲ့ ပြောလေသည်။
"မဟုတ်တာတွေ ပြောမနေနဲ့!!! သူဌေးက အတင်းပြောတဲ့လူတွေ မကြိုက်ဘူး"
"ဘယ်လိုတောင်၊ ငါ့သူငယ်ချင်းနဲ့ သူ့မိန်းမနဲ့က အခုတလော အတူကစားဖြစ်နေတာကို ငါတလောကမှ သိတာ"
လူပျိုတအုပ်စုဟာ ချက်ချင်းစိတ်ဝင်စားသွားပြီး "မရီးက ဘယ်လိုပုံစံလဲ? ကြည့်ကောင်းလား? အကျင့်စရိုက်ကရော?"
'အဲဒီအကြောင်း ပြန်စဉ်းစားရင် မိတ်ကပ်ထူထူနဲ့ အဝေးကနေကြည့်တောင် ကြောင်တောင်တောင်နိုင်တဲ့ ပုံစံပဲ စဉ်းစားလို့ရတယ်။ ငါ့ရဲ့ပြောင်မြောက်တဲ့မိတ်ကပ်နဲ့ ယှဉ်ကြည့်လိုက်ရင် ဘယ်သူကပိုသာတာလဲဆိုတာ ကြည့်လိုက်ရုံနဲ့သိနိုင်တယ်။' အန်ရူဟာ နှုတ်ခမ်းစူလိုက်ပေမဲ့ ပြုံးရင်းနဲ့ပဲ ခေါင်းခါလိုက်လေသည်။
"မိတ်ကပ်ကထူလို့ ငါသေချာမမြင်ရဘူး"
.......
တခဏလောက်အဆင်ပြေပြေနေပြီးချိန်မှာတော့ ကျူးကျူးဟာ ချန်ကျမ်းရဲ့ကောင်းချက်တွေ အများကြီးကို သိလာရလေသည်။
အမှိုက်ထုပ်ကို သယ်ဖို့အရင်လက်လှမ်းတာ၊ စျေးတွန်းလှည်းတွန်းပေးတာ၊ ကျူးကျူးဘာမှမပြောပေမဲ့ ငွေအရင်ရှင်းပေးတာမျိုး၊ အရေးအကြီးဆုံးကတော့ ကျူးကျူးရဲ့ ပုံမှန်မဟုတ်တဲ့ အပြုအမူတွေကို လျစ်လျူရှူထားတာကြောင့် ကျူးကျူးဟာ သူမရဲ့နဂိုစရိုက်ကို ဖုံးကွယ်စရာမလိုပဲ ဖော်ပြနိုင်တာပဲ ဖြစ်လေသည်။
'မဟုတ်ဘူး၊ သူ့ကိုသူအပါအဝင်ဘာကိုမှ ဂရုမစိုက်တာလို့ပဲ ပြောရမယ်။'
ကျူးကျူးဟာ ထမင်းအတူတူစားချင်လားလို့ သူ့ကို မေးချင်ပေမဲ့ ချန်ကျမ်းဟာ စျေးခြင်းတောင်းကို ချပြီး စာကြည့်ခန်းထဲကို တခါတည်းဝင်သွားလေသည်။ သူ တံခါးပိတ်တာကြည့်ပြီး ကျူးကျူးဟာ ခေါင်းခါရင်း တယောက်စာပဲ ခေါက်ဆွဲချက်လိုက်လေသည်။
ညအချိန်မှာ ကျူးကျူးဟာ နှစ်ယောက်အိပ်ကုတင်မှာ သက်တောင့်သက်တာ လဲနေရင်း လှိမ့်နေလေသည်။ သူမဟာ မနက်ဖြန် မနက်အိပ်ရာထပြီး ကုန်တိုက်သွားပြီး အဝတ်အစားဝယ်မှာကိုတောင် ကြိုတွေးထားနေလေပြီ။
"ဒင်း ဒင်း ဒုန် ဒုန်....."
ဖုန်းခေါ်သံဟာ အဆုံးမရှိ တခေါက်ပြီးတခေါက် မြည်နေလေသည်။
ကျူးကျူးဟာ ခေါ်သူနာမည်ကို ကြည့်လိုက်တော့ မသိတဲ့ နံပါတ်ဖြစ်နေလေသည်။ သူမ ဖုန်းမကိုင်လိုက်ပဲ သူမပုံစံဟာလည်း အေးအေးဆေးဆေးပဲ။ ခဏကြာတော့ တဖက်က အရမ်းစိတ်ဆိုးနေပုံနဲ့ မက်ဆေ့တွေ ပို့လာပေမဲ့ ဖွင့်ကြည့်ဖို့ကို ပျင်းနေလေသည်။
Wechat history မှာတော့ ဘေဘီလို့ မှတ်ထားလေသည်။
ရှားရုံ၊ ငွေရပေါက်ပဲရှာနေတဲ့ အနည်းငယ်မျက်နှာဖြူတဲ့သူဟာ မကောင်းတဲ့ စိတ်ရှိလေသည်။ နဂိုပိုင်ရှင်ဟာ သူတကယ်တုံးတာလား တုံးချင်ယောင်ဆောင်နေတာလားဆိုတာကို မခွဲတတ်ပေ။ 'သူဟာ ဒီတယောက်နဲ့လည်း မရှင်း မရှင်း၊ တခြားတယောက်ကိုလည်းမပြတ်ပေမဲ့ သူမကွာရှင်းပြီးချိန် ငွေယူပြီး သူမကို လက်ထပ်မယ်လို့ ကတိပေးထားတယ်လို့ပေါ့လေ'
ငွေယူပြီး မိသားစုတစုကို ဖြိုခွဲတာဟာ ပုံမှန်တွေ့ရတဲ့ရန်သူမျိုးပဲ။
![](https://img.wattpad.com/cover/286624410-288-k813980.jpg)
YOU ARE READING
ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်း
Humorရွမ်ကျူးကျူးတယောက် အရင်ဘ၀က အမျိုးသမီးဇာတ်လိုက်မရရှိခဲ့တဲ့ ငယ်ချစ်ဦးဆိုတဲ့ rebirth novel ထဲကို ကူးပြောင်းရောက်ရှိလာခဲ့တယ်။ ဇာတ်ကြောင်းမှာ ငယ်ချစ်ဦးဖြစ်တဲ့ ချန်ကျမ်းဟာ ရုပ်ချောပေမဲ့ အောင်မြင်မှုဘာမှမရှိတဲ့ အသုံးမကျတဲ့ ဇာတ်ကောင်တခု ဖြစ်တယ်။ သူ့ရဲ့ အေး...