Chapter 42(Unicode)

4.5K 504 9
                                    


အဲဒီစာကြောင်းကို မြင်ပြီးနောက် ကျူးကျူးမျက်လုံးလှန်မိလိုက်သည်။

'သူ အဲဒီသက်သေဆိုတဲ့အရာတွေကို ချန်ကျမ်းဆီကို ပို့ချင်နေတယ်ဆိုရင်တောင် ချန်ကျမ်းက ဂရုတောင်စိုက်မှာမဟုတ်ဘူး၊ ကြည့်တောင်မကြည့်ပဲ ဖျက်လိုက်မှာ၊ လိုင်းပေါ်မှာတင်ရင်လည်း ငါကဂရုမစိုက်ပါဘူး၊ ချန်ကျမ်းက ငါ့ယောင်္ကျားမှမဟုတ်တာ၊ ငါ့မှာအသိစိတ်ရှိသေးတယ်၊ လိုင်းပေါ်မှာဘာတွေပြောပြော ငါနဲ့မှ မဆိုင်တာ'

'ရှားရုံတကယ်ပဲ ငါ့ကိုပါ အရှက်မရှိဆွဲချချင်ရင် ငါပူးပေါင်းပေးလိုက်ရမှာပေါ့'

ကျူးကျူးမြန်မြန်ပြန်ပြောလိုက်သည်။

{နင့်သဘောပဲ}

ဖက်ထုပ်တွေ အနည်းငယ်အေးစပြုလာပြီ၊ ကျူးကျူးဟာ ရှားရုံကြောင့် အတွေးများနေတာကြောင့် တူဟာ လျှောက်တည်ရာမဲ့ထိုးနေမိသည်။ 'ငါ့မှာ ရှားရုံငါ့ကို ဘယ်တော့မှ နှောင့်မယှက်ရအောင် လုပ်နိုင်စွမ်းမရှိတာကြောင့် တခြားနည်းတွေကိုပဲ စဉ်းစားရတော့မယ်'

ချန်ကျမ်းရဲ့ ဖက်ထုပ်စားဖို့လုပ်နေတဲ့ အပြုအမူဟာ အတွေးပြည့်နေတဲ့ အခြေအနေပေါ်နေပြီး ကျူးကျူးက တခြားအကြောင်းတွေးနေတာကြောင့် အဲဒါကို မမြင်လိုက်ပေ။

ရှားရုံတကယ်လုပ်လိုက်သည်။

ညအချိန်မှာ

ကျူးကျူးဟာ အခန်းထဲအိပ်ရန် ပြန်ဝင်သွားပြီး ရှားရုံအလွန်အကျွန်မလုပ်လောက်ပါဘူးလို့ တွေးနေသည်။ ကျူးကျူးရဲ့အဲဒီဂရုမစိုက်တဲ့အမူအရာဟာ ရှားရုံကို ဆွပေးသလိုဖြစ်သွားလိမ့်မယ်လို့ ဘယ်သူတွေးမိမှာလဲ၊ နဂိုပိုင်ရှင်ရဲ့ကောင်းကွက်တွေကိုတွေးရင်တောင် တခုခုပြောလိုက်တာက သူတို့ရဲ့အိမ်ထောင်ရေးခံစားချက်တွေကို ဖျက်ဆီးပစ်လိမ့်မည်။

သူမယုံနိုင်ပေ။ 'ဘယ်လိုပဲ ခံစားချက်မရှိတဲ့စုံတွဲဖြစ်နေပါစေ သူတို့ရဲ့မိန်းမက သူတို့ကို ဦးထုပ်စိမ်းဆောင်းပေးနေတာတွေ့ရင် အလေးမထားပဲ နေနိုင်ပါ့မလား?'

(တရုတ်မှာ ဖောက်ပြန်ခံရရင် ဦးထုပ်စိမ်းဆောင်းပေးခံရတယ်လို့ သုံးပါတယ်)

ရှားရုံဆီမှာ ချန်ကျမ်းရဲ့ မိုဘိုင်းဖုန်းနံပါတ်ရှိသည်။ နဂိုပိုင်ရှင်က လုံးဝမထင်မှတ်ထားချိန်မှာ သူ သူ့ရဲ့ဖုန်းနံပါတ်ကို သိမ်းထားလိုက်ပြီး တနေ့ကျရင် သုံးစရာလိုလာမယ်လို့ တွေးလိုက်မိတယ်။ အေးစက်နေတဲ့မျက်နှာနဲ့ သူ email နဲ့ မက်ဆေ့အရှည်ကြီးတစောင်ကို ပို့လိုက်သည်။ ဒါမှသာ ရွမ်ကျူးရဲ့ယောင်္ကျားက သူ့ရဲ့မိန်းမက ဘာလုပ်နေတာဆိုတာကို သေချာနားလည်နိုင်မှာပေ။

ရှားရုံဟာ ချန်ကျမ်းဆီက ပြန်စာကို တိတ်တဆိတ်စောင့်ဆိုင်းနေသည်။

ပြန်စာရောက်ရန် အချိန်အကြာကြီးစောင့်နေရသည်။ သူအနည်းငယ်စိတ်တိုစပြုလာပြီ။ 'တဖက်လူက ရွမ်ကျူးနဲ့ရန်ဖြစ်နေတာကြောင့်လား?' လို့တွေးနေမိသည်။

အဲဒီအချိန်မှာ ရှားရုံမသိတာက ချန်ကျမ်းဟာ သူစိမ်းတွေဆီက ဘာသတင်းမှ လက်မခံဘူးဆိုတာပါပဲ။ သူဟာ မက်ဆေ့အရှည်ကြီးပါတဲ့ Link တခုနဲ့ နှောင့်ယက်တာခံရတာကြောင့် ချက်ချင်းပဲ အမှိုက်ပုံးထဲကို ပစ်ထည့်လိုက်ပြီး ကျန်တဲ့ ကြော်ငြာတဲ့ဟာတွေ လိမ်လည်တဲ့ email တွေနဲ့ သွားပြီးတော့ ပူးပေါင်းသွားရလေသည်။


ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်းWhere stories live. Discover now