(Omicron ဖြစ်နေလို့ တပတ်လောက် မပြောမဆိုပျောက်သွားမိတာ sorry ပါနော် အပိုင်းတွေ အမြန်ပြန်တင်နိုင်အောင် ကြိုးစားပါမယ်)
ရှုဘီယန်ဟာ သူမအပေါ်ရန်လိုနေပြီး ကျူးကျူးနဲ့ အမြဲစကားပြောဖို့ ကြိုးစားကာ သူမဘယ်သူလဲဆိုတာ သိရန် လုပ်လေသည်။ သူမရဲ့ရန်လိုမှုကြောင့် ကျူးကျူးအနည်းငယ်စိတ်အနှောင့်အယှက်ဖြစ်ရပေမဲ့ တခြားသူတွေက စိတ်ဝင်စားစရာကောင်းတယ်လို့ထင်တာကြောင့် အသင်းကနေ သူမနုတ်မထွက်ချင်ပေ။
ဒီအချိန်မှာတော့ ကျူးကျူးနောင်တအနည်းငယ်ရနေပြီး တခြားဂိမ်းကစားနေတာတောင် ပြသာနာနည်းနေမှာပဲလို့ တွေးနေတော့သည်။
အသင်းက တခြားမိန်းကလေးတွေက ကျူးကျူးကို တခါကာကွယ်ပေးရင်တောင် ရှုဘီယန်ရဲ့သူငယ်ချင်းတွေက အပင်ပေါက်စလေးတွေ မဟုတ်ပေ။ သူတို့က အမြဲဘေးကနေ အရန်သင့်ပြောပေးနေကြသည်။
ကျူးကျူးရုတ်တရက်နားလည်သွားသည်။
'ရှုဘီယန် ...... နင်ကဂိမ်းနာမည်ကြောင့် ကိုယ့်ကိုကို ပြန်မြင်ယောင်မိသွားလို့လား? သေချာပေါက် သူမက အကုန်လုံးကို ရွံ့ရှာနေပြီး ချန်ကျမ်းကြောင့် ဒေါပွနေတာဖြစ်နိုင်တယ်'
'ဂိမ်းကစားနေတာမှာ မပျော်မရွှင်ဖြစ်နေစရာအကြောင်းမှမလိုတာ' လို့တွေးကာ ကျူးကျူးတခြားသူတွေအများကြီးကို အပ်ကာ ပျော်ပျော်ရွှင်ရွှင်နဲ့အသင်းကနေ ထွက်လာခဲ့လိုက်သည်။
ကျူးကျူးနာရီကို လှမ်းကြည့်လိုက်သည်။ အခုချိန်ထိ ချန်ကျမ်းပြန်မရောက်သေးပေ။
အပြင်မှာက မိုးက ပိုပိုသဲလာတော့သည်။ ချန်ကျမ်းမှာ ထီးသယ်သွားတတ်တဲ့ အကျင့်ရှိပုံမပေါ်ပေ။ သူမဖုန်းခေါ်ပြီး မေးကြည့်လိုက်ရမှာလား?
"ဒင်း ဒင်း တုန် တုန် ....."
ဖုန်းရဲ့သီချင်းသံက ရုတ်တရက်မြည်လာတာကြောင့် ချန်ကျမ်းဖုန်းခေါ်လာတာလားလို့ ကျူးကျူးတွေးမိလိုက်ပေမဲ့ မိထွေးကြူဝေရဲ့နာမည်ကို တွေ့လိုက်ရသည်။ သူမ ဒီမိန်းမဖုန်းခေါ်နေလည်း မကိုင်ပဲ ဖုန်းကို အိပ်ရာပေါ်လွှင့်ပစ်မလို့လုပ်နေပေမဲ့ သီချင်းသံဟာရုတ်တရက် ရပ်တန့်သွားသည်။
ကျူးကျူးကြောင်သွားတေ့ာသည်။
'မိထွေးက ဒီလိုမျိုး လွယ်လွယ်လက်လျော့တတ်တဲ့လူမျိုးမဟုတ်ပါဘူး' သံသယများနေတုန်းမှာပဲ တဖက်လူက တိုက်ရိုက်မက်ဆေ့ပို့လာလေသည်။
{အိမ်အောက် ကို ဆင်းလာမှာလား ငါနင့်ဆီကို တက်လာရမှာလား တခုကိုရွေး } 'ဒီလေသံက အာဏာကြီးမားတဲ့ သမ္မတပုံစံမျိူးလိုပါလား'
ကျူးကျူးက ဘာမှမသိပေမဲ့ တဖက်လူက သူမကိုသာ အော်ဟစ်ဆူပူခဲ့သည်။ ကြူဝေဟာ ချန်ကျမ်းရဲ့ အမွေတွေကို လောဘတက်ရဲပေမဲ့ ဒီအိမ်ထဲကို မဝင်ရဲပေ။ ဘာလို့ဆိုတော့ ဒီအိမ်ဟာ ချန်ကျမ်းရဲ့နောက်ဆုံးသည်းခံတဲ့အတိုင်းအတာဖြစ်ကြောင်း သူမသိတာကြောင့်ပေ။ ကြူဝေဟာ ဉာဏ်ကောင်းတဲ့သူမို့လို့ ဘယ်လိုလုပ် ချန်ကျမ်းဒေါသဆွရလောက်အောင် မတုံးနိုင်ပေ။
သူမမျက်လုံးထဲမှာ ချန်ကျမ်းဟာ ဘာမှမရှိတဲ့ ဒုတိယမျိုးဆက်ဆက်ခံသူဖြစ်ပေမဲ့ ယုန်တောင်မှ လွတ်လမ်းမရှိရင် ပြန်ကိုက်တတ်သေးတာပဲ။ ချန်ကျမ်းဟာလည်း မခြားနားပေ။
ကျူးကျူးသက်ပြင်းချလိုက်သည်။
'ကြူဝေဟာ သေချာပေါက်ရာဇသံပေးဖို့ရောက်လာတာဖြစ်ပြီး ငါတို့ရဲ့အေးအေးချမ်းချမ်းရက်လေးတွေ အဆုံးသတ်သွားတော့မယ်'
ESTÁS LEYENDO
ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်း
Humorရွမ်ကျူးကျူးတယောက် အရင်ဘ၀က အမျိုးသမီးဇာတ်လိုက်မရရှိခဲ့တဲ့ ငယ်ချစ်ဦးဆိုတဲ့ rebirth novel ထဲကို ကူးပြောင်းရောက်ရှိလာခဲ့တယ်။ ဇာတ်ကြောင်းမှာ ငယ်ချစ်ဦးဖြစ်တဲ့ ချန်ကျမ်းဟာ ရုပ်ချောပေမဲ့ အောင်မြင်မှုဘာမှမရှိတဲ့ အသုံးမကျတဲ့ ဇာတ်ကောင်တခု ဖြစ်တယ်။ သူ့ရဲ့ အေး...