Chapter 57 (Unicode)

4.3K 480 0
                                    

အဲဒီအချက်ကပဲ သူတို့ကို ကြောက်စရာကောင်းတဲ့လျှို့ဝှက်ချက်ကို လွတ်သွားစေတာပေ။

သူတို့ အမြင်မှာ ကောက်ရိုးအိတ်ဆိုတာမရှိပေ။ နာမည်ကြီးနေတဲ့ ကုမ္ပဏီတွေက ဘီလီယံနဲ့ချီတန်တနလေပြီ။ အခုလိုဖြစ်လာတာဟာ နှစ်အနည်းငယ်ပဲ ကြာသေးသည်။

ကျူးကျူးဟာ တုန်လှုပ်နေတော့သည်။

"အမလေး၊ အဲဒါက အန်တီကနင့်အတွက် အမွေချန်ထားခဲ့တာလား ?" သူမဒီအကြောင်းပြချက်ပဲ စဉ်းစားလို့ရတော့သည်။

ချန်ကျမ်း တခဏလောက် တိတ်ဆိတ်သွားသည်။

"အင်း"

ကျူးကျူး စိတ်သက်သာရစွာနဲ့သက်ပြင်းချလိုက်သည်။ "ဒါက ကောင်းတယ်၊ တကယ်လို့ နင်သာ သူဌေးကြီးဖြစ်လာရင် ငါ သေချာပေါက် အိမ်ခွဲနေပေးပါမယ် "

'သူမက ပြသာနာတက်မှာကို အကြောက်ဆုံးပဲ၊ မလုပ်ချင်ဆုံးတခုဆိုရင် သူများကိစ္စတွေ ဝင်စွက်ဖက်တာပဲ၊ တကယ်လို့ ချန်ကျမ်းသာ ကိုယ်ပိုင်စီးပွားရေးစလုပ်ရင် အခြေအနေတွေကလည်း ရှုပ်ထွေးလာမှာပဲ' 

ချန်ကျမ်းမျက်လုံးတွေဟာ အဓိပ္ပာယ်အပြည့်နဲ့ အရောင်လက်သွားသည်။ "....."

အဲလိုတွေးပြီးနောက် ကျူးကျူးမစိုးရိမ်တော့ပေ။

သူမမေးလိုက်သည်။ "ဒါဆို ငါလစဉ်အသုံးစရိတ် ဆက်သုံးနေလို့ရသေးတာပေ့ါ"

ချန်ကျမ်းဟာ တည်ငြိမ်နေသည်။ "နှစ်ဆ၊ အစားအသောက်ဖိုးပါပေါင်းပြီး"

ကျူးကျူး ။' နင် "Han" တွေ အကုန်စားချင်တယ်ဆိုရင်တောင် ငါ့နင့်အတွက် လုပ်ပေးမယ်"

ချန်ကျမ်းဟာ ချက်ချင်းပဲအဓိကစကားကို ဖမ်းမိလိုက်သည်။ "သူတို့ကဘာလဲ? "Han"  က စားလို့ရလား?"

ကျူးကျူး ။ ".....ဒါဆိုဘာလဲ၊ နင်နောက်ထပ် ဆန်ပြုတ်တခွက် ထပ်သောက်ချင်သေးလို့လား?"

ကြူဝေ ဘယ်လိုတုံ့ပြန်မယ်၊ ချန်အဖေရဲ့ကုမ္ပဏီဘယ်လိုဖြစ်လာမယ်ဆိုတာကို ကျူးကျူးခေါင်းထဲမထည့်တော့ပေ။

နောက်တနေ့ သူတို့သတင်းကောင်းတခုရလိုက်သည်။

ချန်အဖေရဲ့ကုမ္ပဏီမှာ အဓိကစီမံရေးနဲ့ပတ်သက်ပြီး ပြသာနာပေါ်လာသည်။ စီမံကိန်းတခုဟာ ပြင်းထန်တဲ့ ပြသာနာရှိနေကြောင်း ပေါ်ထွက်သွားသည်။ သတင်းရှာဖွေမှုထိပ်ဆုံးကိုတောင် ရောက်သွားသည်။ တချို့ရင်းနှီးမြှုပ်နှံသူတွေက သူတို့ရဲ့ ငွေတွေကို ပြန်လည်ရုတ်သိမ်းသွားသည်။ စတော့ရှယ်ယာတွေ ရပ်တန့်သွားသည့်အပြင် ချက်ချင်း ထက်ဝက်နီးပါး ကျဆင်းသွားတော့သည်။

ရုတ်တရက် ဖြစ်ပျက်သွားတာကြောင့် ချန်အဖေဟာ အရမ်းရင်ပူနေပြီး နေ့ရော ညပါ မအိပ်နိုင်ပေ။ ပြီးတော့ ကြူဝေကတော့ ငိုနေလေသည်။

'ငါ့ရှယ်ယာတွေ! ငါ့ငွေတွေ! ငါအရမ်းနောက်ကျနေရင် အကုန်ပျောက်သွားတော့မှာပဲ'

အဲဒီအကြောင်းပြချက်ကြောင့် အလုပ်ချိန်တွေမှာ လိမ္မာပြီး နာခံတတ်တဲ့ကြူဝေက ရုတ်တရက် အနိုင်လိုစိတ်တွေ ပြင်းလာပြီး ချန်အဖေနဲ့ နေ့တိုင်းရန်ဖြစ်နေလေသည်။

တကယ့်မျက်နှာစစ်ပေါ်လာမှုဟာ ချန်အဖေကို ထိတ်လန့်သွားစေပြီး နာကျင်စေသည်။

ကုမ္ပဏီဟာ အကျဘက်ကို ဆင်းနေပေမဲ့ ကံကောင်းတာက လျော်ကြေးအများကြီးပေးစရာမလိုတာပေ။ ဒါကြောင့် ဒေဝါလီခံ၇လောက်အောင်ထိမဖြစ်ပေ။ ချန်အဖေဟာ ကုမ္ပဏီရဲ့နောက်ဆုံးခြေလှမ်းကို မရောက်စေရန် အရမ်းတောင့်တနေတာကြောင့် သူ့သားက ဘာလုပ်နေလဲဆိုတာကို ဂရုစိုက်နိုင်ရန် မအားပေ။

ချန်ကျမ်းရဲ့အဖျားက နောက်တနေ့ကျတော့ လုံးဝနီးပါးကောင်းသွားတော့သည်။

ကျူးကျူးဟာ သူကချမ်းသာပြီး ယုံကြည်ချက်ရှိတာကြောင့် သူ့ကို ထမင်းကောင်းကောင်းတနပ်ကျွေးရန် ဆုံးဖြတ်လိုက်သည်။




ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်းOù les histoires vivent. Découvrez maintenant