ရှားရုံဟာ ကျူးကျူးမကြည့်မိပဲ လွဲသွားမှာကြောက်နေသလိုမျိုး မက်ဆေ့တွေ တခုပြီးတခုဆက်တိုက်ပို့နေလေသည်။ သူမက်ဆေ့ပို့ပြီးချိန်မှာပဲ ယွမ်ယွမ်လို့ မှတ်ထားတဲ့ မိန်းကလေးသူငယ်ချင်းဆီကနေလည်း မက်ဆေ့ရောက်လာတာကြောင့် သူမဟာ ဖုန်းကိုဖွင့်ကြည့်မိလိုက်လေသည်။
"ကျူးကျူး၊ စိတ်ဆိုးနေတာလား? ရှားရုံရဲ့စရိုက်က အဲလိုပဲ၊ သူ့ကိုခေါင်းထဲထည့်မထားနဲ့၊ ငါတို့သတင်းကောင်းစောင့်နေတယ်နော်"
"ဒါနဲ့ နင်ကွာရှင်းတာကရော ဘယ်လိုဖြစ်သွားပြီလဲ? ကျန်းမာရေးဆေးခန်းဖွင့်မှာအတွက်ရော မနက်ဖြန်ပွဲလုပ်မှာလား?"
ကျူးကျူးဟာ ရင်းနှီးပုံရတဲ့ နာမည်ကို စိုက်ကြည့်နေလေသည်။ ဒီအသိုင်းအဝိုင်းထဲက သူငယ်ချင်းတော်တော်များများဟာ ကျူးကျူးနဲ့ ရှားရုံနဲ့ ဓာတ်ပုံရိုက်ဖူးတာကြောင့် သေချာပေါက်သူမဟာလည်း ရှားရုံနဲ့ ရင်းနှီးပေလိမ့်မည်။
ရှားရုံကိုလည်း သူမမိတ်ဆက်ပေးတာဖြစ်ပြီး မကောင်းတဲ့အချက်ကို ပြောရမယ်ဆိုရင် ပြည့်တန်ဆာခေါင်းဖြစ်ပြီး သူတို့နှစ်ယောက်ကြားမှာလည်း ကိစ္စလေးတွေရှိလေနိုင်သည်။
ပြသာနာဆိုတာ ရှောင်လွဲလို့မရပေ။ ကိုယ်တိုင်ဖြေရှင်းရုံကလွဲ အခြားနည်းမရှိပေ။ ကျူးကျူးဟာ သေချာထထိုင်လိုက်ပြီး နှစ်ယောက်လုံးကို မက်ဆေ့ပို့လိုက်လေသည်။
"ရှားရုံ ငါတို့မနက်ဖြန်တွေ့ကြရအောင်"
"ယွမ်ယွမ် မနက်ဖြန်ရှားရုံခေါ်ပြီး နင့်ကိုလာတွေ့မယ် တွေ့မှာလား မတွေ့ဘူးလား"
ကျူးကျူးဟာ စောစောနိုးနေလေသည်။ ကောင်းကင်ဟာ ကြည်လင်နေပြီး ကြယ်အနည်းငယ်ဟာ အေးစက်နေတဲ့ ကောင်းကင်မှာချိတ်ဆွဲလျက်ရှိနေသေးသည်။ တညလုံးရွာထားတဲ့မိုးကြောင့် အသက်ရှုလိုက်တိုင်းမှာ မြေသင်းနံ့ရနေလေသည်။ ဒီအချိန်မှာ လူအများကြီးမရှိသေးတာကြောင့် တိတ်ဆိတ်ပြီး သက်တောင့်သက်သာရှိနေလေသည်။ အိပ်ရာသစ်မှာ အိပ်ရတာကြောင့် အိပ်မပျော်နိုင်ဘူးလို့ထင်ထားပေမဲ့ နှိုးစက်သံကြောင့် မျက်လုံးဖွင့်လိုက်ချိန်မှာ ကောင်းကင်တောင်လင်းနေလေပြီ။
ဒီနေ့မှာ လုပ်စရာတွေအများကြီးရှိတာကြောင့် အိပ်ငိုက်နေဖို့ အချိန်မရှိလေဘူး။ ကျူးကျူးဟာ ဖိနပ်ပါးစီးပြီး အိပ်ခန်းတံခါးကိုဖွင့်လိုက်လေသည်။ မီးဖိုချောင်ကနေ သေးသွယ်တဲ့လူတယောက်ထွက်လာကြောင့် သူမဟာ လန့်သွားလေသည်။ ချန်ကျမ်းဟာ ပေါင်မုန့်မီးကင်နှစ်ခုနဲ့ အာဟာရရှိပုံပေါ်တဲ့ နို့တဘူးကို ကိုင်ထားလေသည်။ သူဟာ ကျူးကျူးကို တခွန်းမှမပြောပဲ စာကြည့်ခန်းကိုသာ ဖြေးဖြေးပြန်သွားလေသည်။
ချန်ကျမ်းဟာ မနေ့ညက ညစာ မစားရသေးတာကို သတိရသွားတာကြောင့် ကျူးကျူးဟာ ခေါင်းကုတ်ရင်းနဲ့ သူ့ကိုတားလိုက်လေသည်။ "မနက်စာကို ကြက်ဥ ဒါမှမဟုတ် udon စားမလား"
ချန်ကျမ်းဟာ ရပ်လိုက်လေသည်။
KAMU SEDANG MEMBACA
ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်း
Humorရွမ်ကျူးကျူးတယောက် အရင်ဘ၀က အမျိုးသမီးဇာတ်လိုက်မရရှိခဲ့တဲ့ ငယ်ချစ်ဦးဆိုတဲ့ rebirth novel ထဲကို ကူးပြောင်းရောက်ရှိလာခဲ့တယ်။ ဇာတ်ကြောင်းမှာ ငယ်ချစ်ဦးဖြစ်တဲ့ ချန်ကျမ်းဟာ ရုပ်ချောပေမဲ့ အောင်မြင်မှုဘာမှမရှိတဲ့ အသုံးမကျတဲ့ ဇာတ်ကောင်တခု ဖြစ်တယ်။ သူ့ရဲ့ အေး...