Chapter 84 (Unicode)

3.7K 485 6
                                    

ချန်ကျမ်း တုနွမ်ကို စိုက်ကြည့်လိုက်သည်။ သူ့အကြည့်က ပြင်းထန်လွန်းတာကြောင့် တုနွမ် မရယ်နိုင်တော့ပေ။

ချန်ကျမ်း ။ "လှလား?"

တုနွမ် မစဉ်းစားပဲ ဖြေလိုက်သည်။ "ကြည့်ရတာ အဆင်ပြေပါတယ်"

ချန်ကျမ်း ။ "ကြည့်ရတာ အဆင်ပြေလား?"

တုနွမ် အသက်ရှင်ချင်တဲ့စိတ်အပြည့်နဲ့ ".....တကယ်တော့ အဲလောက်ပါပဲ"

တုနွမ်ဟာ သူဌေးကို ကြည့်လိုက်ပြီး တခုခုမှားနေသလို ခံစားနေရသည်။ 'သူတံခါးကနေ ဝင်ဝင်ချင်း အဲဒီသူစိမ်းမိန်းမကို အာရုံစိုက်နေတယ်။ ခုနတုန်းကပုံစံကို ကြည့်၇တာကလည်း .....သေချာပေါက် အနည်းငယ်မပျော်တဲ့ပုံပဲ'

ဒီတခေါက်မှာတော့ တုနွမ်တကယ်လန့်သွားတော့သည်။

'သူဌေး သူဌေး မိုက်မဲတဲ့အရာတွေကို လုပ်လို့မဖြစ်ဘူး!! သူဌေးက အခုမိသားစုနဲ့လေ!!'

တုနွမ်ဟာ ချန်ကျမ်းတယောက် ကွာရှင်းခံရပြီး တယောက်တည်း အထီးကျန်ကျန်နဲ့ ခေါက်ဆွဲခြောက်နဲ့ ကီးဘုတ်ကိုပဲ အဖော်ပြုပြီး အိမ်မှာသေနေတာတောင် တယောက်ကမှ မသိတော့ ရှာမတွေ့တဲ့ ပုံစံထိ စိတ်ကူးဖော်လိုက်လေပြီ။ 'အရမ်းသနားစရာကောင်းတာပဲ၊ တကယ်ကို သနားစရာပဲ!!!'

ချန်ကျမ်းရဲ့သေစေလောက်တဲ့ အကြည့်ကြောင့် ကျူးကျူးဟာ ရှက်ပြီး ဂနာမငြိမ်ဖြစ်လာသည်။

သူမရဲ့ အပြစ်ရှိတဲ့စိတ်ကြောင့် ထပ်မစားတော့ပဲ စားပွဲထိုးကို ဘေရှင်းရန် မြန်မြန်ခေါ်လိုက်သည်။

ထွက်ပေါက်က သူတို့ထိုင်နေတဲ့ စားပွဲနဲ့နီးနေသည်။ ကျူးကျူး ပတ်သွားရန်လည်း မဖြစ်နိုင်ပေ။ ဆုံးဖြတ်ချက်ချရန် အလွန်ခက်နေပြီး နောက်ဆုံးတော့ ဘာကိစ္စမှမရှိသလို မျိုး ဟန်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။ ပြီးတော့ ထွက်ပေါက်ဆီ လျှောက်သွားလိုက်သည်။

'နီးလာနေပြီ၊ နီးလာပြီ!!'

ကျူးကျူးဟာ အလျင်စလိုလျှောက်နေတာကြောင့် ချန်ကျမ်းဟာ ဓား ခရင်းကို ချလိုက်တာကို မတွေ့လိုက်ပေ။ သူဖြေးဖြေးချင်း ပြောလိုက်သည်။ "အတူတူမပြန်ဘူးလား?"

အကုန်လုံးရဲ့အံ့ဩနေတဲ့အကြည့်အောက်မှာ ကျူးကျူးရပ်လိုက်သည်။

ကျူးကျူးနောက်ကို ဖြေးဖြေးချင်းလှည့်လိုက်ပြီး လူတအုပ်ရဲ့ အံ့ဩနေတဲ့ အကြည့်တွေနဲ့ မိတ်ဆက်ခံလိုက်ရပြီး သူမလက်ကို အနေရခက်စွာ ဝှေ့ရမ်းလိုက်ပြီး "မင်္ဂလာပါ"

တုနွမ် ။ "ဒီက...."

ကျူးကျူးဟာ နဂိုပိုင်ရှင်က သူတို့ကို တွေ့ဖူးလားမသိပေ။ စကားအများကြီးပြောတာကလည်း မကောင်းတာကြောင့် နေရာမှာပဲရပ်နေလိုက်ပြီး သူတို့အသိအမှတ်ပြုတာကိုပဲ လက်ခံနေလိုက်သည်။

ချန်ကျမ်းတည်ငြိမ်စွာနဲ့ပြောလိုက်သည်။ "ငါ့ဇနီး"

တုနွမ်နဲ့ကျောင်းဖန်ဟာ ပါးစပ်ထဲကဟာ တွေကို ထွေးထုတ်တော့မတတ်ဖြစ်သွားပေမဲ့ ရှေ့က ဇူးမာကြောင့် ပြန်ရုတ်သိမ်းလိုက်ရသည်။ နှစ်ယောက်သားအချိန်အတော်ကြာကြောင်အနေကြသည်။ 'မရီးက အရမ်းလှတာပဲ!!'

သူတို့ကုမ္ပဏီက ဘုန်းကြီးကုမ္ပဏီလိုပဲ။ ယောင်္ကျားနဲ့မိန်းမအချိုးက အလွန်ကွာခြားသည်။ အန်ရူလိုမျိုး စိတ်အပြောင်းအလဲမြန်ပြီး လှပတဲ့သူဟာ ကုမ္ပဏီမှာတော့ နတ်ဘုရားမလိုမျိုး ဆက်ဆံခံရသည်။ တခါတရံ သူမဒေါသပေါက်ကွဲတတ်ပေမဲ့ သူတို့သူမကို စိတ်မဆိုးရက်ပေ။

အခုကျူးကျူးနဲ့ ယှဉ်ကြည့်လိုက်တော့ အလွန်လှတယ်လို့ ထင်ခဲ့တဲ့ အန်ရူဟာ ချက်ချင်းပဲ ရုပ်ဆိုးသွားတော့သည်။

ပထမတော့ အန်ရူက သူမက လှပတဲ့သူမဟုတ်ဘူးလို့ ပြောထားတော့ သူတို့စိတ်ထဲမှာတော့ အတော်အသင့်ပြင်ဆင်ထားကြတာပေ။ အကြည့်တချက်နဲ့တင် သူတို့ရှေ့မှာ ရပ်နေတဲ့ အလှလေးကျူးကျူးကို တွေ့လိုက်ရတော့ ပြောစရာစကားတောင်ထစ်ကုန်ကြသည်။ 'ငါ ဘာပြောရမှန်းတောင် မသိတော့ဘူး' ယောင်္ကျားကြီးနှစ်ယောက်ဟာ ရှက်နေကြပြီး သူတို့ရဲ့ လည်ပင်းတွေ နားတွေနဲ့ ပါးတွေကို ကုတ်နေကြပြီး သူတို့ရဲ့မျက်လုံးတွေဟာ အားကျမှုကြောင့် အစိမ်းရောင်တောင်သမ်းနေသည်။

'သူဌေးဇနီးက အရမ်းလှတာပဲ။ စိတ်ထားလည်းကောင်းတယ်၊ ဟင်းချက်လည်းတော်တယ်။ ဒါကဘဝမှာ ထီဆုကြီးပေါက်ထားသလိုပဲ!!!'

ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်းDonde viven las historias. Descúbrelo ahora