တဖက်မှာတော့ တုနွမ်ဟာ ဇူးမာနဲ့စကားစမြည်ပြောပြီးသွားပြီး ချန်ကျမ်းပြောရမဲ့အလှည့်ကိုရောက်လာပေမဲ့ ချန်ကျမ်းဟာ အတွေးနွံထဲနစ်နေပုံပေါ်နေသည်။ တုနွမ်ဟာ ရယ်မောရင်းပြောလိုက်သည်။ "ကုမ္ပဏီဝန်ထမ်းတွေပဲ၊ ရင်းနှီးအောင်လုပ်ကြပေါ့"
ဇူးမာဟာ အနည်းငယ်အံ့သြသွားပေမဲ့ မျက်နှာပေါ်မှာမပေါ်စေပေ။ တယောက်နဲ့တယောက်ရင်းရင်းနှီးနှီးနဲ့ ထိုင်ကြရန် ပြောလိုက်ကြသည်။ အန်ရူဟာ ဇူးမာရဲ့မျက်နှာချင်းဆိုင်ဘက်ခြမ်းမှာထိုင်လိုက်သည်။ သူမအတွေးကတော့ 'ချန်ကျမ်းက သေချာပေါက် ဇူးမာဘေးမှာထိုင်မှာမဟုတ်ဘူး။ သူက သူစိမ်းတွေနဲ့ထိုင်ရတာမကြိုက်ဘူး။ ဒါဆိုရင် သူမဘေးမှာပဲ ထိုင်လိမ့်မယ်'
တုနွမ်မျက်ခုံးပင့်မိလိုက်သည်။ ချန်ကျမ်းဟာ သေချာပေါက် ခုံအပိုမှာပဲ ထိုင်လိမ့်မယ်လို့ တွေးလိုက်သည်။ မထင်မှတ်စွာနဲ့ သူဟာ ဇူးမာရဲ့အံ့အားသင့်နေတဲ့မျက်လုံးတွေကိုလစ်လျူရှုပြီး ဇူးမာဘေးမှာ အလိုက်သင့်ထိုင်လိုက်သည်။
တခြားသူတွေ ။ "......."
'ထူးဆန်းလိုက်တာ၊ သူဌေး ဇူးမာနဲ့တကိုယ်တည်းပြောမလို့လား? ငါတို့ကို ဇူးမာနဲ့ စကားမပြောစေချင်လို့လား?'
တခဏလောက် အကုန်လုံးကြောင်နေကြပြီး ချန်ကျမ်းဘာကိုဆိုလိုချင်မှန်း မသိကြပေ။
ဘယ်သူမှမသိကြတာက ချန်ကျမ်း အဲဒီနေရာမှာထိုင်တာက သူမျက်လုံးပင့်လိုက်တာနဲ့ ကျူးကျူးကို တွေ့ရတာ လွယ်ကူတာကြောင့်ပေ။
ဇူးမာ ။ "အမ်....တခုခုမှားနေလို့များလား?"
"ဘာမှမဖြစ်ပါဘူး"
အန်ရူမြန်မြန်ပြောလိုက်သည်။ "ဒါဆို ဒီခုံမှာ ငါထိုင်လိုက်မယ်။ ငါငံပြာရည်စပ်ဖို့ပဲ ရောက်လာတာ။ ဒီလိုဆိုရှင်တို့စကားပြောရအဆင်ပြေသွားတာပေါ့"
သူမထိုင်ခုံဆီ မြန်မြန်ရွေ့ထိုင်လိုက်သည်။ ချန်ကျမ်းနဲ့ တိုက်ရိုက်မဟုတ်တောင် ကပ်လျက်ထိုင်ရတယ်လို့ သတ်မှတ်ရမှာပေါ့။
အခုချိန်မှာတော့ လူတစုဟာ ဒီပုံစံနဲ့ ထိုင်နေကြသည်။
တုနွမ်****ကျောင်းဖန်
------------အန်ရူ
ဇူးမာ*****ချန်ကျမ်း
(---ကို ခုံလို့ မြင်ကြည့်ပေးပါ)
အန်ရူဟာ သူမရဲ့လှပတဲ့ကိုယ်အလှကို ပြသသလိုမျိုး သေချာထိုင်နေသည်။ ချန်ကျမ်းဟာ သူမထိုင်နေတဲ့ဘက်ကို လှမ်းကြည့်ပြီး အကြည့်လွှဲသွားကြောင်း သတိထားမိလေသည်။ သူမရဲ့ ရှက်ပြုံးလေးဟာ မျက်နှာပေါ်မှာ ပေါ်ပေါက်လာသည်။
အန်ရူမသိတာက ချန်ကျမ်း ကျူးကျူးကို ကြည့်နေတာကို သူမနေရာက ကွယ်နေတာကြောင့် စိတ်တိုနေပြီဖြစ်ကြောင်းမသိသေးပေ။ သူ ခုံနောက်မှီကို ပျင်းရိစွာမှီလိုက်ပြီး ဖုန်းကိုယူကာ အနည်းငယ် တို့လိုက်သည်။
ဖုန်းဆီက အသံထွက်လာတာကြောင့် ကျူးကျူး ပါးစပ်ကိုသုတ်လိုက်ပြီး ဖုန်းကိုယူကာ ကြည့်လိုက်တော့ ချန်ကျမ်းဆီက မက်ဆေ့ဝင်လာတာဖြစ်နေသည်။
ချန်ကျမ်း။ "ဘာစားပြီးပြီလဲ? ငါမင်းကို ညစာ ဝယ်လာပေးရမလား?"
ကျူးကျူးဟာ ဖုန်းကိုကြည့်ပြီး အပြစ်ရှိစိတ်နဲ့ ရှက်မိသွားတော့သည်။ 'သူမပါးစပ်ထဲက အသားကင်ကို ထွေးရမလား မထွေးရဘူးလား'
'ရှက်စရာကောင်းလိုက်တာ၊ ချန်ကျမ်းက ငါ့ကိုညစာဝယ်လာပေးဖို့စဉ်းစားနေချိန် ငါကတော့ တယောက်တည်း အပီဆွဲနေတာက....နည်းနည်းတော့ မဖြစ်သင့်သလိုပဲ'
အခုချိန်မှာ သူမဘာ စားနေလဲမပြောနိုင်တာကြောင့် အလိမ်လေးနဲ့ ပြန်ဖြေလိုက်သည်။ "အသီးသုပ်လိုမျိုးပဲ စားနေတယ်။ နင်စားနှင့်ရင်လည်း စားနှင့်လေ။ ငါအခုတလော ဝိတ်ချနေလို့ ပြီးတော့ ငါဗိုက်မဆာသေးလို့"
ကလစ်တချက်နဲ့ မက်ဆေ့ကိုဖွင့်ကာ ဖုန်းကိုကြည့်လိုက်ပြီး ချန်ကျမ်းဟာ ကျူးကျူးရှိနေတဲ့ နေရာကို လှမ်းကြည့်လိုက်သည်။
'ဝိတ်ချနေလို့? ဗိုက်မဆာလို့? သေချာပေါက် ဘယ်ဗိုက်ဆာမလဲ? သူမ ပါစတာ၊ အသားကင်၊ လာဗာကိတ်....စားပွဲတခုလုံးကယ်လိုရီများတဲ့အစားအစာတွေနဲ့ ဝိုင်နီ ပုလင်းထဝက်တောင်သောက်ထားပြီးတော့'
ကျူးကျူးဟာ တခြားသူတွေကို ကြည့်ဖို့အချိန်မရှိတာကြောင့် ချန်ကျမ်းရဲ့ စူးရှတဲ့မျက်လုံးတစုံကို သတိမထားမိပေ။
ESTÁS LEYENDO
ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်း
Humorရွမ်ကျူးကျူးတယောက် အရင်ဘ၀က အမျိုးသမီးဇာတ်လိုက်မရရှိခဲ့တဲ့ ငယ်ချစ်ဦးဆိုတဲ့ rebirth novel ထဲကို ကူးပြောင်းရောက်ရှိလာခဲ့တယ်။ ဇာတ်ကြောင်းမှာ ငယ်ချစ်ဦးဖြစ်တဲ့ ချန်ကျမ်းဟာ ရုပ်ချောပေမဲ့ အောင်မြင်မှုဘာမှမရှိတဲ့ အသုံးမကျတဲ့ ဇာတ်ကောင်တခု ဖြစ်တယ်။ သူ့ရဲ့ အေး...