သူမချက်ချင်းအားပြန်ဖြည့်လိုက်ပြီး စျေးကြီးတဲ့အထုပ်တထုပ်ဝယ်လိုက်သည်။ အရင်က တဖက်လူဆီက ခံရသမျှ ပြန်အနိုင်ကျင့်ရန် အကောင်းဆုံးအကူပစ္စည်းတွေ ဝတ်ဆင်လိုက်သည်။ သေချာတာကတော့ အဲဒီစျေးပေါတဲ့သူရဲကောင်းဟာ ကျူးကျူးပြန်လာတာကို စောင့်နေသလိုမျိုး နေရာမှာပဲထိုင်နေလေသည်။ သူမမြင်းပေါ်ကနေ ပျော်ရွှင်စွာနဲ့ ဆင်းလိုက်ပြီး ရွှေရောင်အနားသတ်တွေနဲ့အမဲရောင်ဝတ်စုံဝတ်ထားတာကြောင့် အရမ်းမိုက်နေသလို ခံစားလိုက်ရသည်။ ဒီဂိမ်းမှာ ကျူးကျူးကြိုက်တာက ရင်သားဖော်ထားတဲ့ မိန်းမအဝတ်အစားတွေကို မရောင်းတာပဲ။ အသားဖော်ထားတဲ့အဝတ်အစားတွေရှိပေမဲ့ အများကြီးမရှိဘူး။ ရှိရင်လည်း တမင်တကာရင်နဲ့တင်ကို အသားပေးဖော်ထားတာမျိုးမရှိပေ။
ကျောက်စိမ်းတန်ခိုးရှင်ဟာ ဘာမှမပြောပဲ စိန်ခေါ်လိုက်သည်။
ထို့နောက် တဖက်လူကနေ ချက်ချင်းသွေးတဝက်လောက်ကို ဖြုတ်ချလိုက်သည်။
ကျူးကျူး ။ " ......."
တကယ်လို့ ကျူးကျူးရဲ့စိတ်ရှည်မှုကို အထင်သေးလိုက်မယ်ဆိုရင် မှားသွားလိမ့်မယ်။ သူမပြောဖူးတာ သူမအတွက် အရေးအကြီးဆုံးက စိတ်ရှည်သည်းခံမှုပဲ။ တဖက်လူရဲ့နည်းပညာက ကောင်းနေပေမဲ့လည်း ကျူးကျူးထက်စာရင်တော့ လက်နက်တွေဆိုးနေသေးသည်။ ပြီးတော့ ကျူးကျူးရဲ့သွေးပုံစံဟာ ထူတာကြောင့် လျော့ကျသွားတဲ့ သွေးတွေဟာ မြန်မြန်ပြန်ပြည့်လာသည်။ နောက်တော့ လာလိုက် သွားလိုက်နဲ့ သံသရာလည်နေလေသည်။
နှစ်ယောက်ဟာ လာလိုက် သွားလိုက်နဲ့ ဆယ်မိနစ်ကျော်အောင် အမှတ်တမှတ်မှမရသေးပဲ ဖြစ်နေသည်။ ကျူးကျူးက သူမသာ တကယ်အဆုံးထိသွားချင်ရင် ကိုယ့်ပါးစပ်ကိုကိုက်ထားတဲ့လိပ်လိုပဲ မလွှတ်ပေးတတ်ပေ။
သူတို့နှစ်ယောက်ကြားက ရှည်ကြာလွန်းတဲ့တိုက်ပွဲဟာ အများရဲ့ အာရုံစိုက်မှုကို ရသွားလေသည်။
သူတို့ရဲ့ခေါင်းတွေဟာ "Baqian Yunyue" ဆိုတဲ့ ဖြတ်သွားတဲ့လူတွေလို့ အဓိပ္ပာယ်ရတဲ့ စာလုံးအကြီးကြီးတွေနဲ့ ဖုံးလွှမ်းထားလေသည်။ တယောက်ယောက်က ခေါ်လိုက်ပြီး တခြားသူတွေက ရပ်အောင်လုပ်လိုက်သည်။သူတို့ဟာ နှစ်ယောက်ကြားက တိုက်ပွဲကြောင့် အံ့ဩနေကြပြီး တခဏလောက် ကြာအောင် နှစ်သက်စွာနဲ့ ကြည့်နေကြလေသည်။
ကျူးကျူးတကယ်အလုပ်များနေလေသည်။ 'သူမကို ကစားသမားတွေအုပ်စုလိုက်ကြီး ကြည့်နေတယ်လို့ သတိထားမိလိုက်သလိုပဲ'
ပိုင်လုံမန် ။ ".....နာမာရဲ့ ရှင်သန်ချင်စိတ် တကယ်ကို ပြင်းတာပဲလို့ ပြောလို့ရတယ် "
မြင်းခြေထောက် ။ "666666 "
ငါကယီလျန်ချန် ။ "ဟား ဟား ဟား ဟား ဟား ငါရီသေတော့မှာပဲ "
ခွေးကစားတဲ့အသားလုံးပေါင်မုန့် ။ "အဖွားကြီးနိုင်နိုင်မယ်လို့ထင်လား? "
ပိုင်လုံမန် ။ "အင်း "
Hoodie ။ "ငါ့မိန်းမပြောတာက အမှန်ပဲ
ငါက ယီလျန်ချန် ။ "ရှူအန် က အသေစောရတာကြိုက်တာပဲ "
ချန်းယုအိမ်ရာ ။ "ပလုံ "
ပိုင်လုံမန် ။ "ကြီးကျယ်တဲ့ နတ်ဘုရား !"
ကောင်းကင်သို့ ။ "ကြီးကျယ်တဲ့ နတ်ဘုရား!"
ငါကယီလျန်ချန် ။ "ကြီးကျယ်တဲ့နတ်ဘုရား !"
ခွေးကစားတဲ့အသားလုံးပေါင်မုန့် ။ "ကြီးကျယ်တဲ့နတ်ဘုရား ငါနဲ့ရန်ဖြစ်ချင်နေတာလား !"
တခြားသူများ ။ ".....မင်းက ဘယ်သေနေတဲ့တယောက်နဲ့ ရန်ဖြစ်ချင်နေတာလဲ ?"
ပိုင်လုံမန် ။ "ကြီးကျယ်တဲ့ နတ်ဘုရား မင်းဘယ်တုန်းက ရောက်လာတာလဲ ?"
ဂူဂိုချန်ယု ။ " ငါကြည့်နေတာ ခဏရှိပြီ "
တရုတ်ကစားသမားတွေ ရန်ဖြစ်တာကို မမြင်ဖူးလို့နေမယ်။ သူစိတ်ဝင်တစားနဲ့ နောက်ကနေလိုက်ကြည့်နေလေသည်။ ကျူးကျူးခေါင်းပေါ်က စာလုံးကြီးကြီးသုံးလုံးကို မြင်ပြီး သူ မရယ်ပဲမနေနိုင်ပေ။ 'သူ့ခေါင်းထဲမှာ ဦးနှောက်သေးသေးလေးပဲရှိတယ်ထင်တယ်။ ငှက်ကလေးက လူတွေကို လိုက်တောက်ဖို့လုပ်နေတဲ့မြင်ကွင်းက ချစ်စရာကောင်းသားပဲ'
(ဂိမ်းဝတ္ထုမို့လို့ ဒီအပိုင်းမှာ ဂိမ်းထဲမှာပြောတဲ့စကားပြောတွေများပါတယ် ဒါကြောင့် အရှည်ကြီးရေးပေးလိုက်ပါတယ်နော်)
![](https://img.wattpad.com/cover/286624410-288-k813980.jpg)
YOU ARE READING
ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်း
Humorရွမ်ကျူးကျူးတယောက် အရင်ဘ၀က အမျိုးသမီးဇာတ်လိုက်မရရှိခဲ့တဲ့ ငယ်ချစ်ဦးဆိုတဲ့ rebirth novel ထဲကို ကူးပြောင်းရောက်ရှိလာခဲ့တယ်။ ဇာတ်ကြောင်းမှာ ငယ်ချစ်ဦးဖြစ်တဲ့ ချန်ကျမ်းဟာ ရုပ်ချောပေမဲ့ အောင်မြင်မှုဘာမှမရှိတဲ့ အသုံးမကျတဲ့ ဇာတ်ကောင်တခု ဖြစ်တယ်။ သူ့ရဲ့ အေး...