Chapter 45 (Unicode)

4.7K 467 6
                                    

"Ru Meng Ling" က ပြည်တွင်းထုတ်ရှေးခတ်ပုံစံဂိမ်းဖြစ်သည်။ ဂိမ်းကို တရားဝင်မထုတ်ခင်ကနေ ကစားသမားတွေအမြောက်အမြားကို စမ်းကြည့်ဖို့ ဖိတ်ခေါ်တာက လူတွေကိုဆွဲဆောင်နိုင်သွားပြီးတော့ အကုန်လုံးကလည်း လက်ခံနိုင်ကြပေသည်။

'ဒီဟာ မထွက်ခင် အကုန်လုံးက မျှော်လင့်နေကြတာ မဆန်းတော့ဘူး' ကျားချန်ကုမ္ပဏီဟာ ရုတ်တရက်နာမည်ကြီးလာသည်။ ကုမ္ပဏီရဲ့နယ်ပယ်ကမကျယ်၊ ရင်းနှီးမြှုပ်နှံကလည်း မမြင့်၊ အစောပိုင်းဝင်ငွေကလည်း မလုံလောက်ပေ။ ဒါကြောင့် ထုတ်လုပ်တဲ့ ဂိမ်းတွေဟာ ရိုးရှင်းတဲ့ဂိမ်းသေးသေးလေးတွေဖြစ်ပေမဲ့ ကစားသမားတွေအုပ်စုလိုက်က သူတို့ရဲ့ရှင်းလင်းတဲ့တွေးတာရမှုတွေ၊ စိတ်ဝင်စားစရာကောင်းတဲ့စတိုင်၊ ပြင်းထန်တဲ့ကစားဖွယ်ပုံတွေကြောင့် အသိအမှတ်ပြုတာခံရပြီးတော့သူတို့ဟာ တဖြည်းဖြည်းနာမည်ကြီးလာခဲ့သည်။

ထို့နောက် အစောပိုင်းဝင်ငွေတွေအောက်မှာပဲ ကုမ္ပဏီဟာ ရှေးဟောင်းပုံစံအခြေခံတဲ့မိုဘိုင်းဂိမ်းပုံစံကို ပြောင်းလဲသွားတာက လုံးဝကို ပေါက်သွားလေသည်။ လူအများအပြားဟာ တယောက်ပြီး တယောက်စမ်းကြည့်ကြပြီး ဆွေးနွေးတဲ့အကြောင်းတွေဟာ တခုထက်တခုပိုလို့ထပ်လာသည်။

ကျားချန်ဆိုတဲ့နာမည်ဟာ အခုကနေလုံးဝပြန့်သွားတာကြောင့် အကုန်လုံးဟာ သူတို့အတွက် ပိုလို့မျှော်လင့်ချက်မြင့်မြင့်ထားနေကြလေသည်။

နှစ်အနည်းငယ်အတွင်းမှာ ကုမ္ပဏီဟာ ဂိမ်းတွေဒါဇင်လောက် ကြီးကြီး ငယ်ငယ် ထုတ်ခဲ့သည်။ အများစုဟာ နာမည်ကြီးကြပြီး အခုချိန်ထိ နာမည်ကြီးနေတုန်းပေ။ ကုမ္ပဏီရဲ့သူဌေးတုနွမ်ဟာ တကယ့်သူဌေးမဟုတ်ပဲ တခြားတယောက်ဆိုတဲ့ အတင်းအဖျင်းလည်းရှိသည်။

တဖက်လူက ဘယ်သူဆိုတဲ့အပေါ်အမြင်တွေ ကွဲပြားမှုရှိနေပေမဲ့ အကုန်လုံးက သူဌေးရဲ့ မိသားစုသမိုင်းကို စိတ်ဝင်စားကြတာမဟုတ်ပေ။ တုနွမ်ရဲ့ တက်ကြွတဲ့စရိုက်နဲ့အတူ သူဟာ လူမှုရေးအစီအစဉ်အတော်များများမှာ မကြာခဏပါလာတတ်သည်။ ဖန်တွေအမြောက်အမြားရှိပြီး သူ့အကြောင်းသတင်းတွေကလည်း ခေါင်းစီးပိုင်းမှာ အကြာကြီးရှိနေတတ်သည်။ ရှာဖွေမှုထိပ်ဆုံးပေ။

အချိန်အကြာကြီး ဘယ်သူမှ လျှို့ဝှက်ဆန်းကြယ်တဲ့ သူဌေးကြီးအကြောင်းကို စိတ်မဝင်စားကြပေ။

........

ကျူးကျူးဂိမ်းကို ဒေါင်းလုပ်ချနေတုန်း အတင်းအဖျင်းသတင်းကို တွေ့လိုက်ရသည်။

သူမသတင်းကို စိတ်မဝင်စားစွာနဲ့ ပိတ်လိုက်ပြီး ဂိမ်းဖွင့်တာကိုသာ အေးဆေးစောင့်နေလိုက်သည်။

'ဒီချန်ကျမ်းဆိုတဲ့ကောင် တနေ့တနေ့ဘာတွေလုပ်နေမှန်း မသိဘူး၊ အခန်းကို နေ့ခင်းထွက်သွားပြီး ညဘက်ပြန်ဝင်လာတယ်' ကီးဘုတ်အသံကိုသာ တခါတရံကြားရပြီး အများစုကတော့ တိတ်ဆိတ်နေတတ်သည်။ အကြိမ်ပေါင်းများစွာ အိမ်မှာသူမရှိဘူးလို့ ကျူးကျူးထင်ပြီး တယောက်တည်းစားနေရင် အဲဒီအချိန် တခြားတယောက်ရဲ့ အရိပ်ဟာ ဖျော့တော့စွာနဲ့ ထွက်ပေါ်လာတတ်သည်။

ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်းWhere stories live. Discover now