ချန်ယုအိမ်ရာဟာ တဖက်လူရဲ့ ခံစစ်ဟာ မချိုးဖျက်နိုင်ဘူးလို့ ခံစားရသည်။ ရပ်ကြည့်နေတဲ့သူတွေတောင် ခံစားလို့ရပြီး သူတို့ရဲ့ နှလုံးသားတွေ တင်းကျပ်သွားသည်။
'အရမ်းသနားစရာကောင်းတာပဲ၊ သနားစရာကောင်းလိုက်တာ'
'ပြန်တောင်မတိုက်နိုင်ရှာဘူး'
ချန်ယုအိမ်ရာရဲ့စကေးကို ပြစ်ချက်မရှိ ပြီးပြည့်စုံတယ်လို့ ဖော်ပြရရင် အခုရှီကျန်ယွဲ့ကို ဖော်ပြရရင် တကယ်ဓားသမားတယောက်ကို ဖော်ပြထားတဲ့ ဖတ်စာအုပ်ကို ကြည့်နေရသလိုပဲ၊၊ ဓားသမားတယောက်အနေနဲ့ သူဟာ ဓားချက်ပေါင်းများစွာကို အညှာအတာမရှိ ရက်စက်စွာနဲ့ထုတ်လွှတ်နိုင်သည်။ 'ငါတို့သာဆိုရင် အချိန်မရွှေး အသတ်ခံသွားရမှာပဲ' အဲဒီမွန်းကျပ်တဲ့ တုန်လှုပ်မှုက သူတို့ကို အားလျော့စေသည်။ တုန်ယင်စွာနဲ့ ပွဲကြည့်စင်ဟာ တခဏလောက် တိတ်ဆိတ်သွားသည်။
ကစားသမားတွေဟာ အသက်ရှုရန်တောင်မေ့နေပြီး နှလုံးခုန်နှုန်းတွေမြန်ကာ မျက်တောင်ခတ်ရန်တောင်သတိမရတော့ပေ။ စနစ်ရဲ့ကြေငြာသံဟာ သူတို့ရဲ့ နှလုံးတွေကို ဓားတချောင်းလို လာရောက်ထိုးနှက်တာကြောင့် အသက်ရှုရကျပ်သွားသည်။
{တတိယဂိမ်း၊ ရှီကျန်ယွဲ့၊ နိုင်တယ်!!}
{ဒီပြိုင်ပွဲမှာ ရှီကျန်ယွဲ့က နှစ်ပွဲနိုင် တပွဲရှုံးနဲ့ အနိုင်ရရှိသွားပါသည်!!!}
ကစားသမားတွေ ရုတ်တရက် ဆူညံသွားတော့သည်။
"အိမ်မက်အစဉ်လိုက်" လိုမျိုး အွန်လိုင်းဂိမ်းထဲမှာ အမိုက်ဆုံးပြိုင်ပွဲကို သူတို့ကြုံတွေ့လိုက်ရကြောင်း သိသွားသည်။ 'ဂိမ်းကစားတယ်ဆိုတာ ဘာလဲ? ဂိမ်းကို အနုပညာအဖြစ် ရှီကျန်ယွဲ့က ပြောင်းလဲလိုက်တာပဲ!'
သူတို့အကုန်လုံး မေးခွန်းတခုတည်းကို တွေးမိလိုက်သည်။ 'ဒီရှီကျန်ယွဲ့က ဘယ်သူလဲ?'
'ဒီလိုမျိုး ရွေ့လျားမှု၊ ပြောင်မြောက်တဲ့စကေးတွေ၊ ပြစ်ချက်မရှိတဲ့ ခုခံမှုနဲ့ လျင်မြန်လွန်းတဲ့အရှိန်.....လူသားတွေလုပ်နိုင်တဲ့ အရာမဟုတ်ပဲ စက်တလုံးက ကစားနေသလိုပဲ!'
လူအများရဲ့အကြည့်အောက်မှာပဲ ချန်ယုအိမ်ရာဟာ လွန်ခဲ့တဲ့ တနှစ်လောက်က ကြောက်ရွံ့မှုကို ပြန်လည်သတိရသွားသည်။
သူဟာဂိမ်းလောကထဲမှာ နှစ်အတော်ကြာနာမည်ကြီးလာပြီး ကံကောင်းထောက်မစွာနဲ့ ကမ္ဘာ့နံပါတ်တစ်ကစားသမားဖြစ်တဲ့ "လစ်ဇ်" ကို စိန်ခေါ်ရန် အခွင့်အရေးရခဲ့လေသည်။ အဲဒီအချိန်တုန်းက လည်း ဒီလိုပဲ ပြန်တိုက်ရန်တောင် အခွင့်အရေးမရပဲ သွေးထွက်အောင်အရိုက်ခံရပြီး နှိပ်စက်ခံရတာကို ကြည့်နေရုံပဲ တတ်နိုင်လေသည်။
ဒီလိုမျိုး တဖက်လူဆီမှာ ဘာမှမလုပ်နိုင်တဲ့ ဆိုးရွားတဲ့ခံစားချက်ဟာ ထိုသူကလွဲလို့ နောက်ထပ်တယောက်မရှိနိုင်ပေ။
ချန်ယုအိမ်ရာဟာ သူ့လက်ချောင်းတွေကို လှုပ်ရှားလိုက်ပြီး သူကိုယ်တိုင်တောင် မယုံနိုင်တဲ့ နာမည်တခုကို ရေးလိုက်သည်။
ချန်ယုအိမ်ရာ ။ "လစ်ဇ်?"
ရှီကျန်ယွဲ့ ။ "အင်း"
နှစ်ယောက်ဆီက စကားလုံးတွေကို တွေ့တာနဲ့ အကုန်လုံး ဗြောင်းဆန်သွားတော့သည်။ 'သူတို့ဟာ ကမ္ဘာ့အဆင့်ဝင် လစ်ဇ်ကို လှောင်ပြောင်နေခဲ့မိကြတာလား? ကြီးမြတ်တဲ့ နဂါးလိုမျိုး ခေါင်းရော အမြီးရော မတွေ့ရတဲ့ ဂိမ်းတောင်မကစားတဲ့ အဲဒီ "လစ်ဇ်"?' ပရိသတ်တွေဟာ ရူးသွပ်သွားတော့သည်။ ပွဲကြည့်စင်ဟာ လည်း လစ်ဇ်ရဲ့ ဝန်ခံမှုအကြောင်းကိုပဲ ပြောနေကြသည်။ သူတို့ သူငယ်ချင်းသွားအပ်ချင်ပေမဲ့ တဖက်လူက သူငယ်ချင်းအပ်မရအောင် ပိတ်ထားပြီးသားဖြစ်ကြောင်းတွေ့လိုက်ရတာကြောင့် တိတ်ဆိတ်စွာနဲ့ ပြန်သွားရတော့သည်။
ကစားသမားနှစ်ယောက်ရဲ့ ပြိုင်ပွဲဗီဒီယိုဟာ အရမ်းပေါက်နေပြီး လစ်ဇ်ရဲ့ နာမည်နဲ့ အတူ Like အရေအတွက်နဲ့ ပြန် Share တဲ့ အရေအတွက်ဟာ တဖြည်းဖြည်းမြင့်တက်လာသည်။ ဂိမ်းဟာ တကြိမ်ပြီး တကြိမ်ပြန်ပြနေလေသည်။ ကစားသမားတွေ အမြောက်အမြားဟာ နှစ်ယောက်ဘယ်လိုလုပ်သုံးပွဲတိုက်ဖြစ်သွားကြောင်းရှင်းပြတဲ့ ဗီဒီယိုတွေကို တညတည်းနဲ့ ပြန်တင်ကြသည်။
လိုင်းပေါ်မှာ အခြေအနေတွေ တည်ငြိမ်သွားမှ ကျူးကျူးလိုင်းပေါ်ပြန်တက်လာသည်။
အသင်းဟာ တိတ်ဆိတ်နေပြီး စကားလုံးတလုံး၊ လေပြေလေးတခုတောင် မတိုက်လောက်အောင် တည်ငြိမ်နေသည်။
ကျူးကျူး ခေါင်းခြောက်တချက်ဆိုးလိုက်ပြီး စာရိုက်လိုက်သည်။
ကျူးကျူး ။ "အစ်မဘီယင်ရေ၊ ငါ့ယောင်္ကျားက သူ့လက် မထိန်းလိုက်နိုင်ပုံပေါ်တယ်"
ESTÁS LEYENDO
ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်း
Humorရွမ်ကျူးကျူးတယောက် အရင်ဘ၀က အမျိုးသမီးဇာတ်လိုက်မရရှိခဲ့တဲ့ ငယ်ချစ်ဦးဆိုတဲ့ rebirth novel ထဲကို ကူးပြောင်းရောက်ရှိလာခဲ့တယ်။ ဇာတ်ကြောင်းမှာ ငယ်ချစ်ဦးဖြစ်တဲ့ ချန်ကျမ်းဟာ ရုပ်ချောပေမဲ့ အောင်မြင်မှုဘာမှမရှိတဲ့ အသုံးမကျတဲ့ ဇာတ်ကောင်တခု ဖြစ်တယ်။ သူ့ရဲ့ အေး...