Chapter 19(Unicode)

5.9K 599 7
                                    

မိန်းကလေးစာရေးတွေဟာ ချက်ချင်းစိတ်ဓာတ်ကျသွားပြီး သွားနေတဲ့သူမရဲ့နောက်ကျောကို စောင်းကြည့်နေကြသည်။

"ငါ တကယ်မနာလိုဘူး၊ ငါသေချာအလုပ်ကြိုးစားပြီး တော့ ရာထူးတိုးအောင် လုပ်ရမယ်။ ဒါမှသူဌေးကို မြင်ဖူးမှာ၊ ငါကြားတာက သူဌေးကအရမ်းကို ရုပ်ချောတာဆို"

"ဒါပေမဲ့လည်း ငါဘာလို့သူဌေးက အိမ်ထောင်ရှိပြီးသားလို့ သတင်းကြားဖူးနေသလိုပဲ"

"ဟေး မဟုတ်လောက်...."

"တကယ်အိမ်ထောင်ရှိရင် ဒါရိုက်တာအန်ရူက ဘာလို့ဒီလောက်တက်ကြွနေရတာလဲ၊ သူမစနိုက်ကြော်ချင်လို့လား?"

.....

အန်ရူ သူ့ကော်ဖီကို သယ်ရင်း အစည်းအဝေးခန်းထဲ သွားလိုက်သည်။

တုနမ်က စာရင်းချူပ်ကိုတင်ပြနေပြီး စားပွဲကိုပတ်ကာ လူအနည်းငယ်ထိုင်လျက်ရှိနေသည်။ အထူးဆန်းဆုံးကတော့ မီးခိုးရောင် hoodie ဝတ်ပြီး ထောင့်မှာထိုင်နေတဲ့သူပဲ။ သူ့မျက်လွှာတွေကို ချထားပြီး သူ့ရဲ့သေးသွယ်တဲ့မျက်ဝန်းတစုံဟာ ဘာကိုမှဂရုမစိုက်ပုံပေါ်ပြီး သူဘာတွေးနေမှန်း မသိရပေ။

ရုတ်တရက် ဖုန်းဟာ တုန်လာတာကြောင့် သူဖုန်းကိုဖွင့်ကာ ကြည့်လိုက်ပေမဲ့ ဖုန်းကိုတော့ပြန်မချလိုက်ပေ။

သူဖုန်းစကရင်ကို အကြာကြီး စိုက်ကြည့်နေပြီး အမူအရာတောင် နည်းနည်းထူးဆန်းနေလေသည်။ တုနမ်ဟာ သူတင်ပြနေတာကိုတောင်မေ့ပြီး ချန်ကျမ်းရှိတဲ့နေရာကို မရိပ်မိ‌အောင် ချောင်းကြည့်နေလေသည်။ တခြားသူတွေဟာလည်း ချန်ကျမ်းကို လှမ်းကြည့်နေကြပြီး ခုလေးတင် ဆံပင်ကိုသေချာသပ်တင်ပြီး သူမကိုယ်သူမကြည့်ကောင်းအောင်လုပ်ကာ တံခါးကနေဝင်လာတဲ့ အန်ရူရော ငေးကြည့်နေကြလေသည်။

"......"

ချန်ကျမ်းရဲ့လှပတဲ့လက်ချောင်းတွေဟာ ဖုန်းကိုအနည်းငယ်တို့လိုက်ပြီး မက်ဆေ့ပို့ရန် ခလုတ်ကို နှိပ်လိုက်သည်။

သူဖြည်းဖြည်းချင်းခေါင်းမော့လာပြီး အတင်းတုပ်မလို့ စောင့်နေကြတဲ့ လူတအုပ်လုံးစိုက်ကြည့်နေတာတောင် သူ့မျက်နှာအမူအရာ ပျက်မသွားပဲ "ဒီနေ့ အချိန်ပိုမဆင်းရဘူး"

"ဘာလုပ်မလို့လဲ သူဌေး" တုနမ် မေးခွန်းက ဝန်ထမ်းတွေမေးချင်နေကြတာနဲ့ ကွက်တိပေ။

ချန်ကျမ်းဟာ ဖိုင်ကို ပိတ်လိုက်တယ်။

"အိမ်ပြန်ပြီး ထမင်းစားမလို့"

ဝန်ထမ်းတွေဟာ တခဏလောက်ကြောင်သွားကြပြီး ဝံပုလွေတွေလိုမျိုး အူသံတွေနဲ့ ဆူညံသွားကြတော့တယ်။

"အမယ်လေး ဒီ ၂၁ရာစုကြီးမှာ ယောင်္ကျားကို ထမင်းစားဖို့ အိမ်ကို ခေါ်တဲ့ မိန်းမရှိသေးတာလား။ ကျေးဇူးပြုလို့ မပြပါနဲ့"

"သူဌေး မရီးရဲ့ ထမင်းဝိုင်းက ဘယ်လိုပုံစံလဲ ပြောပြပါ! ငါဒီလိုမျိုးကို လိုင်းပေါ်မှာပဲ မြင်ဖူးတာ!"

"ငါတောင်းပန်ပါတယ် ဒီနေ့က ဘယ်လိုတောင်ပုံပြင်ဆန်တဲ့နေ့လဲ မပြောပြတတ်တော့ဘူး"

"ငါ ငိုနေပါပြီ ငါအရမ်းအထီးကျန်ဆန်တာပဲ"

တကိုယ်တည်းသမားအုပ်စုလိုက်ဟာ အော်ရင်းနဲ့ ငိုနေကြလေသည်။ 'ဒီ IT နယ်ပယ်ထဲဝင်ပြီးနောက်မှာ သူတို့ FA ဘဝနဲ့ နေတာကြာလာပေမဲ့ သူတို့လည်း လက်ထပ်ချင်တာပေါ့'

အန်ရူတယောက်တည်းသာ သူမလက်ထဲက စက္ကူကော်ဖီခွက်ကို ကိုင်လျက်ရှိနေပြီး အပူချိန်ကြောင့် သူမလက်ဝါးပူနေတာတောင် မရိပ်မိပေ။ သူမအပြုံးဟာ အနည်းငယ်တောင့်တင်းသွားတော့တယ်။


ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်းWhere stories live. Discover now