ကျူးကျူး ။ "......"
'ငါကခံရသူပါ၊ ဒီစကားက ငါ ချန်ယုအိမ်ရာကို ပြောရမဲ့စကားမဟုတ်ဘူးလား?'
သူမအသင်းထဲကထွက်လိုက်တုန်းက လည်း တချို့တွေပြောကြတာကို မှတ်မိလိုက်သည်။ သူတို့က နာမည်ကြီးအသင်းဆိုတဲ့အချက်၊ ကျွမ်းကျင်သူတွေစုနေတယ်ဆိုတဲ့အချက်တွေကို ကောက်ချက်ချပြီးတဲ့အပြင် ပို့စ်ရေးသူကလည်း အဓိကသိသာတဲ့အချက်အလက်တွေကို ပို့စ်ထဲမှာ ထည့်ရေးထားသေးသည်။ ပို့စ်ကို အဖြေထုတ်လိုက်တော့လက်ဖက်စိမ်းမ J ဆိုတာက ကျောက်စိမ်းနတ်ဘုရားဇာတ်ကောင် ကိုင်တဲ့ ID "ကျူး ကျူး ကျူး " နဲ့ကစားတဲ့သူဖြစ်ကြောင်း သိသွားကြလေသည်။ဆက်လက်ပြီးလည်း ခံရတဲ့ကောင်မလေး၊ ကောင်မလေးရဲ့ရည်းစားက ဘယ်သူဆိုတာကို လည်း အဖြေပေါ်သွားကြသည်။
ချင်ဖန်ဘီယင်က ချန်ယုအိမ်ရာရဲ့ရည်းစားလို့ တရားဝင်မပြောဖူးပေမဲ့လည်း သူက သူမနဲ့ ရင်းရင်းနှီးနှီးစကားပြောပြီး သူမရဲ့အပြုအမူတွေကလည်း နှစ်ယောက်ကြားက ဆက်ဆံရေးကို ဖော်ပြနေသည်။
"ဒါပေမဲ့ "ကျူး ကျူး ကျူး" ဆိုတဲ့သူက ဘယ်သူလဲ? ဘယ်သူမို့လို့ ငါတို့ရဲ့နတ်ဘုရားကို တောင် မှန်းရဲရတာလဲ? ပြီးတော့လည်း အနိုင်ကလည်းကျင့်သေးတယ်"
ကျူးကျူးကို သူငယ်ချင်းလာအပ်ကြတာတွေပုံလာပြီး သည်းမခံနိုင်စရာဆဲတာတွေမျိုးစုံနဲ့ တပါတည်း ပို့လာကြတာဖြစ်တယ်၊ တချို့လူတွေဆိုရင် သူမလက်ကိုဖြတ်ပစ်ရန်ပြောကြပြီး တချို့ကတော့ သုံးပွင့်ဆိုင်ထဲဝင်ပါပြီး သူမကိုယ်သူမမဖျက်စီးရန်ပြောကြလေသည်။ သူမ "ကလစ်" တချက်နဲ့ဖျက်လိုက်ပြီး မက်ဆေ့ပို့တဲ့စနစ်မပျက်သွားခင် "ဘယ်သူမှ fri မအပ်နိုင်ပါ "ဆိုတဲ့ ခလုတ်ကို ပြောင်းလိုက်သည်။
'မျက်နှာကို ရူးသွပ်စွာအပစ်ခံရရင် ဘယ်သူမဆို ဒေါသထွက်မှာပဲ '
ပိုင်လုံမန်ဟာ ကျူးကျူးကို စိတ်လျော့ရန်ဖြောင်းဖြနေပြီး "အရင်ဆုံး တာဝန်ရှိသူတွေကို တိုင်လိုက်၊ ပို့စ်ကို သတင်းမှားဆိုတဲ့အချက်နဲ့ဖျက်ခိုင်းလိုက်"
ကျူးကျူး ဂိမ်းထဲဝင်လာပြီး တည်ငြိမ်စွာနဲ့ ပိုင်လုံမန်ကို ချန်ယွဲ့အသင်းထဲဝင်ရန် ဖိတ်ခိုင်းလိုက်ပြီး အသင်းစကားပြောခန်းထဲ တည်တည်ငြိမ်ငြိမ်နဲ့ စာတကြောင်းရိုက်လိုက်သည်။
"ငါအခုပဲလိုင်းတက်လာပြီ"
တခွန်းထဲနဲ့ အသင်းဟာ လုံးဝကို ပေါက်ကွဲသွားတော့သည်။ လူပေါင်းထောင်ပေါင်းများစွာရှိပြီး သံပုရာသီးစားချင်တဲ့သူတွေ ပေါတာကြောင့် တခဏအတွင်း ပင်မစာမျက်နှာက ပို့စ်တခုတင်လိုက်သည်။
"Live Post: J အစ်မက ချင်ဖန်ဘီယင်ကို ဆွဲဖြဲတော့မယ်!"
နောက်ကဆက်လိုက်လာတာကတော့ live ထဲဝင်ပြီး ထိုင်ကာ နေရာယူကြတော့တာပါပဲ။
လူအများကြီးက အော်ငိုနေကြပြီး အသင်းထဲဝင်ခွင့်တောင်းနေကြသည်။ အကုန်လုံးက စိမ်းလန်း ပူလောင်တဲ့ သံပုရာသီးတွေ မြင်ချင်ကြသည်။ ဒါပေမဲ့လည်း အခုချိန်မှာေတာ့ အသင်းဝင်တွေပဲ မြင်ရလေသည်။ အကုန်လုံးတိတ်ဆိတ်နေကြပြီး ချင်ဖန်ဘီယင်ထွက်လာပြီး နှစ်ယောက်တိုက်ခိုက်ကြမှာကို စောင့်နေကြသည်။
လူအများကြီးက ငိုကြွေးနေကြသည်။ "ချန်ယုအိမ်ရာကို ငါ တကယ်အားကျတာပဲ၊ ကောင်မလေးနှစ်ယောက်တောင် မနာလိုမှုနဲ့လုတာခံရတာပဲ"
ကျူးကျူး တခဏလောက် စိတ်ရှည်စွာနဲ့ စောင့်လိုက်ပြီး နောက်ဆုံးတော့ ရှုဘီယင်လိုင်းပေါ်တက်လာသည်။
ŞİMDİ OKUDUĞUN
ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်း
Mizahရွမ်ကျူးကျူးတယောက် အရင်ဘ၀က အမျိုးသမီးဇာတ်လိုက်မရရှိခဲ့တဲ့ ငယ်ချစ်ဦးဆိုတဲ့ rebirth novel ထဲကို ကူးပြောင်းရောက်ရှိလာခဲ့တယ်။ ဇာတ်ကြောင်းမှာ ငယ်ချစ်ဦးဖြစ်တဲ့ ချန်ကျမ်းဟာ ရုပ်ချောပေမဲ့ အောင်မြင်မှုဘာမှမရှိတဲ့ အသုံးမကျတဲ့ ဇာတ်ကောင်တခု ဖြစ်တယ်။ သူ့ရဲ့ အေး...