Chapter 95 (Unicode)

3.3K 383 1
                                    

တုနွမ် ။ "မင်း...ဟူး...မင်းအသိစိတ်ဝင်မယ်လို့မျှော်လင့်ပါတယ်" ချန်ကျမ်း ရဲ့မျက်လုံးထဲမှာ မရှိမဖြစ်ဆိုတဲ့ အကြောင်းပြချက်မရှိပေ။ အခြေအနေကို ဘယ်လိုပြောင်းပြန်လှန်ပစ်၇မလဲဆိုတဲ့ နည်းလမ်းပဲရှိသည်။ အန်ရူက တကယ်ကို တကိုယ်ကောင်းဆန်ပေမဲ့ သူမစိတ်ကို ထိန်းနိုင်ပါစေလို့ တုနွမ်မျှော်လင့်နေမိသည်။

အန်ရူပြုံးလိုက်သည်။ "ငါက အဲလို လူမျိုးလို့လား? စိတ်ချပါ၊ ငါက ဒီအတိုင်း အနားယူမလို့ပါ"

ထို့နောက်

အဲညမှာ တုနွမ်ဟာ အိပ်မပျော်ပေ။ အချိန်အကြာကြီးစဉ်းစားပြီးနောက် သူ သူတို့နောက်ကို လိုက်သွားရန်ဆုံးဖြတ်လိုက်သည်။ 'အားလပ်ရက်ခရီးထွက်ခွင့်ကောင်းက ဒီလိုအရာမျိုးမှာ ကုန်ဆုံး၇တယ်လို့'  သူအရမ်းစိတ်တိုနေတာကြောင့် တယောက်ယောက်ကို မပြောပြပဲ မနေနိုင်တော့ပေ။ တုနွမ်ဟာ ကျောင်းဖန်ကိုပြောလိုက်ပြီး ခရီးထွက်ခွင့်ရက်တွေကို အတူတူသုံးပြီး ခရီးသွားရန် ဆုံးဖြတ်လိုက်သည်။

နောက်ဆုံးမှအသိပေးတာခံ၇တဲ့ ဖုဇီချန်ဟာ စိတ်ပျက်ပြီး ငိုညည်းတော့သည်။

"ဘာ? ခရီးထွက်မလို့လား?"

"ငါခွေးစာမစားချင်ဘူးလို့---အားးး--"

ကျူးကျူးဟာ First class မှာထိုင်လိုက်ပြီး လေယာဉ်တခုလုံးပျော်၇ွှင်စွာနဲ့ စူးစမ်းနေသည်။

သူမ အဘွားလူက Grand View ဥယျာဉ်ကို ရောက်နေသလိုမျိုးပြုမူနေတာကို ချန်ကျမ်းကြည့်လိုက်ပြီး ဘာလို့ ကျူးကျူးပျော်နေတာလဲ နားမလည်ပေမဲ့ သူ့ခံစားချက်တွေလည်း ကောင်းမွန်လာသည်။

ကျူးကျူး အသံတိုးတိုးနဲ့ပြောလိုက်သည်။ "ငါအရင်တုန်းက Economy class ပဲစီးဖူးတာ"

အဲမှာဆိုရင် အချိန်တိုင်း လူအပြည့်ဖြစ်နေပေမဲ့ ဒီမှာတော့ ကျယ်ပြီး လူသိပ်မရှိပေ။ 'ခြေထောက်ဆန့်ချင်ရင်လည်း ဆန့်လို့၇တယ်၊ ဘယ်လောက်တောင် သက်တောင့်သက်သာရှိလိုက်သလဲ၊ လေယာဉ်မှာ ကျွေးတဲ့ စားစရာတွေတောင် ပုံမှန်ထက်ပိုကောင်းနေတယ်'

မမျှော်လင့်ထားတာက ချန်ကျမ်းဟာ လေယာဉ်ပေါ်က စားစရာတွေကို စိတ်မဝင်စားတာကိုပေ။

"နင်မကြိုက်ဘူးလား?"

ကျူးကျူးရဲ့ အတွေးထဲမှာတော့ ချန်ကျမ်းရဲ့ ဝမ်းဗိုက်ဟာ အမှိုက်အိတ်ကြီးလိုပဲ ဘာထည့်ထည့်ဆန့်လေသည်။ 'ခေါက်ဆွဲခြောက်လိုမျိူး အသင့်စားအစားအစာတွေပဲ စားပြီး အသက်ရှင်နေတဲ့ သူက ဘယ်လိုတောင် အစားရွေးနိုင်၇တာတုန်း!'

ချန်ကျမ်းရဲ့ အဖြေက နှေးကွေးသည်။ "အစားများသွားလို့"

ကျူးကျူး ။ "အိုး!" 'အဲလိုဖြစ်နိုင်တာကို သူမ မတွေးလိုက်မိဘူး'

နို့ချဉ်တခွက်သောက်ပြီးနောက် သူ သူ့ကျောကို ပျင်းရိစွာမှီချလိုက်သည်။ ပူနွေးနေတဲ့ စားစရာက အထင်ကြီးလောက်စရာမဟုတ်ပေမဲ့ ကျူးကျူးကတော့ အ၇သာရှိတယ်လို့ တွေးလိုက်သည်။ သူမနောက်တခုထပ်တောင်း၇မှာ ရှက်နေသည်။ 'တောကတက်လာတဲ့သူလိုမျိုး ပုံစံပေါက်နေမလား၊ လေယာဉ်မယ်ဆီမှာ အနှိမ်ခံ၇မလား၊ ဒါပေမဲ့ တခုစားပြီးတာတောင်ဗိုက်မဝသေးဘူး'

ကျူးကျူး ။ "..." သူမရဲ့အကြည့်က ချန်ကျမ်းရဲ့ဝေစုဆီရောက်သွားသည်။ 'ချန်ကျမ်း အိပ်ပျော်သွားလောက်ပြီထင်တယ်၊ မလှုပ်မရှား၊ မျက်လုံးပိတ်၊ ပုံမှန်အသက်ရှုနေတယ်၊ မနက်စောစောထွက်သွားပြီး ညကျရင်နောက်ကျမှ ပြန်ရောက်လာတော့ မျက်ရစ်တောင် ညိုချင်နေပြီ။ သူကောင်းကောင်းမအိပ်၇သေးဘူးထင်တယ်'

ကျူးကျူး သူ့ကိုမနှောင့်ယှက်ဖို့ဆုံးဖြတ်လိုက်သည်။ 

သူမစားစရာကို တိတ်တိတ်လေးယူကာ ဖွင့်လိုက်ပြီး ဇွန်းနဲ့ယူကာ စားရန်ပြင်လိုက်သည်။

ချန်ကျမ်းက အိပ်နေတာမဟုတ်ပေ။ သူဘယ်တော့မှ လေယာဉ်ပေါ်မှာ မအိပ်တတ်ပေ။ သူမျက်လုံးကို အနည်းငယ်ဖွင့်လိုက်ပြီး ကျူးကျူး ကြွက်လေးလို ခိုးစားနေတာ တွေ့လိုက်တော့သူ့ရဲ့အသံတိုးတိုးထွက်လာသည်။ "မင်းဝိတ်ချနေတာဆို?"

ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်းDonde viven las historias. Descúbrelo ahora