စာအုပ်ထဲမှာ ဇူးမာနဲ့မတူပဲ ချန်ကျမ်းဟာ စကားအနည်းငယ်ပဲ ပြောရသည်။ ရှုဘီယင်နဲ့ သူ့ရဲ့ဆက်ဆံရေးတပိုင်းတစကို သူမတွေ့ခဲ့ဖူးသည်။
အဲဒီအချိန်တုန်းက ဇူးမာက ရှုဘီယင်နဲ့ အတူတူရှိနေတာကိုမြင်ရတာက အနည်းငယ်စိတ်ပျက်စရာပေ။
အခုပြန်တွေးကြည့်တော့ ဒါက တကယ်ကို မှော်ဆန်တဲ့အရာပဲ။
'ငါက စာအုပ်ထဲကို ရောက်နေတာပဲ!'
တခြားသူတွေရဲ့အမြင်ကတော့ မတူပေ။ သူတို့တွေ့တာက ကျူးကျူးက ဇူးမာကို အကြည့်မလွဲပဲ စိုက်ကြည့်တေတာကိုပေ။ ချန်ကျမ်းရဲ့အကြည့်က လေးနက်သွားပြီး တုနွမ်က ပိုတောင်ဆိုးနေသေးသည်။ 'မရီးက အဲဒီချန်ယုအိမ်ရာကိုစိတ်ဝင်စားနေတာတော့ မဟုတ်လောက်ပါဘူးနော်။ ဒါပေမဲ့ စဉ်းစားကြည့်ရင် သူဌေးက ရေခဲတုံးကြီးလိုပဲ။ တချက်ကြည့်ရုံနဲ့တင် ဘာကိုမှဦးဆောင်ပြီး အကွက်ရွေ့မဲ့ စရိုက်မဟုတ်ဘူး။ ချန်ယုအိမ်ရာလိုမျိုး နွေးထွေးတဲ့သူမျိုးက ဆွဲဆောင်မှုတော့ ရှိတာတော့အမှန်ပဲ'
ဇူးမာ ။ "ကိုယ်တို့ညစာအတူတူစားခွင့်ရတာက တကယ်ကိုတိုက်ဆိုင်...."
ချန်ကျမ်းဟာ ရုတ်တရက် ကျူးကျူးရဲ့ရှောပင်းအိတ်တွေဆီ လက်လှမ်း လိုက်ပြီး ဇူးမာရဲ့ စကားတွေကို ဖြတ်လိုက်သည်။ သူ့ကိုယ်က ဇူးမာကို ကွယ်လိုက်ပြီး နွေးထွေးတဲ့လေသံနဲ့ပြောလိုက်သည်။ "အိမ်ပြန်ကြမယ်"
ကျူးကျူးမျက်တောင်ခတ်လိုက်သည်။ "အာ....ကောင်းပြီလေ" 'သူမလည်း အိမ်ကို ပြန်ချင်နေတာနဲ့အတော်ပဲ။ လူအများကြီးစိုက်ကြည့်နေတာက သူမကို အနေရခက်စေသည်'
နှစ်ယောက်သားအရင်ထွက်သွားကြချိန်မှာ အန်ရူဟာ သူမမျက်နှာအမူအရာကို မထိန်းချုပ်နိုင်တော့ပေ။ သူမကို အလှလေးလို့သိစေတဲ့ သူမရဲ့အပြုံးဟာ မရှိတော့ပဲ ထွက်သွားတဲ့ နှစ်ယောက်သားရဲ့ နောက်ကျောကို တိုက်ရိုက်ကြည့်နေပြီး သူမနှုတ်ခမ်းကို တင်းနေအောင် ကိုက်ထားမိသည်။
ထိုနှစ်ယောက်အတူတူရှိနေကြဆဲဆိုတာကို သူမမယုံနိုင်ပေ။ ချန်ကျမ်းက အဲလိုမိန်းမကို ချစ်မိသွားလိမ့်မယ်လို့ သူမမယုံနိုင်ပေ။
'မရီးကို အဲလိုမျိုးလှတဲ့သူဖြစ်လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး"
"အင်း...ထပ်မပြောနဲ့တော့၊ ငါမနာလိုလွန်းလို့ ငိုတော့မတတ်ပဲ"
ဇူးမာဟာ သူတို့ရဲ့ အမူအရာတွေကို ကြည့်ပြီး သေချာတွေးလိုက်သည်။
သူပြောလိုက်သည်။ "အဲဒီလူအိုကြီးချန်က လစ်ဇ်လား ?" သူမေးခွန်းမေးလိုက်ပေမဲ့ သူ့လေသံက တော့ သေချာပုံပေါက်နေသည်။
တုနွမ် ။ "အဲဒါက လျှို့ဝှက်ချက်ဆိုတာ သိထားပေး"
ဇူးမာ ။ "အေးဆေးပါ။ ငါက ပါးစပ်ဖွာတဲ့သူမဟုတ်ပါဘူး"
သူဖြေးဖြေးချင်းပြုံးလိုက်ပေမဲ့ သူ့အတွေးထဲမှာတော့ လှပတဲ့အပြုံးနဲ့ ကျူးကျူးရဲ့ဆန့်တန်းလာတဲ့ လက်ချောင်းသွယ်တွေကို မမေ့နိုင်ဖြစ်နေသည်။
နှစ်ယောက်သားထွက်သွားပြီးတာနဲ့ ကျန်ခဲ့တဲ့သူတွေဟာ စားချင်စိတ်ပျောက်သွားပြီး ငွေရှင်းကာ ထွက်လာခဲ့ကြသည်။ တုနွမ်က ဇူးမာနဲ့ပြန်လိုက်ပြီး လမ်းမှာ ဆက်ပြီးပြောသွားမလို့ ဆုံးဖြတ်ထားသည်။ ကျောင်းဖန်ကတော့ အန်ရူကို လိုက်ပို့ပေးဖို့ လုပ်ထားသည်။
အန်ရူက တလျှောက်လုံးစိတ်ကောက်နေသည်။ ချန်ကျမ်းက အဲဒီမိန်းမနဲ့ အိမ်ပြန်သွားတာကို တွေးလိုက်မိတော့ မနာလိုမှုက သူမတကိုယ်လုံးကို ဝါးမျိုသွားသည်။
'ချန်ကျမ်းက တခုခုကို သိထားတာမဟုတ်ဘူးလား?'
သူက "အိမ်ပြန်ကြမယ်" လို့ပြောလိုက်တာက ကျူးကျူးကို မိသားစုဝင်လို့ သတ်မှတ်ထားတဲ့သဘောပဲ။
ကျောင်းဖန်က အန်ရူကို နောက်ကြည့်မှန်ကနေကြည့်လိုက်ပြီး ဂရုတစိုက်နဲ့မေးလိုက်သည်။ " အန်ရူ မင်းနေမကောင်းလို့လား? မင်းအဆင်ပြေပုံပေါ်မနေဘူး"
နောက်ဘက်မှာထိုင်နေတဲ့အန်ရူက ရုတ်တရက် အသံကို နှိမ့်လိုက်ပြီး မေးလိုက်သည်။
'နင်ပြောကြည့်၊ ငါနဲ့ ရွမ်ကျူးကျူး ယှဉ်ကြည့်ရင် ဘယ်သူက ပိုလှလဲ?"
ကျောင်းဖန်က သဘောရိုးနဲ့သူမို့လို့ မတုံ့ဆိုင်းပဲ ချက်ချင်းပြန်ဖြေလိုက်သည်။
'သေချာတာပေါ့။ မရီးက လှတယ်လေ၊ လုံးဝအလှဆုံးတွေထဲက တယောက်ပဲ။ ဒါပေမဲ့" သူ့အသံကိုနူးညံ့လိုက်ပြီး "မင်းကတော့ ငါ့နှလုံးသားထဲမှာ အလှဆုံးပဲ"
ESTÁS LEYENDO
ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်း
Humorရွမ်ကျူးကျူးတယောက် အရင်ဘ၀က အမျိုးသမီးဇာတ်လိုက်မရရှိခဲ့တဲ့ ငယ်ချစ်ဦးဆိုတဲ့ rebirth novel ထဲကို ကူးပြောင်းရောက်ရှိလာခဲ့တယ်။ ဇာတ်ကြောင်းမှာ ငယ်ချစ်ဦးဖြစ်တဲ့ ချန်ကျမ်းဟာ ရုပ်ချောပေမဲ့ အောင်မြင်မှုဘာမှမရှိတဲ့ အသုံးမကျတဲ့ ဇာတ်ကောင်တခု ဖြစ်တယ်။ သူ့ရဲ့ အေး...