Chapter 99 (Unicode)

6.5K 460 10
                                    

သူမနောင်တ၇နေလေပြီ။ 'တွဲဖက်တယောက်လောက်ပါလာရင် ပုံလှလှလေးတွေ အများကြီးရိုက်နိုင်မှာပဲလို့တွေးထားခဲ့ပေမဲ့ အခုတော့ပိုတောင် ကောင်းသွားသေး။ ချန်ကျမ်းက ဒီခရီးမှာ ငါ့ကို ဒေါသထွက်သေအောင်လုပ်မလို့ လိုက်လာခဲ့တာပဲ'

ရေချိုးရန် အခန်းထဲကို ပြန်လာပြီးနောက် ကျူးကျူးဟာ စိတ်တိုစွာနဲ့ တံခါးကိုပိတ်လိုက်ပြီး အိပ်ရန်ပြင်လိုက်သည်။

သူမဟာ အိပ်ရာသစ်မှာ လဲနေပြီး မီးလည်းပိတ်ထားတာကြောင့် အခန်းကလည်းမှောင်နေသည်။ ခန်းဆီးထူကြီးတွေဟာ တင်းကျပ်စွာနဲ့ပိတ်ထားပြီး ခေါင်းအုံးဟာ အနံ့မွှေးနေကာ အိပ်ရာခင်းကလည်း အရမ်းနူးညံ့နေသည်။ 'သေချာပေါက် စျေးကြီးတဲ့ဟိုတယ်မှန်နေတာပဲ၊ အဖက်ဖက်က ပြီးပြည့်စုံနေတယ်' ဒါပေမဲ့ ကျူးကျူးဟာ ဟိုဘက်လှိမ့်လိုက်၊ ဒီဘက်လှိမ့်လိုက်နဲ့ အိပ်မပျော်ပေ။

သူမမျက်လုံးတွေပိတ်မ၇ပဲ မျက်နှာကြက်ကိုပဲ ကြည့်နေမိသည်။ ရုတ်တရက် မျက်နှာကြက်ကအရိပ်မှာ လူပုံပေါ်နေတာကြောင့် ကျူးကျူးသေမတတ်ကြောက်လန့်မိသွားတော့သည်။

သူမအော်ဟစ်လိုက်ပြီး ချက်ချင်းအိပ်ရာပေါ်ကနေ လှိမ့်ဆင်းလိုက်ကာ မတ်တပ်ရပ်မိသွားသည်။ တခဏကြာတော့မှ သူမကိုယ်သူမ ကြောက်မိသွားတာမှန်း သိလိုက်သည်။

"..."

'ဘယ်လိုတောင်ထူးဆန်းတဲ့ဟိုတယ်လား? ခေါင်မိုးပေါ်မှာ ဘာလို့မှန်တပ်ထား၇တာလဲ? သူရဲကားရိုက်နေတာလည်းမဟုတ်ပဲနဲ့'

တံခါးအပြင်ဘက်ကနေ တံခါးခေါက်သံတချက်ထွက်ပေါ်လာသည်။ ချန်ကျမ်းမေးလိုက်သည်။ "ဘာဖြစ်လို့လဲ?"

"ဘာမှမဖြစ်ဘူး..." ကျူးကျူး ချွေးသံရဲရဲနဲ့ ညအိပ်မီးကို ဖွင့်လိုက်ပြီး အသံက တိုးလျနေသည်။ "ငါ ကိုယ့်အလှကို ကိုယ်ပြန်ကြည့်ပြီး လန့်သွားတာလေ" 'ကိုယ့်အရိပ်ကို ကိုယ်မြင်ပြီး လန့်သွားတဲ့ ဒီလိုရှက်စရာကောင်းတဲ့ကိစ္စကို လုံးဝမပြောနိုင်ဘူး'

ချန်ကျမ်း ။ "..."

ကျူးကျူး တံခါးအပြင်ဘက်ကနေ ပြန်လှည့်သွားတဲ့ခြေသံကို မကြားလိုက်တာကြောင့် တယောက်တည်းကြောက်စိတ်ဝင်လာသည်။ သူမအိပ်ရာပေါ်မှာ လှိမ့်နေရင်း အိပ်မပျော်နိုင်ပဲ သူမမျက်လုံးကို ဖွင့်လိုက်ကာ တိုးတိုးပြောလိုက်သည်။ "ချန်ကျမ်း နင်အိပ်နေပြီလားဟင်?"

နှစ်စက္ကန့်၊ သုံးစက္ကန့်လောက်ကြာပြီးနောက် တဖက်လူက ပြန်ဖြေလာသည်။

"မအိပ်သေးဘူး" 'သူဧည့်ခန်းမှာထင်တယ်၊ အသံကနီးတာပဲ'

ကျူးကျူး စိတ်ချလက်ချဖြစ်သွားသည်။

"ကောင်းသောညပါ" သူမအသံတိုးတိုးလေးနဲ့ သူမကိုယ်သူမပြောနေသလို ပြောလိုက်သည်။

ဧည့်ခန်းဟာ မှောင်နေပြီး မီးတွေအကုန်လုံးလည်း ပိတ်ထားလေသည်။ ခန်းဆီးတွေလည်းချထားပြီး တိတ်ဆိတ်တဲ့ကမ်းခြေကလှိုင်းရိုက်သံတွေဟာ တိတ်ဆိတ်တဲ့ညကို ပုံဖော်နေသည်။ ပိန်ပါးတဲ့ကိုယ်တခုဟာ ကျူးကျူးအခန်းတံခါးကို မှီလျက်ရှိနေပြီး သူ့နှုတ်ခမ်းတွေလှုပ်ရှားသွားပေမဲ့ အသံတော့ မထွက်လာပေ။

နှုတ်ခမ်းပုံစံက "ကောင်းသောညပါ"

'ကောင်းသောညလေးပါ'

နောက်တနေ့ ကျူးကျူး စိတ်လှုပ်ရှားစွာနဲ့ နေဗီပြာရောင် ဂါဝန်လှလှလေးကို ဝတ်ဆင်လိုက်သည်။ 'ဒီနေ့ ငါကမ်းခြေက ခုံပေါ်မှာ သေချာတရေးလောက် အိပ်၇မှာပဲ' နေကကြဲကြဲတောက်ပူနေပြီး ထီးတောင် နေအပူချိန်ကို မကာနိုင်ပေ။ ကျူးကျူး တိတ်တဆိတ် ဟိုတယ်က ခုံပေါ်မှာပဲ လဲနေလိုက်တော့သည်။

အခုချိန်မှာ ချန်ကျမ်းနဲ့သူမ နှစ်ယောက်လုံး ပြီးပြည့်စုံတဲ့ ငြိမ်သက်တဲ့အခြေအနေကိုရောက်နေကြတော့သည်။

အေးဆေးအနားယူနေတဲ့နှစ်ယောက်နဲ့ ကွာခြားစွာ သုံးယောက်အတွဲကတော့ ပျော်ရွှင်မနေပေ။ 'သူပြောတော့ အားလပ်ရက်ခရီးတဲ့၊ ဒါပေမဲ့ လုပ်စရာအလုပ်တွေ တပုံကြီးပဲ' သုံးယောက်သားသူတို့ကွန်ပြူတာတွေနဲ့အလုပ်ရှုပ်နေကြပြီး လက်တွေတောင် ဘီယာထဲစိမ်ထား၇တော့မတတ် တညလုံး အလုပ်လုပ်နေရလေသည်။

ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်းWhere stories live. Discover now