Chapter 65 (Unicode)

3.9K 453 4
                                    

တောက်ပတဲ့ အနီရောင်စာလုံးတွေက ဖုန်းစကရင်ပေါ်မှာ အဆက်မပြတ် တက်လာနေပြီး တကမ္ဘာလုံးဆူပွက်ကုန်ကြသည်။

"သူဌေး ! တကယ်ကို RMB ကစားသမားပဲ"

လိုက်သတ်ခံရတဲ့ နှစ်ယောက်ဟာ ချက်ချင်း နာမည်ကြီးသွားပြီး သူတို့ရဲ့မျက်နှာဟာ အစိမ်းရောင်တောင်ပြောင်းသွားသည်။

'တကယ်ပါပဲ၊ ငါတို့ကို လူတွေလိုက်သတ်နေကြပြီ၊ အဲဒီကျူး ဆိုတဲ့ တယောက်က ဘာလို့ပုံမှန်အတိုင်း မသွားရတာလဲ?'

ကျူးကျူးဟာ လေးစားမှုတွေ ကျော်ကြားမှုတွေနဲ့ ပြည့်နေသည်။ 'သူတို့ ဘယ်လောက်ပဲ အနှောင့်အယှက်ပေးပါစေ၊ သူတို့ဂိမ်းကို တကယ်ပဲ ဂရုမစိုက်ကြလို့လား ? တလလောက်တော့ သူတို့ acc တွေ ပြောင်းတာဖြစ်ဖြစ်၊ အသင်းသားတွေနဲ့ပဲ ကစားတာပဲ လုပ်လို့မယ်၊ တာဝန်တွေ လုပ်ဖို့ဆိုတာ စဉ်းစားလို့တောင်ရမှာမဟုတ်ဘူး'

သူငယ်ချင်းတွေအများကြီးက 66666 စာကြောင်းတွေပို့ကြပြီး ကျူးကျူးရဲ့ဒီလှည့်ကွက်ကို အားကျနေကြသည်။

သူမဒါကို လုပ်လိုက်တာက ရှုဘီယင်တင်မကပဲ တခြားဆဲတဲ့သူတွေပါ အနီရောင်စာလုံးနဲ့ အလိုက်ခံရမှာကို ကြောက်သွားစေသည်။ 'ငါတိတ်တိတ်လေးပဲ နေပြီး ဘာမှမပြောမိဘူးနော်'

ကျူးကျူးဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ စားသောက်ဆိုင်ကို ကျောက်ပုစွန်စားရန် သွားလိုက်သည်။ ချန်ကျမ်းဟာ ဒီနေ့စကားအရမ်းနားထောင်နေပြီး မိန်းမတယောက်ကို စိတ်တိုအောင်လုပ်တာရဲ့ အဆုံးသတ်ကို သိတာကြောင့် စကားတခွန်းမှ မပြောပေ။

ကျူးကျူးဟာ အခွံခွာနေရင်း ပြောလိုက်သည်။ "ငါဂိမ်းထဲမှာ ပိုက်ဆံတွေ အတော်သုံးလိုက်ရတာကြောင့် ရင်နာနေတယ်၊ အဲဒါကြောင့် အခုတလော သုံးတာလျော့မလို့"

ချန်ကျမ်းက မေးလိုက်တယ်။ "ငါ့မှာတော့ အခုမရှိသေးဘူး၊ခဏနေ လွှဲလိုက်မယ်"

ကျူးကျူးဟာ သူ့ရဲ့စကားကြောင့် အနည်းငယ်အံ့ဩသွားပေမဲ့ ငြင်းလိုက်သည်။ 'သူ့ဆီက တောင်းတာက ကောင်းပေမဲ့ ငါတို့က အတူယှဉ်တွဲနေထိုင်တဲ့ ဆက်ဆံရေးပဲလေ'

ချန်ကျမ်းဟာ ဖြေးဖြေးချင်းပြောလိုက်သည်။ "ရပါတယ်၊ ငွေတွေများနေတော့ နည်းနည်းလောက် ဖြုန်းလည်း အဆင်ပြေတယ်"

ကျူးကျူး ။ "....."

'နင်ငါနဲ့ စကားအကောင်းမပြောချင်တဲ့ပုံပဲ'

ကျူးကျူးဟာ စိတ်တိုတိုနဲ့ သူအခွံခွာပြီးသားပုစွန်ကို ခိုးယူလိုက်ပြီး တဝက်တပျက်နဲ့ ဝါးစားလိုက်ပြီး "နင် ငါတွေဘယ်မှာ သုံးလိုက်တာလဲလို့ ဘာလို့မမေးတာလဲ?"

ချန်ကျမ်းဟာ အခွံခွာပြီးသားပုစွန်ကို သူ့ဘက်ကို တိတ်တဆိတ်ဆွဲယူရင်း "ဟမ်?"

"ငါဂိမ်းထဲက တယောက်ဆီက အဆဲခံရတယ်လေ၊ သူက ဂိမ်းစာမျက်နှာမှာလည်း တင်လိုက်သေးတယ်၊ သူတို့က ငါက ငါ့ယောင်္ကျားကို ဦးထုပ်စိမ်းဆောင်းပေးနေတယ်တဲ့၊ ငါတကယ်မတရားခံရတာ"

သူ မျက်တောင်ခတ်လိုက်မိသည်။

"ဖောက်ပြန်တာလား?"

ကျူးကျူး ။ ".....အဓိက အချက်က ငါက မတရားခံ၇တာလေ၊ ဒီအတိုင်း စကေးကောင်းတဲ့သူတွေက အမြဲတမ်း ငါ့ကို လာစွပ်စွဲနေကြတာပဲ" 'ပိုဆိုးတာက သူတို့က ခံစားချက်ကို မရှိတာ၊ ဦးထုပ်စိမ်းက  ဘယ်နေရာကနေ ရောက်လာရတာလဲ'

ကျူးကျူး ။ "စိတ်မကောင်းစရာက ငါ့စကေးတွေက ဆိုးနေတာပဲ၊ မဟုတ်ရင် ငါကိုယ်တိုင် အဲဒီနှစ်ယောက်ကို ကိုယ်တိုင်စိန်ခေါ်ပြီး သေချာရိုက်ပစ်တယ်"

ချန်ကျမ်းဟာ တိတ်ဆိတ်နေသည်။

"မင်းစိတ်ဆိုးလို့လား?"

"စိတ်ဆိုးတာထက် မတရားခံရတာကို မကြိုက်တာ " ကျူးကျူး မျက်ခုံးပင့်လိုက်ပြီး "ဒါပေမဲ့လည်း ငါပြန်လက်စားချေလိုက်ပြီ၊ ငါသူမကို လုံးဝပါးစပ်ပေါက်ပိတ်လိုက်ပြီ"

ချန်ကျမ်း သူမကို အဓိပ္ပာယ် အပြည့်အကြည့်နဲ့ ကြည့်လိုက်သည်။


ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်းWhere stories live. Discover now