ကျူးကျူးတယောက် အိမ်မက်ဆိုးတွေမက်နေသည်။
အိမ်မက်ထဲမှာ ဇာတ်လိုက်မရှုဘီယန်ဆီကနေ လည်ပင်းကို တင်းတင်းညှစ်ခံနေရသည်။ သူမအသက်မရှုနိုင်တော့ပဲ အဆုတ်တွေတောင် အလုပ်မလုပ်တော့ပေ။ ကျူးကျူးမရုန်းနိုင်ပဲ ရှုဘီယန်သူမနား နားမှာ အော်နေသံကို ကြားနေရသည်။ "နင် ငါ့ရဲ့ ဖြူစင်သူလေးကို ပြန်ပေး၊ ငါ့ရဲ့ချန်ကျမ်းကို ပြန်ပေး၊ ပြန်ပေး၊ ငါ့ကို ပြန်ပေး!"
ကျူးကျူး ချွေးတလုံးလုံးနဲ့ ထိတ်လန့်စွာနိုးလာခဲ့သည်။
လည်ပင်းက အသက်ရှုကျပ်မှုဟာ အခုထိခံစားရနေရတုန်းပဲ။ သူမလည်ပင်းကို စမ်းကြည့်လိုက်တော့ မနေ့ညက သူမအိပ်ပုံမမှန်တာကြောင့် ခေါင်းအုံးဟာ သူမလည်ပင်းကို ဖိမိနေတာကို တွေ့လိုက်ရသည်။
ကျူးကျူး ။" ......."
'တကယ်ကြီးလား၊ တုံးတာလုံလောက်ပြီ'
အပြင်ဘက်မှာ မိုးဖွဲလေးကြောင့် အေးစိမ့်နေကာ ရွှံ့အိုင်ထဲက ရွက်ဝါတွေဟာ ဖြတ်နင်းခံနေရပြီး လူတွေရဲ့ခံစားချက်တွေဟာလည်း အနည်းငယ်ဆိုးရွားနေတော့သည်။
ကျူးကျူးရေချိုးလိုက်သည်။ အိမ်ကတော့ တိတ်ဆိတ်ရင်း တိတ်ဆိတ်နေတော့သည်။ ဘယ်သူမှမရှိပေ။ 'ချန်ကျမ်းအပြင်ထွက်သွားလောက်တယ်။ ရေခဲသေတ္တာထဲက ပေါင်မုန့်ချပ်တွေနဲ့ နို့တဘူးပျောက်နေတယ်။ မနက်တုန်းက ငါအစောကြီးမထပေမဲ့ သူထသွားလောက်တယ်'
ကျူးကျူး အနည်းငယ်တွေးတောလိုက်သည်။ 'ငါအိမ်မှာ အစောကြီးထစရာလို့လို့လား ဒီကောင်က တကယ်ထူးဆန်းတဲ့ကောင်ပဲ အိပ်ရာအစောကြီးဝင်ပြီး ပုံမှန်ထပေမဲ့ ကောင်းကောင်းကျမစားဘူး'
လုပ်စရာတခုမှမရှိတာကြောင့် ကျူးကျူးဂိမ်းထဲဝင်လိုက်သည်။
အသင်းထဲက လူတွေဟာ စကားဖောင်ဖွဲ့နေကြသည်။ ရယ်လိုက် မောလိုက် နောက်လိုက်နဲ့ပေ။ ကျူးကျူးလိုင်းပေါ်ရောက်ရောက်ချင်း ငှက်အသိုက်လိုဖြစ်သွားသည်။
"ကျူး ကျူး ကျူး!"
"ကျူး ကျူး ကျူး!"
"ကျူး ကျူး ကျူး!"
ကျူးကျူး ။ "......ငါ့ကို တလောကလုံးသိတော့မယ်"
သူမကြော်ငြာတွေကို ရှင်းလိုက်ပေမဲ့ သူမရဲ့သူငယ်ချင်းအပ်တဲ့နေရာမှာ တယောက်ရောက်နေတာကို တွေ့လိုက်ရသည်။ နာမည်က "နိုင်ငံဟောင်းတွင် ခရီးသွားခြင်း" လို့ပေါ်နေသည်။
သူမပြတ်ပြတ်သားသားငြင်းလိုက်ပြီး ဘာမှမဖြစ်ခဲ့သလိုမျိုး ဂိမ်းကစားနေလိုက်သည်။ မနေ့က သူမစကားပြောခဲ့တဲ့ ပိုင်လုံမန်တို့တွေ အကုန်ရှိနေကြသည်။ သူတို့က ကျူးကျူးကို စိတ်အားထက်သန်စွာနဲ့ တာဝန်တွေလုပ်ရန် ခေါ်သွားကြသည်။ ကျူးကျူးမှာ သူတို့ကို ခေါ်သွားရန် ကျွမ်းကျင်သူတွေရှိလေသည်။ အဆင့်မြှင့်ထားတဲ့အမြန်နှုန်းဟာ မြန်ဆန်ပြီး လေထုဟာလည်း လုံးဝအေးချမ်းနေလေသည်။
အကုန်လုံး အကြောင်းစုံတွေ လျှောက်ပြောနေကြပြီး တချို့သူတွေက ကျူးကျူးအသက်ဘယ်လောက်လဲဆိုတာ မေးကြသည်။ သူမက အပျော်တမ်းကစားတာဖြစ်ပြီး လက်ထပ်ထားပြီးပြီဆိုတာကိုသာ ပြောလိုက်သည်။
ပိုင်လုံမန် ။ "ကျူးမိန်းကလေး၊ အစ်မ "Maibai" ကို ဖွင့်လိုက်၊ အကုန်လုံးအသံဖွင့်လို့ပြောကြတာ"
ကျူးကျူးသူမအကြောင်းအသေးစိတ်တွေ မသိစေချင်တာကြောင့် သူမအသံမကောင်းဘူးလို့ပဲ ပြောပြီး ဖြတ်ကျော်သွားလိုက်သည်။
သူမငြင်းနေတုန်းမှာပဲ ရုတ်တရက် နူးညံ့တဲ့အသံလေးထွက်လာသည်။ "အကုန်လုံးဘာတွေပြောနေကြတာလဲ?"
ကျူးကျူး သူမ ID ကိုမြင်တော့ မျက်ခုံးပင့်မိသွားသည်။ "ချင်ဖန် ဘီယန်" က ဇာတ်လိုက်မ ရှုဘီယန် ပေ။
YOU ARE READING
ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်း
Humorရွမ်ကျူးကျူးတယောက် အရင်ဘ၀က အမျိုးသမီးဇာတ်လိုက်မရရှိခဲ့တဲ့ ငယ်ချစ်ဦးဆိုတဲ့ rebirth novel ထဲကို ကူးပြောင်းရောက်ရှိလာခဲ့တယ်။ ဇာတ်ကြောင်းမှာ ငယ်ချစ်ဦးဖြစ်တဲ့ ချန်ကျမ်းဟာ ရုပ်ချောပေမဲ့ အောင်မြင်မှုဘာမှမရှိတဲ့ အသုံးမကျတဲ့ ဇာတ်ကောင်တခု ဖြစ်တယ်။ သူ့ရဲ့ အေး...