ကျားချန်ကုမ္ပဏီက ထုတ်တဲ့ CG ဒီဇိုင်းတွေဟာ မြန်မြန်ဆန်ဆန်နဲ့ ကစားသမားထောင်ပေါင်းများစွာကို ဆွဲဆောင်သွားပြီး မဲပေးကြတော့သည်။ ထိုအထဲမှာမှ ကျူးကျူးဆွဲထားတဲ့ နံပါတ် ၂၃၃ ဟာ အခြားဟာတွေထက် ရှေ့ကိုပိုရောက်နေသည်။ ဒီဇိုင်းဟာ ဘယ်ခေတ်ကို ရည်ညွှန်းထားမှန်း မသိ၇ပေ။ ဇာတ်ကောင်တွေရဲ့သတင်းတွေကိုလည်း ဖုံးကွယ်ထားတာဟာ ကျူးကျူးလိုချင်တဲ့ ပုံစံနဲ့ကွက်တိပေ။
သူမရဲ့ ဒီဇိုင်းဟာ ချီးကျူးမှုတွေ အများကြီး ၇ရှိနေပြီး ကာလာရောင်တွေဟာ ကြည့်၇တာ အဆင်ပြေပြီး ကျောက်စိမ်းနတ်ဘုရားဇာတ်ကောင်တွေထက် တောင် လှပတယ်လို့ပြောနေကြသည်။
မဲပေးချိန်ပြီးသွားပြီး ကျူးကျူးအပေါ်စိတ်ဝင်စားမှုတွေ တိုးလာသည်။ သူမဂိမ်းဇာတ်ကောင်တွေဟာ နေရာတိုင်းမှာ အားပေးမှုအပြည့်ဖြစ်နေသည်။
ပျော်ပျော်နေတတ်တဲ့ အဖြူရောင် မြင်းနဂါးဟာ လစ်ဇ်အကြောင်းကို ပြောရန်တောင် ရှက်နေသည်။
"ငါက လစ်ဇ်ရဲ့ ဖန်ဖြစ်လာတာကြာပြီ!!!!!" စာကြောင်းကို အသားပေးတဲ့ "!" တွေ အများကြီးသုံးပြီး သူမရဲ့ ယုံကြည်ချက်ကို ဖော်ပြသည်။
ကျူးကျူး ။ "...."
ဒီကိစ္စကို ပိုနာမည်ကြီးအောင် လုပ်ပေးတာက ချန်ယုအိမ်ရာပေ။ သူက Tour ကနေ လုံးဝမထွက်လိုက်ပဲ ကိုယ်ရေးကိုယ်တာကိစ္စကြောင့် ဂိမ်းတပွဲကစားပြီး ယာယီနုတ်ထွက်မှာဖြစ်ကြောင်းပြောသည်။ ဂိမ်းလောကကလူတွေကတော့ ချန်ယုအိမ်ရာဟာ ကျားချန်ကုမ္ပဏီနဲ့ စာချုပ်ချုပ်ရန် လုပ်နေကြောင်း သိတာကြောင့် အကုန်လုံးသူ့ရဲ့ဖျော်ဖြေမှုကို စောင့်နေကြသည်။
ရှုဖင်ဘီယင်ဟာ ဂိမ်းထဲမှာရှိနေသေးပေမဲ့ အလွန်ရှက်နေသည်။ သူ့သူငယ်ချင်းတွေဟာ မဟုတ်တရားစွပ်စွဲမှုကြောင့် ဘန်းခံလိုက်၇ပြီး ဘာကိုမှမလုပ်နိုင်ပေ။ ဒါတောင်မှ သူမ မထွက်သွားပေ။ ဒါပေမဲ့လည်း ဂိမ်းထဲကလူတွေကတော့ သူမကို ဂရုတောင်မစိုက်ပေ။
လစ်ဇ်လည်း ကျားချန်နဲ့ စာချုပ်ချုပ်ထားတယ်လို့ကောလဟာလထွက်နေသည်။ နောက်ဆုံးကစားတဲ့ပွဲကလည်း ချန်ယုအိမ်ရာကို လစ်ဇ်က ကြိုတင်လက်ရည်စမ်းထားတာလို့လည်းပြောကြသည်။
ကောလဟာလတွေက တဖြည်းဖြည်းများလာပြီး နောက်ဆုံးတော့ ဘာကအမှန်မှန်း ဘယ်သူမှမသိကြတော့ပေ။
ကျူးကျူး ကျားချန်ရဲ့သတင်းတွေကို ကြည့်နေသည်။ ဓာတ်ပုံထဲက လူဟာ တုနွမ်ဖြစ်နေတာကြောင့် သူမအနည်းငယ်အံ့ဩသွားသည်။ နောက်တော့ ကောလဟာလကို သတိ၇သွားသည်။ 'ချန်ကျမ်းက ကျားချန်နဲ့ စာချုပ်ချုပ်ထားတာ တကယ်ပေါ့?'
ညစာစားနေတုန်း ကျူးကျူးဟာ ခရမ်းသီးတဖတ်ကောက်ဝါးရင်း မေးလိုက်သည်။ "အဲနေ့တုန်းက နင်နဲ့ညစာစားနေတာ ကျားချန်ရဲ့ သူဌေးပေါ့?"
ချန်ကျမ်းဟာ ခေါင်းတောင်မမော့လာပေ။
"Wow!! နင်တကယ် ကျားချန်နဲ့ အလုပ်လုပ်နေတာပေါ့?"
သူတခဏတွေးလိုက်ပြီး "အမှန်ပဲ"
"ကောင်းလိုက်တာ" ကျူးကျူးအားကျစွာနဲ့ပြောလိုက်သည်။ "ငါ့ဒီဇိုင်းလည်း အရွေးခံ၇ရင်ကောင်းမှာပဲ"
သူမစကားတွေထွက်လာတာနဲ့ ချန်ကျမ်းဟာ စားနေတာကို ရပ်လိုက်ပြီး မေးလိုက်သည်။ "ကျားချန်ကို သွားချင်လို့လား?"
"ဒါပေါ့၊ ကောင်းတဲ့နေရာလေ၊ အပင်ပန်းခံ၇ကျိုးနပ်တယ်လို့ခံစား၇တယ်"
ကျူးကျူးဟာ အပြုံးလေးနဲ့ သူ့ကိုပြောလိုက်သည်။ "ငါတကယ်အလုပ်ကြိုးစားမှာ"
စိတ်ကပဲထင်နေတာလားတော့ မသိပေမဲ့ ဒီညစာမှာ ချန်ကျမ်းရဲ့ အမူအရာဟာ အနည်းငယ်ကျေနပ်ပြီး ပျော်နေပုံပေါ်နေသည်။
ကျူးကျူးဟာ ချန်ကျမ်းဘယ်သူဆိုတာသိသွားပြီးနောက် သူ့ကိုစောင့်ကြည့်တော့သည်။ 'လစ်ဇ်က နှစ်အတော်ကြာ ဂိမ်းမကစားတော့တဲ့သူပဲ၊ သူပျောက်ကွယ်သွားတာ ကြာပြီ၊ လိုင်းပေါ်မှာလည်း သူ့ရဲ့ကိုယ်ရေးကိုယ်တာသတင်းတွေ မတွေ့၇ဘူး'
'သူဂိမ်းမကစားတော့တာ အကြာကြီးရှိနေတဲ့ပုံပဲ၊ ချန်ကျမ်းက စာကြည့်ခန်းထဲမှာ ပျင်းပျင်းရိရိနေနေပုံပေါ်ပေမဲ့ ကီးဘုတ်သံတော့ ထွက်နေတယ်၊ သေချာပေါက် ဂိမ်းကစားနေတဲ့သံတော့ မဟုတ်ဘူး '
![](https://img.wattpad.com/cover/286624410-288-k813980.jpg)
YOU ARE READING
ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်း
Humorရွမ်ကျူးကျူးတယောက် အရင်ဘ၀က အမျိုးသမီးဇာတ်လိုက်မရရှိခဲ့တဲ့ ငယ်ချစ်ဦးဆိုတဲ့ rebirth novel ထဲကို ကူးပြောင်းရောက်ရှိလာခဲ့တယ်။ ဇာတ်ကြောင်းမှာ ငယ်ချစ်ဦးဖြစ်တဲ့ ချန်ကျမ်းဟာ ရုပ်ချောပေမဲ့ အောင်မြင်မှုဘာမှမရှိတဲ့ အသုံးမကျတဲ့ ဇာတ်ကောင်တခု ဖြစ်တယ်။ သူ့ရဲ့ အေး...