ချန်ယုအိမ်ရာဟာ တဖက်လူရဲ့ခံစစ်ဟာ မချိုးဖျက်နိုင်ဘူးလို့ ခံစားရသည်။ ရပ်ကြည့်နေတဲ့သူတွေတောင် ခံစားလို့ရနေပြီး သူတို့ရဲ့နှလုံးသားတွေ တင်းကျပ်သွားသည်။
'အရမ်းသနားစရာကောင်းတာပဲ၊ သနားစရာကောင်းလိုက်တာ'
'ပြန်တောင်မတိုက်နိုင်ရှာဘူး'
ချန်ယုအိမ်ရာရဲ့စကေးကို ပြစ်ချက်မရှိ ပြီးပြည့်စုံတယ်လို့ သတ်မှတ်ရရင် အခု ရှီကျန်ယွဲ့ကို ဖော်ပြရရင် တကယ်ဓားသမားတယောက်ကိုဖော်ပြထားတဲ့ ဖတ်စာအုပ်ကို ကြည့်နေရသလိုပဲ။ ဓားသမားတယောက်အနေနဲ့ သူဟာ ဓားချက်ပေါင်းများစွာကို အညှာအတာမရှိ ရက်စက်စွာနဲ့ထုတ်လွှတ်နိုင်သည်။ 'ငါတို့သာဆိုရင် အချိန်မရွေးအသတ်ခံသွားရမှာပဲ' အဲဒီမွန်းကျပ်တဲ့တုန်လှုပ်မှုက သူတို့ကို အားလျော့စေသည်။ တုန်ယင်စွာနဲ့ ပွဲကြည့်စင်ဟာ တခဏလောက်တိတ်ဆိတ်သွားသည်။
ကစားသမားတွေဟာ အသက်ရှုရန်တောင်မေ့နေပြီး နှလုံးခုန်နှုန်းတွေမြန်ကာ မျက်တောင်ခတ်ရန်တောင် သတိမရတော့ပေ။ စနစ်ရဲ့ကြေငြာသံဟာ သူတို့ရဲ့နှလုံးတွေကို ဓားတချောင်းလို လာရောက်ထိုးနှက်တာကြောင့် အသက်ရှုရကျပ်သွားတော့သည်။
[တတိယဂိမ်း၊ ရှီကျန်ယွဲ့၊ နိုင်တယ်!!]
[ဒီပြိုင်ပွဲမှာ ရှီကျန်ယွဲ့က နှစ်ပွဲနိုင် တပွဲရှုံးနဲ့ အနိုင်ရရှိသွားပါတယ်!!]
ကစားသမားတွေ ရုတ်တရက်ဆူညံသွားတော့သည်။
"အိမ်မက်အစဉ်လိုက်" လိုမျိုး အွန်လိုင်းဂိမ်းထဲမှာ အမိုက်ဆုံးပြိုင်ပွဲကို သူတို့ကြုံတွေ့လိုက်ရကြောင်း သိသွားသည်။ 'ဂိမ်းကစားတယ်ဆိုတာဘာလဲ? ဂိမ်းကို အနုပညာအဖြစ် ရှီကျန်ယွဲ့က ပြောင်းလဲလိုက်တာပဲ!'
သူတို့အကုန်လုံး မေးခွန်းတခုတည်းကို တွေးမိလိုက်သည်။ 'ဒီ ရှီကျန်ယွဲ့က ဘယ်သူလဲ?'
'ဒီလိုမျိုး ရွေ့လျားမှု၊ ပြောင်မြောက်တဲ့စကေးတွေ၊ ပြစ်ချက်မရှိတဲ့ခုခံမှုနဲ့ လျင်မြန်လွန်းတဲ့အရှိန်....လူသားတွေလုပ်နိုင်တဲ့အရာမဟုတ်ပဲ စက်တလုံးကကစားနေသလိုမျိုးပဲ!'
လူအများရဲ့အကြည့်အောက်မှာပဲ ချန်ယုအိမ်ရာဟာ လွန်ခတဲ့တနှစ်လောက်က ကြောက်ရွံ့မှုကို ပြန်လည်သတိရသွားသည်။
သူဟာ ဂိမ်းလောကထဲမှာ နှစ်အတော်ကြာနာမည်ကြီးလာပြီဖြစ်ပြီး ကံကောင်းထောက်မစွာနဲ့ ကမ္ဘာ့နံပါတ်တစ်ကစားသမားဖြစ်တဲ့ "လစ်ဇ်" ကို စိန်ခေါ်ရန်အခွင့်အရေးရခဲ့လေသည်။ အဲဒီအချိန်တုန်းကလည်း ဒီလိုပဲ ပြန်တိုက်ရန်တောင်အခွင့်အရေးမရပဲ သွေးထွက်အောင်အရိုက်ခံရပြီး နှိပ်စက်ခံရတာကို ကြည့်နေရုံပဲတတ်နိုင်လေသည်။
ဒီလိုမျိုး တဖက်လူဆီမှာ ဘာမှမလုပ်နိုင်တဲ့ဆိုးရွားတဲ့ခံစားချက်ဟာ သူကလွဲလို့ နောက်ထပ်တယောက်မရှိနိုင်ပေ။
ချန်ယုအိမ်ရာဟာ သူ့လက်ချောင်းတွေကို လှုပ်ရှားလိုက်ပြီး သူကိုယ်တိုင်တောင်မယုံနိုင်တဲ့ နာမည်တခုကိုရေးလိုက်သည်။
ချန်ယုအိမ်ရာ ။ "လစ်ဇ်?"
ရှီကျန်ယွဲ့ ။ "အင်း"
နှစ်ယောက်ဆီက စကားလုံးတွေကို တွေ့တာနဲ့ အကုန်လုံးဗြောင်းသောင်းဆန်သွားတော့သည်။ 'သူတို့ဟာ ကမ္ဘာ့အဆင့်ဝင်လစ်ဇ်ကို လှောင်ပြောင်နေခဲ့မိကြတာလား? ကြီးမြတ်တဲ့နဂါးလိုမျိုး ခေါင်းရော အမြီးရောမတွေ့ရတဲ့ ဂိမ်းတောင်မကစားတဲ့အဲဒီ "လစ်ဇ်"? ' ပရိသတ်တွေဟာ ရူးသွပ်သွားတော့သည်။ ပွဲကြည့်စင်ဟာလည်း လစ်ဇ်ရဲ့ ဝန်ခံမှုအကြောင်းကိုပဲ ပြောနေကြသည်။ သူတို့ သူငယ်ချင်းသွားအပ်ချင်ပေမဲ့ တဖက်လူက သူငယ်ချင်းအပ်လို့မရအောင် ပိတ်ထားပြီးသားဖြစ်ကြောင်းတွေ့လိုက်ရတာကြောင့် တိတ်ဆိတ်စွာနဲ့ ပြန်သွားရတော့သည်။
ကစားသမားနှစ်ယောက်ရဲ့ပြိုင်ပွဲဗီဒီယိုဟာ အရမ်းပေါက်နေပြီး လစ်ဇ်ရဲ့နာမည်နဲ့အတူ like အရေအတွက်နဲ့ ပြန် share တဲ့အရေအတွက်ဟာ တဖြည်းဖြည်းမြင့်တက်လာသည်။ ဂိမ်းဟာ တကြိမ်ပြီးတကြိမ် ပြန်ပြနေလေသည်။ ကစားသမားတွေအမြောက်အမြားဟာ နှစ်ယောက်ဘယ်လိုလုပ်ပွဲသုံးပွဲတိုက်ဖြစ်သွားကြောင်းရှင်းပြတဲ့ ဗီဒီယိုတွေကို တညတည်းနဲ့ ပြန်တင်ကြသည်။
လိုင်းပေါ်မှာ အခြေအနေတွေတည်ငြိမ်သွားမှ ကျူးကျူးလိုင်းပေါ်ပြန်တက်လာသည်။
အသင်းဟာ တိတ်ဆိတ်နေပြီး စကားလုံးတလုံး၊ လေပြေလေးတခုတောင်မတိုက်လောက်အောင် တည်ငြိမ်နေသည်။
ကျူးကျူး ခေါင်းခြောက်တချက်ဆိုးလိုက်ပြီး စာရိုက်လိုက်သည်။
ကျူးကျူး ။ "အစ်မဘီယင်ရေ၊ ငါ့ယောင်္ကျားက သူ့လက်မထိန်းနိုင်လိုက်ပုံပေါ်တယ်"
STAI LEGGENDO
ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်း
Umorismoရွမ်ကျူးကျူးတယောက် အရင်ဘ၀က အမျိုးသမီးဇာတ်လိုက်မရရှိခဲ့တဲ့ ငယ်ချစ်ဦးဆိုတဲ့ rebirth novel ထဲကို ကူးပြောင်းရောက်ရှိလာခဲ့တယ်။ ဇာတ်ကြောင်းမှာ ငယ်ချစ်ဦးဖြစ်တဲ့ ချန်ကျမ်းဟာ ရုပ်ချောပေမဲ့ အောင်မြင်မှုဘာမှမရှိတဲ့ အသုံးမကျတဲ့ ဇာတ်ကောင်တခု ဖြစ်တယ်။ သူ့ရဲ့ အေး...