Chapter 46 (Unicode)

4.6K 466 3
                                    

နောက်တော့ ကျူးကျူးနည်းလမ်းရှာတွေ့သွားတယ်။

သူမ ချန်ကျမ်းအခန်းထဲမှာရှိ မရှိ သိချင်ရင် ထမင်းထချက်လိုက်သည်။ ကြောင်က ငါးညှီနံ့နောက်ကို လိုက်လာသလိုမျိုး ချန်ကျမ်းဟာလည်း အစာစားရန် နောက်ကနေ လိုက်လာလေသည်။

"......"

ကျူးကျူးဟာ လူတယောက်နဲ့နေတာလား ခိုးစားတတ်တဲ့ကြောင်တကောင်နဲ့နေတာလား မသဲကွဲတော့ပေ။

ကျူးကျူး အတွေးလွန်နေတုန်း ဂိမ်းရဲ့သီချင်းသံထွက်လာသည်။ ကလင် ကလင်၊ ခေါင်းလောင်းသံတွေကဲ့သို့ ရုတ်တရက်လက်ရာမြောက်အသံဖြစ်တဲ့ Jinshi နဲ့အတူ Xiao ရဲ့အသံဟာလည်း တူတူထွက်လာပြီး လူတွေရဲ့နှလုံးသားကို တုန်လှုပ်သွားလေသည်။ တဖြည်းဖြည်းချင်း အပေါ်ကနေ ပန်းချီကားတချပ်ကျလာပြီး ဖြည်းဖြည်းချင်းဖွင့်လိုက်လေသည်။

(Jinshi က တရုတ်ခေတ် ရာဇဝတ်ပါးကွက်သားကိုခေါ်တာပါ၊ Xiao ကကျတော့ တောင်တန်းပေါ်ကနတ်ဆိုးကို ဖော်ပြတာပါ)

အိမ်မက်မက်နေသလိုမျိုး ကောင်းမွန်တဲ့သီချင်းသံထွက်လာပြီး တဖြည်းဖြည်းအိမ်မက်ကမ္ဘာထဲကို ဆွဲခေါ်သွားသလိုပေ။

ကျူးကျူးဟာ တေးသံရှင်ကို လက်ခုပ်တီးမိသွားသည်။

အသစ်ဖန်တီးထားတဲ့ ဇာတ်ကောင်တွေဟာ ဇာတ်ကောင်တကောင်ဆီရဲ့ စကေးတွေ ခက်ခဲမှုတွေ အစရှိသဖြင့် တွေကို ရှင်းပြထားလေသည်။ ကျူးကျူး ခဏတွေးလိုက်ပြီး အရိုးရှင်းဆုံးလုပ်ရှားမှုရှိတဲ့ဇာတ်ကောင်ကို ကစားရန် တွေးလိုက်သည်။ 'သူမရဲ့ စကေးတွေက မကောင်ဘူး၊ဒါကြောင့် အကူသူနာပြုနဲ့အတူကစားရင်တော့ ရွှေတုံးတွေရနိုင်လောက်မှာပါ'

'တရုတ်ကစားသမားတွေရဲ့ နိုင်ပွဲအတွက်'

လလိုဖြူဆွတ်နေတဲ့ ဂါဝန်ရယ်၊ ကျောက်စိမ်းဖြူဆံထိုးနဲ့ထိုးထားတဲ့ဆံပင်အနက်ရောင်ရယ်၊ ကုတ်အင်္ကျီကလည်း တလူလူလွှင့်နေပြီး လှပတဲ့ရုပ်အဆင်းနဲ့ ကျောက်စိမ်းတန်ခိုးရှင်ဟာ ကျောက်စိမ်းပုလွေကို ကိုင်လျက် ခေါင်းပေါ်မှာ ကြီးမားတဲ့စာလုံးသုံးလုံးနဲ့ ရပ်နေလေသည်။

"ကျူး ကျူး ကျူး"

ကျူးကျူးဟာ တခြားနာမည်စဉ်းစားရန် အလွန်ပျင်းတာကြောင့် ဂိမ်းကစားတာမှာ လုပ်ထုံးနည်းတွေကိုပဲ အာရုံစိုက်ပြီး နာမည်တွေက နောက်ကျသာလိုက်လေသည်။သူမ ပျော်ရွှင်စွာနဲ့ ရှင်းချိုရွာဆီ တာဝန်စတင်ယူရန် သွားလိုက်သည်။ အစပိုင်းမှာတော့ ဇာတ်လမ်းတာဝန်တွေဟာ များပြားပေမဲ့ ဇာတ်လမ်းတခုဆီတိုင်းမှာ စိတ်ဝင်စားစရာကောင်းတဲ့အချက်တွေ ရှိလေသည်။ ကျူးကျူးဟာ နေဝင်သွားတာတောင် မသိအောင် ပျော်ရွှင်စွာနဲ့ ကစားနေလေသည်။

ဓားမြတွေကို လိုက်ဖမ်းရတဲ့တာဝန်ပြီးနောက် ကျူးကျူးနောက်ထပ်အနည်းငယ်ဆက်ကစားကြည့်ပေမဲ့ အောင်မြင်ဖို့ခက်နေလေသည်။ ဒီတာဝန်မှာ ကစားသမားနှစ်ယောက်လိုပြီး တယောက်က ဓားမြတွေကို လိုက်ဖမ်းရတာဖြစ်ပြီး တယောက်က ဓားမြတွေလွှတ်အောင် ကူညီပေးရတာဖြစ်သည်။ ကျူးကျုူးဟာ အားနည်းသေးတာကြောင့် ကစားရန် အသင်းမဖွဲ့နိုင်သေးပေ။ ဒါကြောင့် တိုက်ပွဲကြီးတွေမှာ သေရန်လွယ်ကူနေသည်။

ဒါပေမဲ့လည်း အနည်းငယ်ပျင်းနေပုံရတဲ့ ကစားသမားတယောက်ဟာ မြင်းစီးရတဲ့နေရာမှာပဲ နေနေသည်။ ကျူးကျူး သူမမြင်းကို တခါစီးရန် ကြိုးစားခဲ့ဘူးသည်။ အချိန်တိုင်း သူမ ရုတ်ပျက်ဆင်းပျက် ပြုတ်ကျလေည်။

ကျူးကျူး ဒေါသထွက်လာသည်။

'အနိုင်ကျင့်နေတာ ဒါကတော့ မဟုတ်တော့ဘူး!'

ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်းOnde histórias criam vida. Descubra agora