(Omicron ဖြစ်နေလို့ တပတ်လောက် မပြောမဆိုပျောက်သွားမိတာ sorry ပါနော် အပိုင်းတွေအမြန်ပြန်တင်နိုင်အောင်ကြိုးစားပါမယ်)ရှုဘီယန်ဟာ သူမအပေါ် ရန်လိုနေပြီး ကျူးကျူးနဲ့အမြဲစကားပြောဖို့ကြိုးစားကာ သူမဘယ်သူလဲဆိုတာသိရန် လုပ်လေသည်။ သူမရဲ့ရန်လိုမှုကြောင့် ကျူးကျူးအနည်းငယ်စိတ်အနှောင့်အယှက်ဖြစ်ရပေမဲ့ တုခားသူတွေကစိတ်ဝင်စရာကောင်းတယ်လို့ထင်တာကြောင့် အသင်းကနေ သူမနုတ်မထွက်ချင်ပေ။
ဒီအချိန်မှာတော့ ကျူးကျူးနောင်တအနည်းငယ်ရနေပြီး တခြားဂိမ်းကစားနေတာတောင် ပြသာနာနည်းနေမှာပဲလို့ တွေးနေတော့သည်။
အသင်းကတခြားမိန်းကလေးတွေက ကျူးကျူးကို တခါကာကွယ်ပေးရင်တောင်မှ ရှုဘီယန်ရဲ့သူငယ်ချင်းတွေက အပင်ပေါက်စလေးတွေမဟုတ်ပေ။ သူတို့က အမြဲဘေးကနေအရန်သင့်ပြောပေးနေကြသည်။
ကျူးကျူး ရုတ်တရက် နားလည်သွားသည်။
'ရှုဘီယန် ...... နင်ကဂိမ်းနာမည်ကြောင့် ကိုယ့်ကိုကို ပြန်မြင်ယောင်မိသွားလို့လား? သေချာပေါက် သူမက အကုန်လုံးကိုရွံ့ရှာနေပြီး ချန်ကျမ်းကြောင့် ဒေါပွနေတာဖြစ်နိုင်တယ်'
'ဂိမ်းကစားနေတာမှာ မပျော်မရွှင်ဖြစ်နေစရာအကြောင်းမှမလိုတာ' လို့တွေးကာ ကျူးကျူးတခြားလူတွေအများကြီးကို အပ်ကာ ပျော်ပျော်ရွှင်ရွှင်နဲ့ အသင်းကနေ ထွက်လာခဲ့လိုက်တော့သည်။
သူမ ဇာတ်လိုက်မနဲ့ မလိုအပ်ပဲ အရှုပ်အယှက်တွေ မရှိချင်ပေ။
ကျူးကျူး နာရီကို လှမ်းကြည့်လိုက်သည်။ အခုချိန်ထိ ချန်ကျမ်းပြန်မရောက်သေးပေ။
အပြင်မှာက မိုးက ပိုပိုသဲလာတော့သည်။ ချန်ကျမ်းမှာ ထီးသယ်သွားတတ်တဲ့အကျင့်ရှိပုံမပေါ်ပေ။ သူမဖုန်းခေါ်ပြီး မေးကြည့်လိုက်ရမှာလား?
"ဒင်း ဒင်း တုန် တုန်...."
ဖုန်းရဲ့သီချင်းသံက ရုတ်တရက်မြည်လာတာကြောင့် ချန်ကျမ်းဖုန်းခေါ်လာတာလားလို့ ကျူးကျူးတွေးလိုက်ပေမဲ့ မိထွေးကြူဝေရဲ့ နာမည်ကို တွေ့လိုက်ရသည်။ သူမ ဒီမိန်းမဖုန်းခေါ်နေလည်း မကိုင်ပဲ ဖုန်းကိုအိပ်ရာပေါ်လွှင့်ပစ်မလို့လုပ်နေပေမဲ့ သီချင်းသံဟာ ရုတ်တရက်ရပ်တန့်သွားသည်။
ကျူးကျူးကြောင်သွားတော့သည်။
'မိထွေးက ဒီလိုမျိုး လွယ်လွယ်လက်လျော့တတ်တဲ့သူမျိုးမဟုတ်ပါဘူး'
သံသယများနေတုန်းမှာပဲ တဖက်လူက တိုက်ရိုက်မက်ဆေ့ပို့လာလေသည်။
[အိမ်အောက်ကိုဆင်းလာမှာလား ငါနင့်ဆီကိုတက်လာရမှာလား တခုကိုရွေး] 'ဒီလေသံက အာဏာကြီးမားတဲ့သမ္မတပုံစံမျိုးလိုပါလား'
ကျူးကျူးက ဘာမှမသိပေမဲ့ တဖက်လူက သူမကိုသာအော်ဟစ်ဆူပူခဲ့သည်။ ကြူဝေဟာ ချန်ကျမ်းရဲ့အမွေတွေကို လောဘတက်ရဲပေမဲ့ ဒီအိမ်ထဲကို မဝင်ရဲပေ။ ဘာလို့ဆိုတော့ ဒီအိမ်ဟာ ချန်ကျမ်းရဲ့ နောက်ဆုံးသည်းခံတဲ့အတိုင်းအတာဖြစ်ကြောင်း သူမသိတာကြောင့်ပေ။ ကြူဝေဟာ ဉာဏ်ကောင်းတဲ့သူမို့လို့ ဘယ်လိုလုပ် ချန်ကျမ်းဒေါသဆွရလောက်အောင် မတုံးနိုင်ပေ။
သူမမျက်လုံးထဲမှာ ချန်ကျမ်းဟာ ဘာမှမရှိတဲ့ ဒုတိယမျိုးဆက်ဆက်ခံသူဖြစ်ပေမဲ့ ယုန်တောင်မှလွတ်လမ်းမရှိရင် ပြန်ကိုက်တတ်သေးတာပဲ။ ချန်ကျမ်းဟာလည်း မခြားနားပေ။
ကျူးကျူး သက်ပြင်းချလိုက်သည်။
'ကြူဝေဟာ သေချာပေါက် ရာဇသံပေးဖို့ရောက်လာတာဖြစ်ပြီး ငါတို့ရဲ့ အေးအေးချမ်းချမ်းရက်လေးတွေ အဆုံးသတ်သွားတော့မယ်'
VOUS LISEZ
ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်း
Comédieရွမ်ကျူးကျူးတယောက် အရင်ဘ၀က အမျိုးသမီးဇာတ်လိုက်မရရှိခဲ့တဲ့ ငယ်ချစ်ဦးဆိုတဲ့ rebirth novel ထဲကို ကူးပြောင်းရောက်ရှိလာခဲ့တယ်။ ဇာတ်ကြောင်းမှာ ငယ်ချစ်ဦးဖြစ်တဲ့ ချန်ကျမ်းဟာ ရုပ်ချောပေမဲ့ အောင်မြင်မှုဘာမှမရှိတဲ့ အသုံးမကျတဲ့ ဇာတ်ကောင်တခု ဖြစ်တယ်။ သူ့ရဲ့ အေး...