သူမ ဆံပင်ပြင်ဆိုင်ကို ရောက်လာချိန်မှာတော့ သူမပုံစံဟာ လူတိုင်းရဲ့အကြည့်ကို ဖမ်းစားလိုက်လေသည်။
တံခါးဖွင့်ပြီးဝင်လာတဲ့မိန်းမဟာ ကုတ်အင်္ကျီအရှည်၊ အနားပွဘောင်းဘီရှည်နဲ့ ဒေါက်ဖိနပ်သိပ်မမြင့်တာလေး စီးထားလေသည်။ သူမရဲ့မျက်နှာပုံစံဟာ လှပပြီးဆွဲဆောင်မှုရှိလေသည်။ မိတ်ကပ်ကိုမဆိုသလောက်လေးလိမ်းထားပြီး ပြည့်တင်းနေတဲ့နှုတ်ခမ်းတစုံကိုသာ တောက်ပတဲ့အနီရောင်ဆိုးထားလေသည်။ မက်မွန်ပွင့်လေးပွင့်နေသလိုမျိုး မျက်ဝန်းတစုံဟာ ဆိုင်ကိုလှည့်ပတ်ကြည့်လိုက်လေသည်။ သူမဟာ မီးအလင်းရောင်တွေကြားမှာ တောက်ပနေတာကြောင့် သူတို့ဟာ နေရာမှာတင်ရပ်ပြီး ကြောင်ကြည့်နေကြလေသည်။
တယောက်ယောက်ဟာ ချက်ချင်းရှေ့ကို ထွက်လာပြီး မေးလိုက်လေသည်။ "ဘာကိုအလိုရှိပါသလဲရှင်? အရင်ဆုံးထိုင်ပါအုံး"
ကျူးကျူးဟာ ခုံမှာထိုင်ရင်း ပြောလိုက်လေသည်။ "ဒီဆံပင်က ပျက်စီးလွယ်တယ်၊ တိုတိုညှပ်ထားပြီး ဆံပင်အဖျားတွေက ကျွတ်လွယ်တယ်။"
"ကောင်းပြီလေ"
ဆိုင်မှာရှိတဲ့ Stylists တွေဟာ ကျူးကျူးရဲ့ဆံပင်ကောင်းပြီး ထူကြောင်းချီးမွမ်းနေကြလေသည်။ ကျူးကျူးဟာ ပြုံးရုံပဲပြုံးပြီး စကားပြောနေလိုက်သည်။ အနေရခက်နေပေမဲ့ တဖက်လူကပြောနေတာကို လေးစားသမှုနဲ့ နားထောင်ပေးလိုက်တယ်။
သူတို့ဟာ လူပေါင်းမျိုးစုံနဲ့ တွေ့ဖူးလေတယ်။ ဒါကြောင့် ကျူးကျူးရဲ့ ခပ်တည်တည်ပုံစံဟာ သူမရဲ့စိတ်နေစိတ်ထားကိုမသိတာကြောင့် ဆက်စကားပြောနေရင် သူမစိတ်ဆိုးသွားတော့မယ်လို့ ထင်တာကြောင့် သူဟာ ရပ်လိုက်တော့သည်။
တမနက်လုံး ဆံပင်ဆိုင်မှာအချိန်ဖြုန်းရတာဟာ တန်လေသည်။ ကျူးကျူးဟာ သူမရဲ့ဆံပင်ရှည်ကို ကိုင်ကြည့်လိုက်တော့ ကျေနပ်မှုအပြည့်နဲ့ ငွေချေလိုက်တော့တယ်။
အကောင့်ထဲမှာရှိတဲ့ငွေပမာနဟာ ကျူးကျူးအတွက် စိတ်ကျေနပ်စရာပေ။ ချန်ကျမ်းဟာ ပုံမှန်လိုမျိုး ဒီလသူမရဲ့အသုံးစရိတ်တွေကို မနေ့ညကအကောင့်ထဲလွှဲလိုက်လေသည်။ ကျူးကျူးငွေဖြုန်းတဲ့ပုံစံဟာ လုံလောက်တာထက်ပိုလေသည်။ စျေးကြီးတဲ့ပစ္စည်းတွေမဝယ်ပေမဲ့ တလစာငွေထဲက ငွေအများကြီးသုံးလိုက်လေသည်။
ကျူးကျူးဟာ ပျော်ရွှင်နေလေသည်။
'အလုပ်မလုပ်ပဲနဲ့ ဝင်ငွေရှိနေတာဆိုတာ ဒီလိုကောင်းတဲ့ခံစားချက်မျိုးပါလား' အဲလိုတွေးရင်း ကျူးကျူးဟာ ညစာအတွက် ဟင်းတွေအများကြီးပိုချက်ပြီး ချန်ကျမ်းကို သူတို့ရဲ့ပူးတွဲနေထိုင်တဲ့ဆက်ဆံရေးအတွက် ကျေးဇူးတင်ရမယ်။
ကျူးကျူးဟာ သူမရဲ့ငွေတွေအကုန်သုံးမဲ့ဆန္ဒမရှိပေ။ သူမဟာ အကောင့်အသစ်တခုဖွင့်ပြီး လတိုင်းငွေအများကြီးငွေလွှဲမယ်လို့ အစီအစဉ်ချထားလေသည်။
ချန်ကျမ်းဟာ သူမကို တသက်လုံးကျွေးမွေးထားမှာမဟုတ်ပေ။ ကျူးကျူးဟာ တွေးနေလိုက်တယ်။ 'ချန်ကျမ်းသူတကယ်ကြိုက်တဲ့မိန်းကလေးတွေ့ပြီဆိုရင် သူမဟာ ပျော်ပျော်ရွှင်ရွှင် နဲ့ထွက်သွားပြီး စျေးနည်းနည်းနဲ့ မြို့တမြို့ကို ပြောင်းသွားလိုက်မယ်။ ဒီလိုဆိုရင် အလုပ်ပဲလုပ်လုပ်၊ အိမ်ပဲဝယ်ဝယ် စိတ်ပူစရာမရှိပေ။'

YOU ARE READING
ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်း
Humorရွမ်ကျူးကျူးတယောက် အရင်ဘ၀က အမျိုးသမီးဇာတ်လိုက်မရရှိခဲ့တဲ့ ငယ်ချစ်ဦးဆိုတဲ့ rebirth novel ထဲကို ကူးပြောင်းရောက်ရှိလာခဲ့တယ်။ ဇာတ်ကြောင်းမှာ ငယ်ချစ်ဦးဖြစ်တဲ့ ချန်ကျမ်းဟာ ရုပ်ချောပေမဲ့ အောင်မြင်မှုဘာမှမရှိတဲ့ အသုံးမကျတဲ့ ဇာတ်ကောင်တခု ဖြစ်တယ်။ သူ့ရဲ့ အေး...