Chapter 16(Unicode)

6.1K 584 2
                                    

"ငါမကွာရှင်းဘူး" 

"ဘာ!!" သုံးယောက်လုံးရဲ့မျက်နှာအမူအရာတွေဟာ တပြိုင်တည်းပြောင်းသွားလေသည်။

မျက်နှာပျက်နေတဲ့ သူတို့ရဲ့ပုံစံတွေကိုကြည့်ပြီး တံခါးကို မှီနေတဲ့မိန်းမဟာ ပြုံးလိုက်သည်။ သူမလေသံကအေးအေးဆေးဆေးနဲ့ပဲ "ဒီအတိုင်း ရှားရုံနဲ့လမ်းခွဲမယ်လို့လာပြောရုံပဲ၊ နောက်ကို ငါ့ကို လာပြီးမရှာဖို့ မျှော်လင့်တယ်"

"ဒါ....."သူတို့တယောက်ကိုတယောက်ကြည့်လိုက်ပြီး ဘယ်သူမှစလို့စကားမပြောဖြစ်ပေ။ ဒါပေမဲ့ ရှားရုံဟာ မှင်သေသေပုံစံနဲ့ ကျူးကျူးကို အေးစက်စွာစိုက်ကြည့်နေလေသည်။

"ဘာလဲ၊ ငါမကွာရှင်းလို့ မပျော်ကြတာလား" ကျူးကျူးကပြောသည်။

"မဟုတ်ပါဘူး၊ ဒါပေမဲ့ဘာလို့လဲ?"

သူတို့ဟာ ရွမ်ကျူးရဲ့ရုတ်တရက်အမူအရာပြောင်းသွားတာကို နားမလည်နိုင်ကြပေ။

ကျူးကျူးဟာ သက်ပြင်းချရင်း "နင်တို့ကိုပြောရမှာတော့ ရှက်ပါတယ်၊ လီယွမ်၊ နင်တကယ်ကြင်နာမှုမရှိတာပဲ၊ ဘယ်လိုတောင်ငါ့ကို အဲဒါကိုမလုပ်တဲ့သူနဲ့ မိတ်ဆက်ပေးရတာလဲ?"

လီယွမ်ဟာ မယုံကြည်နိုင်ပေ။ "ဘာ၊ ဘာ?!"

"တကယ်လို့နင့်မှာစိန်မရှိရင်လည်း ကြွေထည်တွေယူမလာနဲ့" ကျူးကျူးဟာ ရှားရုံကို ရွံ့ရှာသလိုကြည့်ပြီး ပြောလိုက်တာကြောင့် နှစ်ယောက်ဟာ တခဏလောက်ရှက်သွားလေသည်။ 

မျက်နှာချင်းဆိုင်ကရှားရုံ "....."

ကျူးကျူးဟာ ရှားရုံရဲ့အတွေးတွေကို ဂရုမစိုက်ပေ။ 

သူမရဲ့ ဒီနေ့လာတဲ့ရည်ရွယ်ချက်က သူတို့နဲ့လုံးဝရေစက်ဖြတ်ပစ်ဖို့ပင်ဖြစ်ပြီး ဒါကြောင့်သူတို့ရဲ့ငွေရမယ့်လမ်းကြောင်းဟာလည်းမရှိတော့ပေ။

"ဒါပေမဲ့ ဒီကိစ္စကအရေးအကြီးဆုံးမဟုတ်ဘူး၊ ရှားရုံကဒီနယ်ပယ်မှာ ကစားနိုင်တယ်၊ သူဒေါသထွက်ရမှာမဟုတ်ဘူးလား?"

ကျူးကျူးဟာ သူမအသံကို နူးနူးညံ့ညံ့နဲ့ "အဆိုးဆုံးကတော့ လီယွမ်ကနောက်တခေါက်ထပ်ရွေးတာပဲ"

ကိစ္စတခုလုံးရဲ့ တာဝန်အဖြစ်တွန်းပို့ခံလိုက်ရတော့ လီယွမ်ဟာ ခါးကို မတ်ပြီး ရှားရုံကို တုန်လှုပ်မှုတွေနဲ့ လှမ်းကြည့်လိုက်သည်။

သူမတွေးခဲ့တာက ရွမ်ကျူးလို ငတုံးမက သူတို့အတူအိပ်ခဲ့တာကို သိလိမ့်မယ်မဟုတ်ဘူးလို့ပေါ့၊ အခုကျတော့ သူမအားလုံးသိနေပုံပါလား?

ကျူးကျူးဟာ လက်ပိုက်လိုက်ရင်း နှစ်ယောက်လုံးကို ကြည့်လိုက်သည်။

"ငါ့အတွက်ကတော့ မနေ့ကငါသေချာတွက်ကြည့်လိုက်တယ်။ ငါတို့အခုပရောဂျက်တခုမှာ ရင်းနှီးမြှုပ်နှံထားတယ်မလား၊ ငါ ငါရဲ့စုငွေတွေရော သူများတွေဆီကနေချေးထားတာတွေရော ပေါင်းပြီး ထည့်ထားပေမဲ့ ဒီလောက်အချိန်အကြာကြီးထိ အမြတ်ကိုမရှိဘူး၊ အကောင့်ကရော?"

"ဟို....အဲဒါ၊ အကောင့်တွေက အားလုံးဘဏ္ဏာငွေထဲမှာရှိတယ်၊ အဲဒါကိုစိတ်မပူနဲ့ဦး..."

"ရပါတယ်၊ ငါအလျင်မလိုပါဘူး"

ကျူးကျူးဟာ သူမဝမ်းနည်းနေသလိုမျိုး ခေါင်းခါရင်း ပြောလေသည်။ "အဲဒါကဒီအတိုင်း ငါ့ယောင်္ကျားက ငါကွာရှင်းဖို့ဖိုင်ဖြည့်ထားလို့ သိပ်ကောင်းကောင်းမပြောပြတာဖြစ်မယ်၊ အခုတော့ အဲလောက်ငွေအများကြီး ဘယ်ရောက်သွားလဲ မသိရတော့ ရဲဒါမှမဟုတ်ရှေ့နေက စုံစမ်းလာနိုင်တယ်လို့ပြောတယ်၊ နင်တို့အမြန်လုပ်ရမယ်။'

"ဟေး ဟေး! မဖြစ်ဘူး!"


ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်းDonde viven las historias. Descúbrelo ahora