ကျူးကျူး ။ "......"
'........ဒီတော့'
'ဒီကောင်ရေသောက်မှာမို့လို့ ပွဲတဝက်မှာ ထထွက်သွားတယ်ပေါ့'
ငါးမိနစ်နားချိန်ဟာ တခဏအတွင်းကုန်သွားသည်။
ဆူညံနေတဲ့လူအုပ်ဟာ တိတ်ဆိတ်သွားပြီး နောက်တပွဲကို စောင့်နေကြသည်။ တချို့ကတော့ ပျင်းသွားပြီး ထွက်သွားကာ အပြင်ကပဲ စောင့်ကြည့်နေကြသည်။ သူတို့အတွက်တော့ ဒီပွဲက ချန်ယုအိမ်ရာက အသစ်လေးကို အနိုင်ကျင့်တဲ့ပွဲဖြစ်ပြီး ဘယ်လို ရလဒ်ထွက်လာမယ်မှန်း ခန့်မှန်းနိုင်လေသည်။ ဒါပေမဲ့လည်း သူများနှိပ်စက်ခံရတာကို ကြည့်ရတာလည်း တမျိုးစိတ်ဝင်စားစရာပေ။
ကျူးကျူးလည်းခုံပေါ်ပြန်ထိုင်လိုက်ပြီး နောက်တပွဲကို စောင့်နေလိုက်သည်။
ကျူးကျူး ချန်ကျမ်းရဲ့ တည်ငြိမ်နေတဲ့ ပုံစံကိုကြည့်ပြီး တခဏလောက် ဆွံ့အသွားသည်။ အသင်းထဲက လူတိုင်းက ကျူးကျူးကို နှိမ့်သိမ့်နေကြသည်။ သူမရှက်စရာမလိုကြောင်း၊ ချန်ယုအိမ်ရာက ဂိမ်းထဲမှာ နတ်ဘုရားဖြစ်တာကြောင့် တခြားသူတွေကိုနိုင်တာက ပုံမှန်ဖြစ်ကြောင်း နားချနေကြသည်။
ကျူးကျူး ။ "...." ' တကယ်လို့ ချန်ကျမ်းသာ နို့ချဉ်ယူပြီး အခုမှ ပြန်ရောက်လာမှန်း သိကြရင် သူတို့ဘာပြောကြမှာလဲ?'
ဒုတိယပွဲစဉ်အတွက် ပြင်ဆင်ချိန်ဟာ စတင်လေပြီ။ အကုန်လုံးက နတ်ဘုရားရဲ့ ရိုက်ချက်တွေအောက်မှာ အသစ်လေးအရှက်ကွဲမှာကို မျှော်လင့်စောင့်စားနေကြသည်။
ချန်ယုအိမ်ရာဟာ စကရင်ပေါ်မှာ လှုပ်ရှားမှုမရှိရပ်နေတဲ့ ရှီကျန်ယွဲ့ကို ကြည့်လိုက်သည်။ ရုတ်တရက် အတွေးတခုကြောင့် တုန်လှုပ်သွားသည်။ သူဟာ အမြဲတမ်း သူ့မသိစိတ်ကို ယုံသည်။ 'တဖက်လူက သူစကေးကို စမ်းသပ်ချင်ရုံပဲလား ?' ပုံမှန်ကစားသမားတွေကတော့ မသိပေမဲ့ ချန်ယုအီမ်ရာကတော့ သေချာသိလေသည်။ ဓားတချက်တည်းနဲ့ သူ့သွေးကို လျော့အောင် လုပ်နိုင်တဲ့ ရှီကျန်ယွဲ့ဟာ ပုံမှန်ကစားသမားမဟုတ်ဘူးလို့။
ဒီလိုမျိုး တည်ငြိမ်ပြီး အတွေ့အကြုံရှိတဲ့ ပုံစံဟာ တမျိုးမျိုးရင်းနှီးတဲ့ ခံစားချက်ရလေသည်။
သူမျက်မှောင်ကြုတ်လိုက်ပြီး စာတကြောင်းရိုက်လိုက်သည်။
ချန်ယုအိမ်ရာ ။ "ငါအကောင်းဆုံးကြိုးစားပါ့မယ်"
ရှီကျန်ယွဲ့ ။ "အင်း"
အတင်းပြောတဲ့အုပ်စုဟာ ချက်ချင်းဒေါသထွက်သွားသည်။
"တကယ်ပါပဲ၊ သူကိုယ်သူ ဘယ်သူလို့ ထင်နေတာလဲ? တကမ္ဘာလုံးဆိုင်ရာ ပထမကစားသမားလို့ ထင်နေတာလား? ဘယ်လိုတောင် ငကြွားလဲ!"
"ဘဝင်မြင့်နေလိုက်တာများ၊ နတ်ဘုရားရေ သူ့ကို နာနာလေးရိုက်ပေးပါဦး!!"
"တကယ်ပါပဲ၊ ဒီကောင် နတ်ဘုရားကို စကားပြောတဲ့လေသံကို ကြည့်ပါဦး!"
ချန်ယုအိမ်ရာဟာ ဒေါသမထွက်ပေမဲ့ တဖက်လူရဲ့ တည်ငြိမ်နေတဲ့ အဖြေကြောင့် သူ့ကို စိတ်မအေးစေတဲ့ ခံစားချက်ပေးလေသည်။ သူ ဒီစိတ်ပူပန်မှုက ဘယ်ကလာလဲ တွေးနေတုန်းမှာပဲ စနစ်ရဲ့ စိန်ခေါ်ပွဲစကြောင်း အသံနဲ့အတူ ဒုတိယပွဲစဉ်စတော့သည်။
အတင်းပြောတဲ့သူအချို့ ထွက်သွားကြပေမဲ့လည်း ကျန်နေသေးတဲ့ သူက များနေသေးသည်။ ပွဲကြည့်စင်ဟာ ပုံမှန်အတိုင်းပဲ ဆူဆူညံညံနဲ့ စကားများနေကြသည်။
"နတ်ဘုရား သူ့ကို ရိုက်နှက်လိုက်!"
"တချက်တည်းနဲ့ နတ်ပြည်ကို အရောက်ပို့လိုက်!'
"နတ်ဘုရားရေ၊ ငါမင်းကိုချစ်တယ်"
ရှီကျန်ယွဲ့ရဲ့ သတ္တိရှိမှုကို လေးစားနေကြတဲ့သူတချို့ရှိနေပေမဲ့လည်း တခြားသူတွေရဲ့စကားသံတွေနဲ့ ဖုံးလွှမ်းခံလိုက်ရသည်။
ပြိုင်ကွင်းအလည်က ဓားသမားနှစ်ယောက်ဟာ လှုပ်ရှားမှုမရှိပဲ ရပ်နေကြသည်။ ဒါပေမဲ့လည်း နောက်တစက္ကန့်အတွင်းမှာ အကြည့်တိုက်ပွဲကို ရှီကျန်ယွဲ့စတင်ဖြိုခွဲလိုက်သည်။
သူစတင်လှုပ်ရှားလိုက်သည်။
လူသတ်လိုစိတ်အပြည့်နဲ့ ပြောင်မြောင်ပေသည်။ ပရိသတ်တွေ တွေ့မြင်လိုက်ရတဲ့ ရှားပါးတဲ့ မြင်ကွင်းကို စကားလုံးရှစ်လုံးနဲ့ဖော်ပြရရင်
သူတို့ရဲ့ ဆက်တိုက်တိုက်ကွက်တွေကို ရိုးရိုးမျက်စိနဲ့ မမြင်နိုင်ပေ။
YOU ARE READING
ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်း
Humorရွမ်ကျူးကျူးတယောက် အရင်ဘ၀က အမျိုးသမီးဇာတ်လိုက်မရရှိခဲ့တဲ့ ငယ်ချစ်ဦးဆိုတဲ့ rebirth novel ထဲကို ကူးပြောင်းရောက်ရှိလာခဲ့တယ်။ ဇာတ်ကြောင်းမှာ ငယ်ချစ်ဦးဖြစ်တဲ့ ချန်ကျမ်းဟာ ရုပ်ချောပေမဲ့ အောင်မြင်မှုဘာမှမရှိတဲ့ အသုံးမကျတဲ့ ဇာတ်ကောင်တခု ဖြစ်တယ်။ သူ့ရဲ့ အေး...