Chapter 38 (Unicode)

4.7K 486 6
                                    

ကျူးကျူးအနည်းငယ် စိတ်ဓာတ်ကျလာသည်။ ဒါပေမဲ့ တခြားသူတွေက အေးဆေးပေ။ သူတို့ရဲ့ တည်ငြိမ်နေတဲ့ အပြုအမူတွေက ကျူးကျူးစိတ်အခြေအနေအပေါ်အများကြီး သက်ရောက်ပြီး စိတ်အေးသွားသည်။

နောက်ဆုံးကျန်နေတဲ့ မဲနှစ်ခုပဲကျန်တော့သည်။ ကျူးကျူးဟာ ဖုန်းစကရင်ကို စိတ်ပူစွာနဲ့ ကြည့်နေလိုက်သည်။

.......လွဲသွားတယ်။

သူမစိတ်ပျက်စွာနဲ့ သက်ပြင်းချလိုက်သည်။ အဲဒီအချိန်မှာပဲ ခေါင်းဆောင်နို့ချဉ်ဟာ နောက်ဆုံးမဲကို နှိပ်လိုက်သည်။ ရုတ်တရက် ဖုန်းစကရင်ဟာ ရွှေရောင်တွေ တဖြတ်ဖြတ်တောက်ပသွားပြီး ဖုန်းမှာပေါ်နေတဲ့ ပထမဆုကြီးကို ကျူးကျူးဟာ ကြောင်လျက်ကြည့်နေမိသည်။

'တကယ်ကြီးလား! တကယ်ပေါက်သွားတာလား?!'

စာကြည့်ခန်းထဲက ချန်ကျမ်းဟာ နံရံတဖက်ကနေ အောင်ပွဲခံသံတွေကြားလိုက်ရသည်။ မျက်တောင်တချက်ပဲခတ်ပြီး အသင်းကို ပြန်အာရုံစိုက်လိုက်သည်။

"ငါ့ရဲ့မိတ္တူက ကုမ္ပဏီဆီကို ပို့လိုက်လိမ့်မယ်"

ကျူးကျူးဘဝမှာ ဒီလိုကြီးမားတဲ့ဆုမျိုးကို ပထမဆုံးရဖူးတာပေ။ သူမသေချာပေါက် နားလည်တာက အကုန်လုံးရဲ့အလင်းရောင်အောက်မှာ သူမခိုလှုံလိုက်တာကြောင့်ပေ။ သူတို့ကြောင့်သာမဟုတ်ရင် သူမဆံပင်တပင်တောင်ရမှာမဟုတ်ပေ။

ကျူးကျူးဟာ စိတ်အားထက်သန်စွာနဲ့ အကုန်လုံးဆီကိုအန်ပေါင်းပို့ပေးလိုက်မယ်လို့ပြောလိုက်ပေမဲ့ သူတို့ငြင်းဆန်လိုက်ကြသည်။

"ဂိမ်းပဲလေ၊ အပျော်ကစားတာပဲကို"

"ဟုတ်တယ်၊ နောက်တခါကျရင်လည်း တခြားဂိမ်းတွေကို တူတူဆော့ကြတာပေါ့"

"မရီးလေးရေ ငါတို့ရဲ့ ID တွေကို မှတ်ထားနော်^" 

{ဖက်ထုပ်ဟာ ခေါင်းဆောင်ဆီကနေ  အဘမ်းခံလိုက်ရပါသည်။}

ကျူးကျူး ။" ......"

ကျူးကျူးဟာ ဒါကစိတ်ကူးယဉ်နေတာလားလို့တောင် ထင်မိသည်။ 'သူတို့တွေဟာ စန်တာကလော့လိုမျိုး သူမဆီကို အထူးလာရောက်ကြသလိုမျိုး သူမဆီကို အထူးလာရောက်ကြသလိုမျိုးပဲ။ ဆုတောင်းပြည့်ပြီးသွားတော့ သူတို့ဂိမ်းကနေထွက်သွားမဲ့အချိန်ရောက်သွားပြီ'

ဒါပေမဲ့ သူမစိတ်ပျက်မနေပါဘူး။ ဒါက ဘဝပဲလေ။ တွေ့ဆုံကြတယ်၊ ခွဲခွာကြတယ်၊ တချို့လူတွေက မင်းနဲ့အချိန်အကြာကြီးအတူတူရှိနေကြပြီး တချို့တွေက‌‌တော့ ခုနတဖြုတ်လေးပဲ။ ကျူးကျူးပြုံးလိုက်ပြီး သူတို့ကိုနှုတ်ဆက်လိုက်ကာ လိုင်းဆင်းသွားဖို့ သဘောတူလိုက်ကြသည်။

WECHAT အဖွဲ့ထဲမှာ လူလေးယောက်သာရှိသည်။ ချန်ကျမ်းကိုထည့်ပေါင်းပြီးရင် သူတို့က တုနွမ်၊ ကျောင်းဖန်၊ တောင်ဘက်ကနှမ်းမဲဖြစ်တဲ့ ဖုဇီချန်တို့ပေ။ အဲဒါက ဖက်ထုပ်နဲ့ Kang Shuaifu အသင့်စား ခေါက်ဆွဲခြောက်ထက် ပိုကောင်းပေတယ်။ 

တုနွမ်ရဲ့အသံဟာ အနည်းငယ်ပျော်မြူးနေသည်။ "မရီးက အရမ်းသိမ့်မွေ့တာပဲ"

ကျောင်းဖန် ။ "စိတ်ပူနေတာ၊ ခုမှပဲ သက်ပြင်းကျတော့တယ်"

ဖုဇီချန် ။ "သူဌေး !ဘယ်တော့မှ ကျွန်တော်တို့ကို မြင်ခွင့်ပေးမှာလဲ? သူဌေးရဲ့ ရွှေအိမ်ဆည်းလည်းလေးကို အရမ်းဖွက်ထားတာပဲ"

အစကတော့ သူတို့ရဲ့သူဌေးဟာအိမ်ထောင်ရေးမှာမပျော်၇ွှင်ဘူးလို့ ထင်ခဲ့တာကြောင့်သူဌေးဝမ်းနည်းစရာတခုခုတွေးမိသွားမှာကြောက်တာကြောင့် သူတို့ထုတ်မမေးရဲခဲ့ပေ။


ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်းTempat cerita menjadi hidup. Temukan sekarang