Chapter 89 (Zawgyi)

1.5K 61 2
                                    

ကျားချန်ကုမ္ပဏီက ထုတ်တဲ့ CG ဒီဇိုင်းတွေဟာ မြန်မြန်ဆန်ဆန်နဲ့ ကစားသမားထောင်ပေါင်းများစွာကို ဆွဲဆောင်သွားပြီး မဲပေးကြတော့သည်။  ထိုအထဲမှာမှ ကျူးကျူးဆွဲထားတဲ့ နံပါတ် ၂၃၃ ဟာ အခြားဟာတွေထက်ပိုရှေ့ကိုရောက်နေသည်။ ဒီဇိုင်းဟာ ဘယ်ခေတ်ကိုရည်ညွှန်းထားမှန်း မသိရပေ။ ဇာတ်ကောင်တွေရဲ့သတင်းတွေကိုလည်း ဖုံးကွယ်ထားတာဟာ ကျူးကျူးလိုချင်တဲ့ပုံစံနဲ့ ကွက်တိပေ။
သူမရဲ့ဒီဇိုင်းဟာ ချီးကျူးမှုတွေအများကြီး ရရှိနေပြီး ကာလာရောင်တွေဟာ ကြည့်ရတာအဆင်ပြေပြီး ကျောက်စိမ်းနတ်ဘုရားဇာတ်ကောင်တွေထက်တောင် လှပတယ်လို့ပြောနေကြသည်။
မဲပေးချိန်ပြီးသွားပြီး ကျူးကျူးအပေါ် စိတ်ဝင်စားမှုတွေတိုးလာသည်။ သူမဂိမ်းဇာတ်ကောင်တွေဟာ နေရာတိုင်းမှာ အားပေးမှုအပြည့်ဖြစ်နေသည်။
ပျော်ပျော်နေတတ်တဲ့ အဖြူရောင်မြင်းနဂါးဟာ လစ်ဇ်အကြောင်းကို ပြောရန်တောင် ရှက်နေသည်။
"ငါက လစ်ဇ်ရဲ့ ဖန်ဖြစ်လာတာကြာပြီ!!!!" စာကြောင်းကို အသားပေးတဲ့ "!" တွေ အများကြီးသုံးပြီး သူမရဲ့ယုံကြည်ချက်ကို ဖော်ပြသည်။
ကျူးကျူး ။ "....."
ဒီကိစ္စကို ပိုနာမည်ကျော်ကြားအောင် လုပ်ပေးတာက ချန်ယုအိမ်ရာပေ။ သူက tour ကနေလုံးဝမထွက်လိုက်ပဲ ကိုယ်ရေးကိုယ်တာကိစ္စကြောင့် ဂိမ်းတပွဲကစားပြီး ယာယီနုတ်ထွက်မှာဖြစ်ကြောင်းပြောသည်။ ဂိမ်းလောကကလူတွေကတော့ ချန်ယုအိမ်ရာဟာ ကျားချန်ကုမ္ပဏီနဲ့ စာချုပ်ချုပ်ရန်လုပ်နေကြောင်းသိတာကြောင့် အကုန်လုံးသူ့ရဲ့ဖျော်ဖြေမှုကို စောင့်နေကြသည်။
ရှုဖင်ဘီယင်ဟာ ဂိမ်းထဲမှာရှိနေသေးပေမဲ့ အလွန်ရှက်နေသည်။ သူ့သူငယ်ချင်းတွေဟာ မဟုတ်တရားစွပ်စွဲမှုတွေကြောင့် ဘန်းခံလိုက်ရပြီး ဘာကိုမှမလုပ်နိုင်ပေ။ ဒါတောင်မှ သူမ မထွက်သွားပေ။ ဒါပေမဲ့လည်း ဂိမမးထဲကလူတွေကတော့ သူမကို ဂရုတောင်မစိုက်ပေ။
လစ်ဇ်လည်း ကျားချန်နဲ့စာချုပ်ချုပ်ထားတယ်လို့ ကောလဟာလတွေထွက်နေသည်။ နောက်ဆုံးကစားတဲ့ပွဲကလည်း ချန်ယုအိမ်ရာကို လစ်ဇ်က ကြိုတင်လက်ရည်စမ်းထားတာလို့လည်း ပြောကြသည်။
ကောလဟာလတွေတဖြည်းဖြည်းများလာပြီး နောက်ဆုံးတော့ ဘာကအမှန်မှန်း ဘယ်သူမှမသိကြတော့ပေ။
ကျူးကျူး ကျားချန်ရဲ့သတင်းတွေကို ကြည့်နေသည်။ ဓာတ်ပုံထဲကလူဟာ တုနွမ်ဖြစ်နေတာကြောင့် သူမအနည်းငယ်အံ့သြသွားသည်။ နောက်တော့ကောလဟာလကို သတိရသွားသည်။ 'ချန်ကျမ်းက ကျားချန်နဲ့စာချုပ်ချုပ်ထားတာ တကယ်ပေါ့!'
ညစာစားနေတုန်း ကျူးကျူးဟာ ခရမ်းသီးတဖတ်ကောက်ဝါးရင်း မေးလိုက်သည်။ "အဲနေ့တုန်းက နင်နဲ့ညစာတူတူစားနေတာ ကျားချန်ရဲ့သူဌေးပေါ့"
ချန်ကျမ်းဟာ ခေါင်းတောင်မမော့လာပေ။
"Wow!! နင်တကယ် ကျားချန်နဲ့ အလုပ်လုပ်နေတာပေါ့?"
သူတခဏတွေးလိုက်ပြီး "အမှန်ပဲ"
"ကောင်းလိုက်တာ" ကျူးကျူးအားကျစွာပြောလိုက်သည်။ "ငါ့ဒီဇိုင်းလည်း အရွေးခံရရင် ကောင်းမှာပဲ"
သူမစကားတွေထွက်လာတာနဲ့ ချန်ကျမ်းဟာ စားနေတာကို ရပ်လိုက်ပြီး မေးလိုက်သည်။ "ကျားချန်ကို သွားချင်လို့လား?"
"ဒါပေါ့၊ ကောင်းတဲ့နေရာလေ၊ အပင်ပန်းခံရကျိုးနပ်တယ်လို့ ခံစားရတယ်"
ကျူးကျူးဟာ အပြုံးလေးနဲ့ သူ့ကိုပြောလိုက်သည်။ "ငါတကယ် အလုပ်ကြိုးစားမှာ"
စိတ်ကပဲထင်နေတာလားတော့ မသိပေမဲ့ ဒီညစာမှာ ချန်ကျမ်းရဲ့အမူအရာဟာ အနည်းငယ်ကျေနပ်ပြီး ပျော်နေပုံပေါ်သည်။
ကျူးကျူးဟာ ချန်ကျမ်းဘယ်သူမှန်း သိသွားပြီးနောက် သူ့ကိုစောင့်ကြည့်တော့သည်။ 'လစ်ဇ်က နှစ်အတော်ကြာ ဂိမ်းမကစားတော့တဲ့သူပဲ၊ သူပျောက်ကွယ်သွားတာကြာပြီ၊ လိုင်းပေါ်မှာလည်း သူ့ရဲ့ကိုယ်ရေးကိုယ်တာသတင်းတွေ မတွေ့ရဘူး'
'သူဂိမ်းမကစားတော့တာအကြာကြီးရှိနေတဲ့ပုံပဲ၊ ချန်ကျမ်းက စာကြည့်ခန်းထဲမှာ ပျင်းပျင်းရိရိနေနေပုံပေါ်မဲ့ ကီးဘုတ်သံတော့ ထွက်နေတယ်။ သေချာပေါက် ဂိမ်းကစားနေတဲ့သံတော့မဟုတ်ဘူး'

ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်းWhere stories live. Discover now