သူမလေသံ အပြစ်ကင်းစွာနဲ့ "ဘာမှားနေလို့လဲ? တောင်းပန်ပါတယ်၊ ဘာဖြစ်သွားတာလဲ? ငါအခုမှလိုင်းတက်လာလို့"
ကျူးကျူး ။ "ဘာမှမဟုတ်ဘူး၊ နင့်ကိုပြောချင်လို့၊ နင့်ရည်းစားငါ့ကို လာမနှောင့်ယှက်စေနဲ့၊ ငါတကယ် သူ့ကိုသူငယ်ချင်းတောင် မအပ်ချင်ဘူး"
ချင်ဖန်ဘီယင် ။ "......"
ချင်ဖန်ဘီယင် ။ "နင်လေလုံးထွားနေတာလား ? သူကနင့်ကို ဘယ်လိုလုပ်နှောင့်ယှက်ရမှာလဲ?"
ကျူးကျူး ။ "နင်သေချာလို့်လား? ငါက သူ့ကို နှောင့်ယှက်ဖို့လိုတယ်ထင်လို့လား?"
ချင်ဖန်ဘီယင် ။ ".....ဟီးဟီး"
ချင်ဖန်ဘီယင် ။ "အကိုဇူးက အဲလိုလူမျိုးမဟုတ်ဘူး၊ နင်က သူ့ကို မှားတဲ့အချက်အလက်တွေပေးလိုက်တာလည်းဖြစ်မှာပေါ့"
တခြားအဓိပ္ပာယ်နဲ့ဆိုရင် ကျူးကျူးက အရင်ဆုံးစပြီး ကြူတဲ့သဘောပေ။
ချင်ဖန်ဘီယင် ။ "ငါသိပြီ၊ အကုန်လုံးက နတ်ဘုရားကိုကြိုက်ကြပြီး သူ့မှာ fan တွေလည်း အများကြီးရှိတယ်၊ နင်အထင်လွဲသွားတာတွေရှိရင် ငါအရင်ဆုံးတောင်းပန်ပါမယ်၊ အဲဒီပို့စ်ကလည်း ငါ့ဆီကမဟုတ်ဘူး၊ နင်စစ်ကြည့်လို့ရတယ်"
သေချာတာပေါ့၊ အဲဒီပို့စ်က သူမပို့တာမဟုတ်ပဲ သူမရဲ့သူငယ်ချင်းကောင်းပို့တာလေ။
ရှုဘီယင်က တကယ်လည်တဲ့မိန်းမလို့ ကျူးကျူး တွေးလိုက်သည်။ 'ဒီဘဝမှာ သူမအပင်မြင့်ကိုတက်နိုင်တာ အံ့ဩစရာမရှိတော့ဘူးပဲ' သူမ ရှုဘီယင်အကြောင်းကို တွေးနေရန်တောင် ပျင်းနေသည်။ 'ဒီနေ့ ရှုဘီယင် ဒါတွေကို ပြောင်းလဲပြီး ပြောပေမဲ့ တချို့လူတွေက အမှားနဲ့အမှန် ကို ခွဲခြားသိမှာပဲ၊ သေချာပေါက် နားလည်လိမ့်မယ်'
အဲဒီအချိန်မှာ တံခါးခေါက်သံထွက်လာပြီး ချန်ကျမ်းရဲ့ နွေးထွေးတဲ့အသံထွက်လာသည်။ "ပုစွန်စားမလို့"
ကျူးကျူး ချက်ချင်း စိတ်ပြောင်းသွားပြီး "ငါ့ကိုလည်း စောင့်ဦး!"
ကျူးကျူး ။ 'မအားသေးဘူး၊ ငါ့ယောင်္ကျားငါ့ကိုခေါ်နေလို့"
ချင်ဖန်ဘီယင်ရဲ့ သူငယ်ချင်း "ကမ္ဘာကြီးရဲ့ ပထမဆုံးမြို့စားငယ်လေး " က ချက်ချင်းပဲ ရွဲ့လိုက်သည်။ "နင့်မှာယောင်္ကျားရှိမယ်မှန်း ဘယ်သူသိမှာလဲ? ယောင်္ကျားရှိတဲ့သူတယောက်က လိုင်းပေါ်မှာ လာကြူနေမယ်လို့၊ ရွံ့စရာကောင်းလိုက်တာ"
အဲဒီစကားထွက်လာလာချင်း အသင်းသားတွေဟာ သည်းမခံနိုင်တော့ပဲ ရန်ပွဲထဲ ဝင်ကာ ထိုနှစ်ယောက်ကို ဆွဲဖြဲကြတော့သည်။ သူတို့က အရမ်းလိမ်ညာတတ်ပြီး မဟုတ်တာတွေအတွက် သက်သေလည်းမရှိပဲ ပြောနေကြကြောင်း ပြောနေကြသည်။
"ကမ္ဘာကြီးရဲ့ ပထမဆုံးမြို့စားငယ်လေး ' ဟာ အရမ်းကို အားကောင်းပေသည်။ ချင်ဖန်ဘီယင်ကိုတိုက်ခိုက်နေတဲ့တခြားသူတွေကို ပြန်ခုခံပေသည့်အပြင် ကျူးကျူးကိုလည်း ဆက်လက်ထေ့ငေ့ါပြောလျက်ရှိပြီး "မတရားလုယုတဲ့သူ" "အားနည်းချင်ယောင်ဆောင်တဲ့သူ" "ယောင်္ကျားရှိတဲ့တခြားသူတွေက အကုန်လုံးအတူတူကစားကြတယ်၊ နင့်ယောင်္ကျားက နင်လိုင်းပေါ်မှာ ဘာတွေလုပ်နေလဲသိရဲ့လား?" " သူဖောက်ပြန်ခံနေရတောင်သိရဲ့လား " .......
တကြောင်းပြီးတကြောင်း ဆဲတာတွေက အရမ်းဆိုးရွားလာသည်။ ဒါပေမဲ့လည်း ရိုင်းတဲ့ အဆဲစကားလုံးတွေမပါတော့ တိုင်ရန် မတတ်နိုင်ပေ။
ကျူးကျူးရဲ့ ID ဟာ မီးစိမ်းနေပေမဲ့ ပြန်မပြောတာကြောင့် အကုန်လုံးက သူမအဆဲခံရတာကြောင့် ငိုနေပြီလို့ တွေးလိုက်သည်။ ဒါပေမဲ့ ရာဇဝတ်သားလိုက်ဖမ်းရတဲ့အမိန့်ပေါ်လာရန် မကြာလိုက်ပေ။
{ "ကျူး ကျူး ကျူး " ကစားသမားက ရာဇဝတ်သားလိုက်ဖမ်းရတဲ့ စိန်ခေါ်စာကို ချိတ်ဆွဲလိုက်ပါတယ်။ "ချင်ဖန်ဘီယင် "နဲ့ "ကမ္ဘာကြီးရဲ့ ပထမဆုံးမြို့စားလေး " ကို အကြိမ် ၁၀၀ လိုက်သတ်ရင် အမြင့်ဆုံးရွှေအဆင့်ကို ၁ လစာသုံးခွင့်ရမယ်၊ အများဆုံးသတ်နိုင်တဲ့ကစားသမားကို အကောင်းဆုံး လက်နက်ကို ပေးမယ်}
YOU ARE READING
ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်း
Humorရွမ်ကျူးကျူးတယောက် အရင်ဘ၀က အမျိုးသမီးဇာတ်လိုက်မရရှိခဲ့တဲ့ ငယ်ချစ်ဦးဆိုတဲ့ rebirth novel ထဲကို ကူးပြောင်းရောက်ရှိလာခဲ့တယ်။ ဇာတ်ကြောင်းမှာ ငယ်ချစ်ဦးဖြစ်တဲ့ ချန်ကျမ်းဟာ ရုပ်ချောပေမဲ့ အောင်မြင်မှုဘာမှမရှိတဲ့ အသုံးမကျတဲ့ ဇာတ်ကောင်တခု ဖြစ်တယ်။ သူ့ရဲ့ အေး...