ကျူးကျူးကတော့ ချန်ကျမ်းလက်မောင်းကြားထဲ ပြုတ်ကျသွားတာကြောင့် နည်းနည်းတောင်မှမထိခိုက်လိုက်ပေ။
သူ့လက်မောင်းထဲမှာရှိနေတဲ့ လှပတဲ့ အမျိုးသမီးဟာ နူးညံ့ပြီးတော့ ကျိုးပဲ့လွယ်သည်။ သူမရဲ့အနက်ရောင်ဆံပင်ဟာ ရေတံခွန်လိုမျိုး ကျဆင်းနေပြီး သူမရဲ့ဖြူဆွတ်နေတဲ့ ပါးပြင်ပေါ်မှာ ရှက်သွေးဖြန်းမှုပန်းရောင်လေး မြင့်တက်လာသည်။
သူမနူးညံ့စွာနဲ့ "နင်အဆင်ပြေရဲ့လား"
ချန်ကျမ်း ။ "....."
မျက်လုံးလေးလုံးဟာ အကြည့်ချင်းလွှဲသွားသည်။
ကျူးကျူးဟာ သူ့ခေါင်းပေါ်မှာ ပေါ်နေတဲ့ "?" အကြီးကြီးကို ကြည့်ပြီး သွားကိုကြိတ်ကာ ပြောလိုက်သည်။ "နင် ငါအရမ်းလေးတယ်လို့ မပြောပါဘူးနော် " ("?" ကို ကြည့်တယ်ဆိုတာ အဆင်ပြေလားလို့ မေးလို့ မယုံနိုင်တဲ့အကြည့်နဲ့ ကြည့်နေတာကို ပြောတာထင်တယ်)
ချန်ကျမ်းဟာ ပါးစပ်ကထွက်တော့မဲ့ စကားလုံးတွေကို ပြန်မျိုချလိုက်ရတော့သည်။
"မပြောပါဘူး"
ကျူးကျူး ။ "......"
ချန်ကျမ်း ။ " လက်ပဲကျိူးသွားတာ "
ကျူးကျူး ။ "?!!"
သူမအမြန်ထထိုင်လိုက်ပြီး ချန်ကျမ်းသူ့ရဲ့ပျော့နေတဲ့ဘယ်လက်ကို မြှောက်တာကို ရှက်ရွံ့စွာနဲ့ ကြည့်လိုက်သည်။ ချန်ကျမ်း ဖြေးဖြေးလေးသက်ပြင်းချလိုက်တာကြောင့် ကျူးကျူးဟာ ပိုလို့အနေရခက်လာတော့သည်။
"ငါ တောင်းပန်ပါတယ် ဆေးရုံကို မြန်မြန်သွားကြရအောင် ငါသေချာပေါက် နင့်ရဲ့ဆေးရုံစရိတ်အတွက် အကုန်ကုန်ကျခံပါ့မယ်"
တကယ်လို့ ကျူးကျူးသာ ဒီလက်နဲ့တင် ချန်ကျမ်းဘယ်လောက်ဝင်ငွေရလဲသိရင် ဒီလိုစကားမျိုးပြောမှာမဟုတ်ပေ။
သေချာပေါက်ပဲ။
စာရေးသူ ။ "မင်းမိန်းမဆီမှာ တက်ကြိတ်ခံရတဲ့ခံစားချက်က ဘယ်လိုလဲ "
ချန်ကျမ်း ။ "မြေတူးစက်လိုမျိုး ဆင်ဆယ်ကောင်တက်ဖိသလိုမျိုးပဲ တွေးကြည့်လိုက်"
ကျူးကျူး ။ "ပါးစပ်ပိတ်ထား "
ချန်ကျမ်း ။ "ငါ့လက်နာတယ် "
ကျူးကျူး ။ " ငါတောင်းပန်ပါတယ် နင်ဆက်ပြေ"
ကျူးကျူးဟာ သူမချန်ကျမ်းကို ခေါင်းငုံ့တောင်းပန်လျက် ဆေးရုံဆီ အပြေးခေါ်သွားတော့သည်။
ရှက်စိတ်ရော အားနာစိတ်ရော ပေါင်းပြီး သူမဟာ အဖောက်ခံလိုက်ရတဲ့လေလျော့သွားတဲ့ပူပေါင်းလိုမျိုး ရုတ်တရက်အားပြတ်သွားပြီး လဲကျသွားတော့သည်။
ဒီလိုမျိုး နှစ်ယောက်လုံးရုပ်ချောကြတဲ့စံပြစုံတွဲဟာ ဘယ်နေရာသွားသွား လူအာရုံစိုက်ခံရတာ သဘာဝပေ။ ဆရာဝန်တွေဟာ ချန်ကျမ်းကိုကြည့်ရမလား ကျူးကျူးကိုကြည့်ရမလား တခဏဆုံးဖြတ်ရခက်သွားတော့သည်။ သူတို့အားလုံးဟာ ဒီပြီးပြည့်စုံတဲ့ကောင်လေးနဲ့ကောင်မလေးစုံတွဲကို အားကျတဲ့ခံစားချက်တွေပေါ်လာကြသည်။ 'ကြည့်ကြပါဦး သူတို့နှစ်ယောက်ဘယ်လောက်ချစ်ကြလဲ ယောင်္ကျားထိခိုက်သွားတော့ မိန်းမကဘယ်လောက်တောင်ဝမ်းနည်းနေလဲ '
ဓာတ်မှန်ထွက်လာပြီ။ ကံကောင်းလို့ ဒဏ်ရာကသိပ်မပြင်းပေ။ ရက်အနည်းငယ်လောက်အနားယူလိုက်ရင် ပြန်ကောင်းလာနိုင်ပေသည်။
နောက်ဆုံးတော့ ကျူးကျူးစိတ်သက်သာရာရသွားသည်။
နှစ်ယောက်ဟာ တက္ကစီပေါ်မှာ စကားတခွန်းမှမပြောပဲ တိတ်ဆိတ်စွာနဲ့ထိုင်နေတာကြောင့် တက္ကစီသမားတောင် အနေရခက်လာသည်။ ဒါကြောင့် သီချင်းကို တိတ်တဆိတ်ကောက်ဖွင့်လိုက်ချိန် ကျန်းယုရဲ့ ဩရှတဲ့ အသံဟာ "မိုးတွေက ဆက်တိုက်ရွာသွန်းနေတယ်.... ရာသီဥတုအခြေအနေမကောင်းဘူးပဲ...." ဒါကိုကြားပြီး တက္ကစီသမားဟာ သီချင်းကို ပြန်ပိတ်ဖို့ဆုံးဖြတ်ချက်ချလိုက်သည်။
ESTÁS LEYENDO
ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်း
Humorရွမ်ကျူးကျူးတယောက် အရင်ဘ၀က အမျိုးသမီးဇာတ်လိုက်မရရှိခဲ့တဲ့ ငယ်ချစ်ဦးဆိုတဲ့ rebirth novel ထဲကို ကူးပြောင်းရောက်ရှိလာခဲ့တယ်။ ဇာတ်ကြောင်းမှာ ငယ်ချစ်ဦးဖြစ်တဲ့ ချန်ကျမ်းဟာ ရုပ်ချောပေမဲ့ အောင်မြင်မှုဘာမှမရှိတဲ့ အသုံးမကျတဲ့ ဇာတ်ကောင်တခု ဖြစ်တယ်။ သူ့ရဲ့ အေး...