'ချန်ကျမ်းရဲ့စရိုက်က သေချာပေါက် သူ့ရဲ့အမွေပိုင်ဆိုင်မှုအတွက် တိုက်ခိုက်မဲ့ပုံစံမပေါက်ဘူး။ တနေ့နေ့သူ့မိထွေးဆီကနေ ထောင်ခြောက်ဆင်ခံရပြီး ဆင်းရဲသွားနိုင်ခြေရှိတယ်'
ကျူးကျူးရုတ်တရက် ဖိအားများလာသလိုခံစားလိုက်ရသည်။ 'ဒီအချိန်က ငါ မိသားစုအတွက် ဖိအားတွေကို ရင်ဆိုင်ပေးရမဲ့အချိန်ပဲ'
'ချန်ကျမ်းက ငါ့အပေါ်ကောင်းပေးတယ်၊ ငါကျေးဇူးမသိတတ်တဲ့သူမဟုတ်ဘူး'
"ရပါတယ်၊ ငါ့မှာလည်းငွေရှိတယ် မများပေမဲ့လည်းပေါ့ ဒါကြောင့် နင်ပြန်သွားချင်ရင် ပြန်သွားတိုက်၊ သည်းခံမနေနဲ့"
'ဟုတ်တယ်'
ကျူးကျူးရဲ့အတွေးထဲမှာ ချန်ကျမ်းဟာ သူ့အဖေရဲ့ငွေကြေးအင်အားတွေကနေ ရှောင်ရန် ဘာကိုမှဂရုမစိုက်တဲ့အခြေအနေပေ။
'ငါ့အမေက ဆုံးသွားပြီ။ ငါ့အဖေကမချစ်ဘူး။ မိထွေးကလည်း ငွေကိုပဲ တချိန်လုံးချောင်းနေတယ်' ကျူးကျူးဟာ သူ့ရဲ့အဖြစ်မှန်ကနေ ရှောင်ပြေးချင်တဲ့အကြောင်းရင်းကို လုံးဝနားလည်ပေသည်။
ချန်ကျမ်း ။ "........"
သူလက်တဖက်ကို အိပ်ကပ်ထဲထည့်လိုက်ပြီး ကျူးကျူးကိုလေးနက်စွာနဲ့စိုက်ကြည့်နေသည်။ ညအလင်းမှိန်မှိန်အောက်မှာ သူ့ပါးတွေဟာ နူးညံ့ပြီးပျော့ပျောင်းနေသည်။ သူ့ရဲ့သေးသွယ်တဲ့မျက်လုံးတွေဟာ အလွန်လှပပြီး သူ့မျက်ဆံတွေဟာ နွေးထွေးတဲ့အရောင်အဝါတွေ စွန်းထင်းနေသည်။
ကျူးကျူး အနည်းငယ်အဆင်မပြေဖြစ်သွားသည်။ "ကောင်းပြီ နင်ရင်ထဲထိသွားတာငါသိတယ် ဒါပေမဲ့...."
"ထပ်ပြီးတော့"
သူ့ကိုယ်ဟာ ရှေ့ကိုအနည်းငယ်တိုးလာပြီး နှစ်ယောက်ဟာ နီးကပ်သွားသည်။
ကျူးကျူး ဂရုတစိုက်နဲ့မေးလိုက်သည်။ "နင်ဘာလုပ်နေတာလဲ? ငါကကြင်နာတတ်ပြီး လှတာငါသိတယ်" 'ဒါပေမဲ့ ဒီခွေးကောင်က ငါ့ကိုနမ်းချင်တာကတော့ မှားသွားပြီ။ 'ငါ ငါ့ရဲ့ကြက်ကလေးကို ကာကွယ်ပေးချင်စိတ်လေးပေါက်သွားရုံလေးပါ'
'ခံစားချက်တွေအကြောင်း မပြောတဲ့အတွက် ကျေးဇူးပဲ'
"မင်း....."
"အင်း??"
"မင်းမျက်လုံးတွေက ဘာလို့အရောင်တောက်နေရတာလဲ?" ချန်ကျမ်းရဲ့မျက်လုံးတွေဟာ သိချင်စိတ်တွေနဲ့ပြည့်နေပေသည်။
ကျူးကျူး ။ "......"
.......
.......
.......
အချိန်အကြာကြီးတိတ်ဆိတ်သွားပြီးနောက်
အံဆုံးသွားတွေကြိတ်ရင်းနဲ့ ဒေါသထွက်နေတဲ့ အသံတသံထွက်ပေါ်လာသည်။
"ဒါက ငါဂရုတစိုက်နဲ့ပြင်ဆင်ထားတာလို့ခေါ်တယ်၊ တီကောင်စုတ်"
......
ကျူးကျူးပြန်တွေးကြည့်လိုက်တော့ သူမချန်ကျမ်းကို လစ်လျူရှုမထားနိုင်မှန်း သိလိုက်သည်။
သူ့ရဲ့မာနကြီးပြီး အမူအရာမဲ့တဲ့အပြုအမူကိုတွေးရင်း ကျူးကျူးဟာ ဒေါသထွက်နေတာကြောင့် ဂိမ်းထဲဝင်ဖို့မေ့သွားပြီး အိပ်ရာထဲတန်းဝင်သွားသည်။
နောက်တနေ့ ကျူးကျူးဂိမ်းကိုဖွင့်လိုက်ချိန် သူမဟာ update တွေအများကြီးနဲ့မိတ်ဆက်ခံလိုက်ရပြီး ကြောင်သွားတော့သည်။ ကျေနပ်စရာအကောင်းဆုံးအပိုင်းက ကျိုးပဲ့နေတဲ့တာဝါသေးလေးဟာ အချက်တိုင်းပစ်ခတ်နေသည်။ "ခြိမ်း! ကောင်းတယ်! အခုပဲ!"
'ကြည့်ရတာ ပရိုဂရမ်သမားတွေ နည်းနည်းအသုံးကျပုံပဲ'
ဂိမ်းကိုဖွင့်ဖွင့်ချင်း တက်ကြွတဲ့သီချင်းနဲ့ အတူ အမဲရောင်ဆိုင်းဘိုး ပေါ်လာသည်။ လမ်းပေါ်မှာ ကြော်ငြာအနည်းငယ်ရှိနေတာကြောင့် မျက်လုံးဖမ်းစားစရာဖြစ်နေပေမဲ့ ပုံစံကအလွန်အရုပ်ဆိုးနေတာကြောင့် ကျူးကျူးလစ်လျူရှုလိုက်သည်။
ကြော်ငြာချက်မှာ ရိုးရှင်းတဲ့ဇာတ်ကောင်အနည်းငယ်သာ ရှိနေသည်။ "လင်ဘိုင်လျန်" ဘယ်သူမှမသိကြပေ။ "ကျေးဇူးပဲ အရမ်းမိုက်တယ် [လက်သီး/လက်သီး/လက်သီး] "
DU LIEST GERADE
ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်း
Humorရွမ်ကျူးကျူးတယောက် အရင်ဘ၀က အမျိုးသမီးဇာတ်လိုက်မရရှိခဲ့တဲ့ ငယ်ချစ်ဦးဆိုတဲ့ rebirth novel ထဲကို ကူးပြောင်းရောက်ရှိလာခဲ့တယ်။ ဇာတ်ကြောင်းမှာ ငယ်ချစ်ဦးဖြစ်တဲ့ ချန်ကျမ်းဟာ ရုပ်ချောပေမဲ့ အောင်မြင်မှုဘာမှမရှိတဲ့ အသုံးမကျတဲ့ ဇာတ်ကောင်တခု ဖြစ်တယ်။ သူ့ရဲ့ အေး...