Chapter 28 (Unicode)

5.2K 576 11
                                    

(မနေ့ကမတင်လိုက်ရတာကြောင့် ဒီနေ့သုံးပိုင်းတင်လိုက်တယ်နော်)


သူတို့ရဲ့ ထူးဆန်းတဲ့နာမည်တွေနဲ့ ပေါင်းစပ်ထားမှုတွေအပြင် တဦးချင်းစီရဲ့ အကောင်းဆုံးလက်နက်တွေကို ငွေတွေနဲ့ပေါက်ဝယ်နိုင်တာတွေကိုတွေ့ရတော့ ကျူးကျူးတခဏတွေးကြည့်လိုက်ပြီး  သူမလိုကစားသမားလေးနဲ့ ကစားလည်းအဆင်ပြေမယ်လို့ထင်တာကြောင့် သူမချက်ချင်းပဲလက်ခံလိုက်သည်။

ကျူးကျူး ။ " မင်းတို့ငါ့ကိုခေါ်ချင်တာသေချာလား?   ငါ့စကေးတွေက ပုံမှန်ပဲနော်"

စက္ကန့်အနည်းငယ်ကြာပြီးနောက် အသင်းခေါင်းဆောင်ဟာ စကားလုံးတွေကို ခြွေတာသလိုမျိုး " အင်း " တလုံးတည်းပို့လာသည်။

(ခေါင်းဆောင်နာမည်က နို့ချဉ်လို့ပြန်ရေးထားလို့ နို့ချဉ်လို့ပဲ ပြောင်းဖတ်ပေးကြပါ)

ကျူးကျူးဟာ နို့ချဉ်ဆိုတဲ့နာမည်နဲ့ တခြားသူတွေကို စကားပြောတဲ့ပုံစံကို ကြည့်ပြီး ရုတ်တရက် ချန်ကျမ်းကို တွေးမိသွားသည်။ တခဏအတွင်း အဲဒီအတွေးကို သူမဖျောက်လိုက်သည်။ ' ချန်ကျမ်းဘယ်တုန်းကမှ သူဒီလိုမျိုး အပြိုင်အဆိုင်ပြင်းတဲ့မိုဘိုင်းဂိမ်းတွေကို ကြိုက်တယ်လို့မပြောဘူးသလို အခုလိုမျိုး သူ့လက်ထိထားတဲ့ အခြေအနေနဲ့ ဘယ်လိုကစားလို့ရမှာလဲ'

ဒီဂိမ်းရဲ့ အရှုပ်ထွေးဆုံးနဲ့ ကြောက်စရာအကောင်းဆုံးအပိုင်းက လှုပ်ရှားမှုအများကြီးနဲ့ စကေးတွေတပုံကြီးထုတ်သုံးရတာပါပဲ။ ဒီဟာက ကျူးကျူးကို ခေါင်းရှုပ်ပြီး အတွေးများစေသည်။ ဒါက ကျူးကျူးကို ဂိမ်းကို အကျွမ်းတဝင်ဖြစ်ရန် ရက်အနည်းငယ်လောက်ကုန်သွားစေသည်။

လူအများကြီးဟာ နံပါတ်အသစ်တွေနဲ့ဖြစ်ပြီး ကြည့်ရတာ သူတို့ကအုပ်စုလိုက်ကစားရတဲ့ တာဝန်တွေကို ကစားချင်ပုံပေါ်သည်။ ဘာလို့လဲဆိုတော့ သူတို့တွေမှာကိုယ်ပိုင်စွမ်းရည်တွေမလုံလောက်သေးပဲ လူပြည့်အောင်ပဲ ID ပေါ်ကနေ တွေ့တဲ့လူတွေကို ဆွဲခေါ်တတ်ကြသည်။

ကျူးကျူးက သူမတခါမှ ကွန်ပြူတာဆုကိုမရဘူးသေး‌ကြောင်းတွေးလိုက်သည်။ အသင်းလေးထဲက လူတိုင်းဟာ အသစ်တွေဖြစ်ပြီး မဲနိုက်နိုင်မဲ့ အခွင့်အရေးဟာ လုံးဝမရှိသလောက်နည်းပါးပေသည်။ ဒါပေမဲ့လည်း တယောက်ယောက်နဲ့အတူတူဆော့ရတာကြောင့် ကျူးကျူးဟာ ပျော်နေသည်။

နို့ချဉ် ။"  စတော့"

ဖက်ထုပ်လောက်အရသာရှိတာမရှိဘူး ။ " မရီးလေး စလိုက်တော့"

တခြားနှစ်ယောက်က ဘဲဥပုံတွေပို့လိုက်သည်။

{ဖက်ထုပ်လောက်အရသာရှိတာမရှိဘူးဟာ ခေါင်းဆောင်ဆီကနေ ဘမ်းခံလိုက်ရပါသည်။}

ကျူးကျူး ။ "????"

သူမရုတ်တရက် တဖက်လူရဲ့နာမည်ကို အခုမှနားလည်လိုက်သည်။ ' အချစ်ကဖက်ထုပ်လောက်မကောင်းဘူးပေါ့ ငါတယောက်တည်းမိန်းကလေးဖြစ်နေတာကြောင့် ငါကမရီးဖြစ်သွားတယ်ပေါ့ '  ကျူးကျူးအနည်းငယ်ဒေါသထွက်သွားသည်။ အဲဒီစာကြောင်းက တွေးကြည့်ဖို့တောင်မကောင်းပေ။ တကယ်လို့ခေါင်းဆောင်သာ မြန်မြန်မဘမ်းလိုက်ရင် ကျူးကျူးသေချာပေါက်အသင်းထဲက ထွက်သွားမှာပဲ။

ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်းWhere stories live. Discover now