'ဘယ်လိုတောင်ချစ်စရာကောင်းတဲ့မိန်းကလေးလဲ' တုနွမ်တောင် အနည်းငယ်ငေးမောမိသွားသည်။ ဒါပေမဲ့ သူချက်ချင်းပဲ သတိရသွားသည်။ '---ခဏလေး၊ နေပါဦး၊ သူဌေးက သူတခါမှ မတွေ့ဖူးတဲ့ မိန်းမတယောက်ကိုစိုက်ကြည့်နေတယ်ပေါ့?'
"ဘယ်ကိုကြည့်နေတာလဲ?" ကျောင်းဖန်စိတ်ဝင်တစားမေးလိုက်သည်။
အဲဒီစကားထွက်လာတာနဲ့အန်ရူဟာ သူမနှုတ်ခမ်းကိုဖိကိုက်လိုက်ပြီး နွေးထွေးစွာပြုံးလိုက်ကာ "အဆင်ပြေပါတယ်"
တုနွမ် ။ "?" 'မစ္စစ်အန်တယောက် ပိုလို့ ကလူတဲ့ပုံစံဖြစ်နေပါလား'
ချန်ကျမ်းက မျက်နှာသေပုံစံနဲ့ ဆက်ရှိနေတာကြောင့် တုနွမ်ဟာ သူ့မျက်နှာကို ထိလိုက်ပြီး သွားဖြဲလိုက်ကာ ပြောလိုက်သည်။ "ဒါဆိုရင် အရင်ဆုံးစားကြတာပေါ့၊ စားပြီးမှပဲ ဆက်ပြောကြမယ်"
ဇူးမာ သက်ပြင်းအနည်းငယ်ချလိုက်သည်။ သူ့အမူအရာက တောင့်တင်းသွားပြီး သူတခါမှ မကြုံဖူးတဲ့ တင်းအားက သူ့ကိုယ်သူမထိန်းချုပ်နိုင်သလိုဖြစ်စေသည်။ သူ ခါးသက်သက်နဲ့ရယ်မိတော့မလို့ပေ။ 'နှစ်ဆယ်ကျော်အရွယ်လူတွေက လူငယ်တယောက်လို မရင့်ကျက်သေးတာ အမှန်ပဲ။ ဒါကြောင့် သူတို့က ငါ့ကို အရည်အချင်းမပြည့်သေးဘူးလို့ စဉ်းစားတာ မဆန်းပါဘူး'
ဝိုင်နီနဲ့တွဲဖက်ပြီး အစားအစာတွေထွက်လာပြီး ချဉ်စပ်စပ်စွပ်ပြုတ်က လျှာဖျားမှာစွဲကျန်ရစ်ပြီး စားချင်စိတ်ကို ဖြစ်စေသည်။
ဟင်းပွဲအများစုက ချန်ကျမ်းရှေ့မှာရှိနေပြီး ကျန်သူတွေကတော့ နည်းနည်းပဲရှိလေသည်။ သူတို့ရဲ့ပုံမှန်လိုဖြစ်နေတဲ့ အမူအရာတွေက ဇူးမာကို သံသယဖြစ်စေသည်။
ချန်ကျမ်းအနည်းငယ်မြည်းကြည့်လိုက်ပြီး ခေါင်းငုံ့ကာ မက်ဆေ့တစောင်ပို့လိုက်သည်။
"အမဲသားကင်က သိပ်မနူးညံ့ဘူး၊ ကျန်တာတွေက တော့ လက်ခံလို့ရတယ်"
မျက်နှာချင်းဆိုင်တဘက်ခြမ်းမှာထိုင်နေတဲ့ကျူးကျူးဟာ ဖုန်းကမက်ဆေ့သံကို ကြားပြီးဖွင့်ကြည့်လိုက်တော့ ချန်ကျမ်းရဲ့အစမရှိ အဆုံးမရှိ မက်ဆေ့ကို တွေ့လိုက်ရသည်။ သူမအနည်းငယ်ကြောင်သွားပြီး မေးလိုက်သည်။ "နင် အနောက်တိုင်းစာစားနေတာလား?"
ချန်ကျမ်း ။ "အင်း"
"ဘယ်ဆိုင်လဲ? အရသာရှိရင် နောက်တခါ ငါတို့အတူတူသွားစားလို့ရတာပဲ"
ချန်ကျမ်းအဖြေက အလွန်မြန်သည်။ အပေါ်ထပ်နေရာက အရမ်းကောင်းတာပဲလို့ ကျူးကျူးတွေးနေလိုက်သည်။ သူမဝိုင်နီကို သောက်လျက် မက်ဆေ့ကို ဖွင့်ကြည့်လိုက်သည်။ ရုတ်တရက် ကြောက်ရွံ့သွားသည်။ ဝိုင်နီက အသက်ရှုလမ်းကြောင်းထဲဝင်သွားတာကြောင့် သူမပါးစပ်ကို ပိတ်ကာ အဆက်မပြတ်ချောင်းဆိုးသွားပြီး မျက်ရည်တွေတောင် ထွက်လာသည်။
'အမေရေ!! ချန်ကျမ်းက ငါနဲ့စားသောက်ဆိုင်တဆိုင်ထဲမှာရောက်နေတာလား?!!!'
ကျူးကျူး ချောင်းဆိုးသံကြောင့် တဖက်က တုနွမ်တို့အုပ်စုဟာ လှည့်ကြည့်မိသွားသည်။ တိုက်တိုက်ဆိုင်ဆိုင် ကျူးကျူးကလည်း ချန်ကျမ်းကို ကြည့်မိသွားတော့ ချန်ကျမ်းရဲ့ ပင်လယ်လို နက်ရှိုင်းနေတဲ့ မျက်ဝန်းတစုံနဲ့ ဆုံမိသွားတော့ အလွန်ရှက်မိသွားသည်။
သူ့လက်ကို ကြက်ခြေခတ်ထားပြီး ဖုန်းကို လက်တဖက်နဲ့ကိုင်ထားပြီး အနည်းငယ်တို့လိုက်သည်။
ကျူးကျူးဖုန်းကို မရဲတရဲ ဖွင့်ကြည့်လိုက်သည်။
ချန်ကျမ်း ။ "တယောက်တည်းစားနေရတာ ပျော်လား?"
ကျူးကျူး ။ "......"
'အစတုန်းကတော့ သေချာပေါက်ပျော်တာပေါ့!! အခုတော့ နည်းနည်းပဲ!! မဟုတ်ဘူး!! လုံးဝမပျော်တော့ဘူး!!'
ကျူးကျူးအသွင်အပြင်ဟာ အန်ရူကို သေချာပေါက်ကျော်လွန်သည်။ သူမရှက်စရာကောင်းအောင် ချောင်းဆိုးနေပေမဲ့လည်း သူမရဲ့ကိုယ်ရောင်ကိုယ်ဝါ ကိုဖုန်းကွယ်မထားနိုင်ပေ။ တုနွမ်အကြည့်လွှဲလိုက်ပြီး ပြောလိုက်သည်။ "ဘယ်လိုတောင် လှတဲ့ မိန်းကလေးလဲ"

DU LIEST GERADE
ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်း
Humorရွမ်ကျူးကျူးတယောက် အရင်ဘ၀က အမျိုးသမီးဇာတ်လိုက်မရရှိခဲ့တဲ့ ငယ်ချစ်ဦးဆိုတဲ့ rebirth novel ထဲကို ကူးပြောင်းရောက်ရှိလာခဲ့တယ်။ ဇာတ်ကြောင်းမှာ ငယ်ချစ်ဦးဖြစ်တဲ့ ချန်ကျမ်းဟာ ရုပ်ချောပေမဲ့ အောင်မြင်မှုဘာမှမရှိတဲ့ အသုံးမကျတဲ့ ဇာတ်ကောင်တခု ဖြစ်တယ်။ သူ့ရဲ့ အေး...