ကျူးကျူးဟာ မုန်တိုင်းမလာခင် တည်ငြိမ်နေတဲ့ လေပြည်လို အရိပ်အယောင်ကို သူ့မျက်နှာပေါ်မှာတွေ့လိုက်ရသည်။
"ဟေး"
"နင့်အမေက မိန်းကလေးတွေကို ကြမ်းကြမ်းတမ်းတမ်းမဆက်ဆံရဘူးလို့ မသင်ပေးလိုက်ဘူးလား။"
အဲလိုပြောပြီးပြီးချင်း အိပ်ရာပေါ်လဲနေတဲ့ အမျိုးသမီးဟာ ခြေကိုမြှောက်ပြီး သူ့ရဲ့အရေးကြီးတဲ့ နေရာကို ကန်လိုက်တော့သည်။ သူ့အမူအရာဟာ ချက်ချင်းအမဲရောင်ပြောင်းသွားပြီး အရေးကြီးတဲ့နေရာကိုကိုင်ရင်း ကြမ်းပေါ်ဒူးထောက်ပြီး ပုဇွန်တုပ်လို ကွေးနေတော့သည်။
ကျူးကျူးဟာ ပိုက်ဆံအိတ်နဲ့ ကုတ်အင်္ကျီကို ကောက်ယူလိုက်ပြီး အိတ်ထဲကနေ ငွေအမြောက်အမြားထုတ်ယူလိုက်ပြီး သူ့ဆီလွှင့်ပစ်လိုက်လေသည်။
"နင့်အတွက် ဆေးဖိုးငွေ ၊ မလောက်ရင် Alipay နဲ့ လွှဲလိုက်မယ်"
( Alipay က တရုတ်သုံး ငွေလွှဲတဲ့ app ထင်တယ်)
"မင်း!!!!!"
ညနေခင်းမှာ ကောင်းကင်ဟာ မှင်ရောင်သန်းနေပြီး အေးစက်တဲ့မိုးဟာ သည်းကြီးမဲကြီးရွာသွန်းနေလေသည်။
ကျူးကျူးဟာ ဟိုတယ်တံခါးအပြင်ဘက်မှာ ရပ်နေပြီး သူမစကပ်ရဲ့ အလဲ့အပြောင်တွေဟာ ဟိုတယ်တံခါးမှာ ရောင်ပြန်နေတာကြောင့် သူမနားမှာရှိတဲ့ ယောကျာင်္းတွေဟာ တောက်ပြောင်နေတဲ့ သူမကို ဝိုင်းကြည့်နေကြလေသည်။ ဒါကြောင့် သူမဟာ ကုတ်အင်္ကျီမှ ကြယ်သီးတွေအကုန်တပ်လိုက်မှသာ ရောင်ပြန်နေတာတွေ ပျောက်သွားတော့သည်။
သူမဖုန်းထဲကနေ အိမ်လိမ်စာကို ရှာလိုက်ပြီးတော့ အောင်မြင်စွာနဲ့ taxi ငှားလိုက်လေသည်။
အိမ်လိမ်စာဟာ ဟိုတယ်ကနေ မဝေးတာကြောင့် ကျူးကျူးဟာ ကားနောက်ခြမ်းမှာ ထိုင်ရင်း ဘာဆက်လုပ်ရမလဲ တွေးနေလိုက်သည်။ သေမင်းခံတွင်းကနေ လွတ်လာတာကြောင့် ခေါင်းရှုပ်နေပေမဲ့လည်း သူမကိုသူမ စိတ်တည်ငြိမ်အောင် အရင်ဆုံးလုပ်ရပေမည်။
ရုတ်တရက် စာအုပ်ထဲ ကူးပြောင်းလာတာကြောင့် ဘယ်နေ့ကိုကူးပြောင်းလာမှန်း အတိအကျမသိတာကြောင့် သူမစိတ်ကို ပြင်ဆင်ထားဖို့ လိုလေသည်။
ရှားရုံဟာ ဖုန်းမက်ဆေ့တွေ တခုပြီး တခုဆက်တိုက်ပို့နေပေမဲ့လည်း ကျူးကျူးဟာ သူ့ကိုဂရုမစိုက်ပဲ လစ်လျူရှုထားလိုက်တော့သည်။
ကားဆရာဟာ ထောင့်ကိုချိုးရင်းနဲ့ " ရောက်ပြီ"
တကယ်ပဲ စာအုပ်မှာရေးထားတဲ့ အတိုင်း ချန်ကျမ်းဟာ အခြားစာအုပ်တွေထဲက ဇာတ်လိုက်တွေလို ချမ်းသာမနေလေဘူး။ အိမ်ဟာ မြို့ထဲမှာ တည်ရှိပြီး ကားလမ်းကလည်း အဆင်ပြေနေပေမဲ့ နေရာကောင်းတော့ မဟုတ်လေဘူး။
ရပ်ကွက်ဟာ အနည်းဆုံး ဆယ်နှစ်အထက်ရှိနေပြီး အဆောက်အအုံဟာလည်း အသစ်မဟုတ်ပေ။ ကံကောင်းတာက ပတ်ဝန်းကျင်ဟာ အဆင်ပြေနေပေသည်။
မိုးဟာ ဆက်လက်ရွာလျက်ရှိနေပြီး ကျူးကျူးဟာ ငွေကိုလုံးဝဂရုမစိုက်ပဲ သူမရဲ့ LV အိတ်ကို ထီးအနေနဲ့ သုံးလိုက်သည်။
အဲဒီတခဏမှာ သူမရဲ့ မိတ်ကပ်တဝက်တပျက်ရုပ်နဲ့ လမ်းသွားလမ်းလာတွေကို မခြောက်လှန့်ချင်ပေ။
အိတ်ထဲမှာ သော့တစုံရှိနေလေသည်။ ကံကောင်းတာက သော့ဟာ ပေါင်းဖွင့်ရတဲ့သော့မဟုတ်တာကြောင့် သူမသက်ပြင်းချမိလိုက်သည်။ မဟုတ်ရင်တော့ သူမမှာ သွားစရာနေရာ ရှိမှာမဟုတ်ပေ။
YOU ARE READING
ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်း
Humorရွမ်ကျူးကျူးတယောက် အရင်ဘ၀က အမျိုးသမီးဇာတ်လိုက်မရရှိခဲ့တဲ့ ငယ်ချစ်ဦးဆိုတဲ့ rebirth novel ထဲကို ကူးပြောင်းရောက်ရှိလာခဲ့တယ်။ ဇာတ်ကြောင်းမှာ ငယ်ချစ်ဦးဖြစ်တဲ့ ချန်ကျမ်းဟာ ရုပ်ချောပေမဲ့ အောင်မြင်မှုဘာမှမရှိတဲ့ အသုံးမကျတဲ့ ဇာတ်ကောင်တခု ဖြစ်တယ်။ သူ့ရဲ့ အေး...