ဂိမ်းဟာ တဖန် မီးစိမ်းလင်းလာသည်။
ကျူးကျူးလိုင်းပေါ်တက်လာချင်းချင်း လိုင်းပေါ်ကသူငယ်ချင်းအများအပြားကို တွေ့လိုက်ရပြီး သူတို့ကိုဂိမ်းအတူကစားဖို့ဖိတ်ခေါ်လိုက်သည်။
Dumbledore လေး ။ " မြင်းစီးဓားသမားလိုသေးတယ်၊ ဘယ်သူပါဦးမလဲ?"
ပိုင်လုံမန် ။ "ငါတယောက်ခေါ်လိုက်မယ်၊ ခဏစောင့်"
ပိုင်လုံမန်အတွက် ကျူးကျူးနဲ့သီးသန့် chat ရန် အချိန်သိပ်မယူလိုက်ရပေ။
ပိုင်လုံမန် ။ "အစ်မကျူး၊ နတ်ဘုရားက သူ့မှာအချိန်ရှိတယ်တဲ့၊ အဆင်ပြေလား?"
ကျူးကျူးခဏတွေးလိုက်သည်။ ဒီတခေါက်လည်း သူမငြင်းလိုက်တယ်။ ဒါပေမဲ့ အကုန်လုံးစုဝေးနေကြတာကြောင့် ဘာဖြစ်နေမှန်းသူမမသိပေ။ 'ဇူးမာမကစားရင် သူမတို့ကြားတခုခုရှိသလိုမျိုး ထင်နေလိမ့်မယ်။ နှစ်ယောက်တည်းသီးသန့်စကားမပြောရင် အဆင်ပြေမှာပါ'
ကျူးကျူး ။ "အင်း၊ ကောင်းပြီလေ"
ပိုင်လုံမန် ။ "ကောင်းလိုက်တာ!"
မြေပုံငယ်လေးရဲ့ထူးဆန်းမှုဟာ တိုက်ခိုက်ရတာ တဖြည်းဖြည်းခက်လာသည်။ ကျူးကျူးကတော့ အကုန်လုံးနောက်ကနေ လိမ်လိမ်မာမာနဲ့ အကုန်လုံးကိုအချိန်မှီသွေးထောက်ပံ့ပေးရန် လိုက်နေသည်။ နတ်ဘုရားဟာ အသံဖွင့်ဘိုက်ပြီး အကုန်လုံးကို ခဏနေရင် ဘယ်လိုတိုက်ခိုက်ရမလဲ ညွှန်ကြားနေသည်။ သူ့အသံကအရမ်းကောင်းပြီး သြရှပြီး နူးညံ့သည်။
အကုန်လုံး အသံဖွင့်လိုက်ကြသည်။
ပိုင်လုံမန်က အသံနဲ့ပြောလိုက်သည်။ "အစ်မကျူး၊ အစ်မလည်းလာလေ"
ကျူးကျူး ။ "ဟင့်အင်း၊ ငါ့အသံကမကောင်းဘူး"
ပိုင်လုံမန် ။ ဘယ်လောက်တောင်ဆိုးလို့လဲ"
ကျူးကျူး ။ "နင်ငါ့ကို block ချင်သွားလောက်အောင်အထိ"
ဇူးမာရယ်လိုက်တာကြောင့် အသင်းထဲက fan တွေကို အော်ဟစ်သွားစေသည်။ "နတ်ဘုရားရေ၊ ရှင့်အသံကအရမ်းကောင်းတာပဲ"
ကျူးကျူးမကြားချင်ယောင်ဆောင်နေလိုက်သည်။
ဂိမ်းတလျှောက်မှာ ဇူးမာဟာ အသင်းကိုတည်ငြိမ်စွာဦးဆောင်သွားသည်။ မုရမ်က သွေးကုန်သွားတာကြောင့် သူမသွေးလ်ုက်ဖြည့်ပေးရင်းဇူးမာ အမိန့်ပေးရင်း အကောင်တွေသတ်ခိုင်းနေတာကို ကြည့်နေလိုက်သည်။ နောက်ဆုံးခုတ်ချက်က သတ္တဝါကောင်ကို လုံးဝသေသွားစေသည်။
'ကောင်မလေးတွေ နတ်ဘုရားကို ကြိုက်ကြတာမဆန်းဘူးပဲ။ အခုချိန်မှာ ဇူးမာက အရမ်းမိုက်နေတာကိုတော့ လက်ခံရမယ်။'
တချို့ပစ္စည်းတွေ ကျိုးကုန်ပြီး ပိုင်လုံမန်ဟာ စိတ်အားထက်သန်စွာနဲ့ ကျူးကျူးကို အကူအညီတောင်းသည်။ ကျူးကျူးက သူမရဲ့ RMB ပစ္စည်းတွေက ဒါတွေထက်ပိုကောင်းတယ်လို့တွေးလိုက်သည်။ သူမလက်စွပ်ကိုထုတ်ယူလိုက်ပြီးသူတို့နောက်ကလိုက်ကာ မြေပုံကထွက်လိုက်သည်။
ကျူးကျူးလိုင်းပေါ်က ဆင်းရန်လုပ်လိုက်သည်။
Dumbledore လေး ။ "နောက်တပွဲ နှစ်ပွဲလောက် ဆော့ကြရအောင်၊ နည်းပညာလည်းကောင်းပြီး ထောက်ပံ့တဲ့သူရော မိန်းကလေးရော ဖြစ်ပေမဲ့ ဘာပြသာနာမရှာတဲ့သူက ရှားတယ်"
အသင်းနဲ့မကစားခင်တုန်းကဆိုရင် အဆင်ပြေတယ်။ တချို့ကျောက်စိမ်းနတ်ဘုရားတွေက ကစားတာညုံ့ပေမဲ့ အဆဲမခံရပေ။ ကောင်းတဲ့ပစ္စည်းတွေရလာရင်လည်း သူတို့ရဲ့ကိုကိုတွေကို ချစ်စရာကောင်းအောင်လုပ်ပြနေသည်။ သူ့လိုမျိုး ဂိမ်းကိုပဲကြိုက်တဲ့ ယောင်္ကျားတယောက်အတွက်တော့ အဲလိုမိန်းကလေးတွေကို အမြင်ကပ်ပေမဲ့ သူ့အသင်းသားတွေကတော့ အဲဒါတွေကို ပျော်မြူးနေကြတာပါပဲ။
သူ စိတ်ဓာတ်ကျပြီး မသေရုံတမယ်ပဲ။ '
နှိုင်းယှဉ်ကြည့်လိုက်ရင် စကားနည်းပြီး
အားကိုးရတဲ့ အစ်မကျူးကတကယ်ကောင်းတယ်လို့ ရုတ်တရက်ခံစားလာရသလိုပဲ'
ကျူးကျူး ။ "ချီးကျူးပေးလို့ ကျေးဇူးပါ"
![](https://img.wattpad.com/cover/286624410-288-k813980.jpg)
KAMU SEDANG MEMBACA
ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်း
Humorရွမ်ကျူးကျူးတယောက် အရင်ဘ၀က အမျိုးသမီးဇာတ်လိုက်မရရှိခဲ့တဲ့ ငယ်ချစ်ဦးဆိုတဲ့ rebirth novel ထဲကို ကူးပြောင်းရောက်ရှိလာခဲ့တယ်။ ဇာတ်ကြောင်းမှာ ငယ်ချစ်ဦးဖြစ်တဲ့ ချန်ကျမ်းဟာ ရုပ်ချောပေမဲ့ အောင်မြင်မှုဘာမှမရှိတဲ့ အသုံးမကျတဲ့ ဇာတ်ကောင်တခု ဖြစ်တယ်။ သူ့ရဲ့ အေး...