Chapter 34(Unicode)

4.4K 463 3
                                    

ကျူးကျူးဟာ တွေးရင်းတွေးရင်းနဲ့ စိတ်ထဲမှာ အနည်းငယ်စိတ်တိုလာသည်။

'အဖေက ဘယ်လိုလုပ်သားကို ဒီလိုမျိုးပြောနေနိုင်ရတာလဲ? ဒါက ချန်ကျမ်းအတွက် တရားရဲ့လား?'

'သူ သူ့သားကို မိသားစုဝင်လိုမျိုး ချစ်ခင်ပေးရမှာမဟုတ်ဘူးလား'

ကျူးကျူးဟာ အသက်တရှိုက်ရှုလိုက်ပြီး တခုခုပြောရန်ဆုံးဖြတ်လိုက်သည်။ " ကျွန်မ...."

"ငါဗိုက်ဆာနေပြီ" ချန်ကျမ်းဟာ ခေါင်းတောင်မော့မကြည့်ပဲနဲ့ သူမကို ဖြတ်ပြောလိုက်သည်။ လေထုဟာ နွေးထွေးနေပြီး "menu  သွားယူပေး"

"........"

ကျူးကျူးနှုတ်ခမ်းရှုံ့လိုက်သည်။

'ငါပဲ စိတ်ထင်နေလို့လားမသိဘူး ငါပြောချင်နေတာကို ချန်ကျမ်းသိနေသလိုပဲ။ အချိန်ကိုက်ဖြတ်ပြောလိုက်သလိုပဲ' သူမသက်ပြင်းချလိုက်ပြီး ဆိုလိုချင်တာကို နားလည်လိုက်သည်။' တခုခုပြောလိုက်တာက ပိုထူးဆန်းနေအုန်းမယ်၊ ငါစိတ်ရှည်ရှည်နဲ့ အခြေအနေကို စောင့်ကြည့်နေရမှာပဲ '

ချန်ကျမ်းရဲ့ဘယ်လက်ဟာ ထိခိုက်ထားတာကြောင့် အနောက်တိုင်းအစားအစာကို စားရမှာ အဆင်မပြေပေ။ ဇွန်းခရင်းတွေ ပန်းကန်ပြားပေါ်ပြုတ်ကျပြီး အသံထွက်နေရင် စားရတာအဆင်မပြေပေ။ အစားအစားအနည်းငယ်ဖြုန်းတီးတာလောက်ကိုတော့ အဖေချန်ဟာ မမြင်ချင်ယောင်ဆောင်ထားပြီး မျက်နှာထားတည်ထားသည်။

ထမင်းစားပြီးနောက်မှာ ကျူးကျူးဟာ အပ်ပေါ်မှာထိုင်နေရသလိုမျိုးခံစားနေရသည်။ ဘာအကြောင်းအရာကိုပြောရမှန်းမသိတာကြော်င့် ရှက်နေပြီး ပြောလိုက်ရင်လည်း သူတို့အကြောင်းတွေဖော်မိသွားမှာ စိုးရိမ်နေသည်။

'အစားအသောက်က မဆိုးပါဘူး။ ဒါပေမယ့် နည်းနည်းလေးပဲ။ အိမ်ပြန်ရောက်မှ ခေါက်ဆွဲတခွက်လောက် ပြုတ်စားရမယ်'

ရုတ်တရက် သူမရဲ့ခြေချောင်းတွေ အကန်ခံလိုက်ရသည်။

ကျူးကျူးကြောင်သွားပြီး မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ ကြူဝေကို ကြည့်လိုက်သည်။ သူမကိုယ်သူမ သေချာဂရုစိုက်ထားတာကြောင့် သူမဟာ တင့်တယ်နေသည်။ ကျူးကျူးရဲ့အံ့ဩနေတဲ့အကြည့်အောက်မှာပဲ ပြောလိုက်သည်။ "ငါမိတ်ကပ်သွားပြင်မလို့ လိုက်မလား?"

ကျူးကျူးဟာ သူမလက်ထဲက ဇွန်းခရင်းကို ညှစ်မိလိုက်သည်။ အခြေအနေက သူမတွေးသလို ရိုးရှင်းပုံမရပေ။ 

သူမခေါင်းညိတ်လိုက်ပြီး အိတ်ကိုကောက်ယူလိုက်သည်။ "ကောင်းပြီလေ"

.....

သန့်စင်ခန်းသူမရောက်သွားချိန်မှာတော့ ကြူဝေဟာ သူမမျက်နှာကို ချက်ချင်းပြောင်းလိုက်သည်။ နှုတ်ခမ်းထောင့်က အပြုံးဟာအေးစက်နေသည်။ သူမမျက်လုံးတွေဟာ အဆိပ်လိုမျိုးပဲ ကျူးကျူးကို အေးစက်စွာနဲ့ စိုက်ကြည့်နေသည်။  "နင်ဘာဖြစ်နေတာလဲ? နင်မကွာရှင်းဘူးဆိုရင် စျေးနှုန်းတိုးမြှင့်ဖို့ ငါ့ဆီကနေ တောင်းချင်နေတာလား?"

ကျူးကျူးတခဏကြောင်သွားပြီး တဖက်လူဘာပြောချင်နေတာလဲဆိုတာကို သဘောပေါက်လိုက်သည်။

'ငါ့အထင်အရဆိုရင် နဂိုပိုင်ရှင်ကွာရှင်းတာက မိထွေးနဲ့သက်ဆိုင်နေတာလား?'




ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်းWhere stories live. Discover now