Chapter 72 (Unicode)

3.3K 399 3
                                    

သူတို့တွေ့လိုက်ရတာကတော့ ပြန်တောင်မတိုက်နိုင်ပဲ အရိုက်ခံလိုက်ရတဲ့ ချန်ယုအိမ်ရာနဲ့ ဆက်တိုက်ကျဆင်းသွားတဲ့ သူ့ရဲ့သွေးတန်းနဲ့အတူ ရှုုံးနိမ့်သွားတဲ့ ချန်ယုအိမ်ရာကိုပဲ တွေ့လိုက်ရသည်။ ချန်ယုအိမ်ရာဟာ တကြိမ်ပြီးတကြိမ် အရိုက်ခံရပြီး မြေပြင်ပေါ်ကို ပြင်းထန်စွာပြုတ်ကျသွားသည်။

ရှီကျန်ယွဲ့အနားမှာ အနက်ရောင်နဲ့ ရွှေရောင်မီးတောက်တွေ ဝိုင်းရံနေပြီး သေမင်းတပါးလိုဖြစ်နေသည်။ သူဟာ အသက်မဲ့စွာ လဲလျောင်းနေတဲ့ချန်ယုအိမ်ရာကို ခံစားချက်မဲ့စွာ ရပ်ပြီးကြည့်နေသည်။

{ဒုတိယပွဲစဉ်၊ ရှီကျန်ယွဲ့၊ နိုင်သည်!}

Wow---

ပရိသတ်တွေအကုန်လုံး ဆွံ့အကုန်တော့သည်။ အကြာကြီး တိတ်ဆိတ်သွားပြီးနောက် ပြသာနာတခုပဲ ရှိလေသည်။

'အခုလေးတင် ဘာဖြစ်သွားတာလဲ?'

"ငါ....ငါ တရားဝင် ပြန်ပြပေးဖို့ကို တောင်းဆိုလို့ရမလား...."

"ကျေးဇူးပြုပြီး ၀.၅ အမြန်နှုန်းနဲ့ ပြပေးကြပါ!"

"ဘုရားရေ၊ ငါကန်းသွားလို့လား?"

"သေချာတွေ့လိုက်ရတဲ့ တယောက်ယောက်လောက် ရှင်းပြပေးကြပါ၊ အကိုတို့ အစ်မတို့ရေ!"

သူတို့အကုန်လုံး ဝမ်းနည်းနေတဲ့မျက်နှာနဲ့ တည်ငြိမ်နေတဲ့ ရှီကျန်ယွဲ့ကို ကြည့်လိုက်ကြသည်။ ချန်ယုအိမ်ရာဟာ အသတ်ခံလိုက်ရပြီး အသံနဲ့အတူ ပျောက်သွားသည်။ ဘယ်သူမှ တခွန်းမှ မပြောရဲကြပြီး  Live လွှင့်နေတဲ့ Acc ရဲ့ပိုင်ရှင်တောင် ကြောင်အနေပြီး ဘာပြောရမှန်းမသိဖြစ်နေလေသည်။

တယောက်ယောက်က ပို့စ်တခုတင်လိုက်သည်။

{ဒုတိယပွဲစဉ်၊ ရှီကျန်ယွဲ့ က ချန်ယုအိမ်ရာကို နိုင်သွားတယ်!}

အဲဒီပို့စ်ထွက်လာချင်းချင်း အကုန်လုံးရဲ့ခံစားချက်တွေကို သိမ်းပိုက်လိုက်သည်။ ကွင်းထဲကနေ ပြန်ထွက်လာတဲ့ ကစားသမားတွေဟာ ကြောင်အနေသည်။ နောက်တော့မှ နောင်တရပြီး ဘာဖြစ်သွားတာလဲ လိုက်မေးကြတော့သည်။ ဒါပေမဲ့ မိနစ်အနည်းငယ်အတွင်း မှာ လူသိန်းပေါင်း သောင်းပေါင်းများစွာ ဝင်ကြည့်ကြတာကြောင့် ဂိမ်းစနစ်တောင် ပျက်လုနီးပါးဖြစ်သွားသည်။

ဇူးမာဟာ အံ့အားသင့်နေသည်။ 'ဒီလိုတိကျတဲ့ အလျင်နဲ့ ရင်းနှီးနေတဲ့စကေး....မဖြစ်နိုင်ဘူး၊ အဲလူဖြစ်စရာအကြောင်းမရှိဘူး'

'အဲဒီလူရဲ့ဂုဏ်သိက္ခာနဲ့ဆိုရင် ဘယ်လိုလုပ် ဒီလိုဂိမ်းမျိုးကိုလာပြီး သူ့ကို Pk လုပ်မှာလဲ?  မြို့ထဲမှာ တယောက်မှမသိတဲ့ ဆရာကြီးတွေ အများကြီးပဲ။ အဲထဲက တယောက်ဖြစ်မှာပါ'

သူ့ကြွက်သားတွေဟာ  တောင့်တင်းပြီး တော့ တခဏရပ်တန့်သွားသည်။ 'တဖက်လူရဲ့အမြန်နှုန်းက ငါလိုက်လို့မမှီလိုက်အောင် ထက်မြတယ်၊ ဒီပုံစံအတိုင်းဆက်သွားရင် ငါ တပုံစံတည်းရှုုံးမှာပဲ!'

'ဒါပေမဲ့လည်း အချိန်တိုအတွင်း ငါဘာဆက်လုပ်ရမလဲ?'

ထင်မြင်ချက်တွေရောထွေးနေတုန်း ကျူးကျူးဟာ ချန်ကျမ်းရဲ့လုပ်ဆောင်ချက်တွေကို မနှောင့်ယှက်ချင်တာကြောင့် ပြိုင်ပွဲပြီးမှာကိုပဲစောင့်နိုင်ပြီး ဘာဖြစ်သွားတာလဲဆိုတာကို သိသွားတော့သည်။ အခုတော့ နှိုင်နှုန်းက ၁ အချိုး ၁ ဖြစ်နေတာကြောင့် ဘယ်သူနိုင်မှာလဲဆိုတာ မခန့်မှန်းနိုင်ပေ။

ပွဲကြည့်သူတွေဟာ ပေါက်ကွဲတော့မတတ်စိတ်လှုပ်ရှားနေကြပြီး နောက်ထပ်တပွဲကို ကြည့်ရန် မစောင့်နိုင်တော့ပေ။

စနစ်က အသံထွက်လာသည်။ {တတိယပွဲစဉ်၊ စပြီ!}

ချန်ယုအိမ်ရာဟာ စနစ်က အသံထွက်လာချင်း သူ့ရဲ့ အကောင်းဆုံးတိုက်ခိုက်မှုကို သုံးလိုက်ပေမဲ့လည်း ရှီကျန်ယွဲ့အတွက်တော့ နှေးနေသေးသည်။ ဘယ်လောက်ထိဆိုရင် ပြစ်ချက်တွေတပုံကြီးနဲ့ ခုခံစရာတောာင်မလိုသည့်အထိပေ။ သူဟာ ခံစားချက်မရှိတဲ့ စစ်လက်နက်တခုလို ချန်ယုအိမ်ရာကို သနားညင်သာမှုမရှိ ပဲ တိုက်ရိုက်ချေမွလိုက်သည်။

ချန်ယုအိမ်ရာဟာ မြေပြင်ပေါ်ကို ကိုင်ပေါက်ခံလိုက်ရသည်။!!

ချန်ယုအိမ်ရာ ထပ်ပြီးတော့ မြေပြင်ပေါ်ဖိနှိပ်ခံလိုက်ရပြီ!!။


ဒုတိယဇာတ်လိုက်ရဲ့ ဇနီးဟောင်းအဖြစ်သို့ ကူးပြောင်းလာခြင်းWhere stories live. Discover now